လမ်းတစ်လျှောက်လုံးနှောင်းဇေကခေါင်းသာငုတ်၍လာခဲ့သည် သူ့လက်ကိုဆွဲရင်းအရှေ့ကသွားနေတဲ့သူရဲ့ကျောပြင်ကျယ်ကြီးကိုငေးရင်းစိတ်မကောင်းဖြစ်နေရသည် အင်္ဂုလိမာလသုတ်ကိုပိုင်ပိုင်နိုင်နိုင်ရွှတ်ဆိုနိုင်ခဲ့တဲ့လူကတစ်ချိန်မှာရင်သွေးလေးတွက်ကြိုတင်များပြင်ဆင်ထားခဲ့သည်လား ဒီလိုသာဆိုသူလုပ်ပေးနိုင်တာတစ်နည်းသာရှိတော့သည် ခြေလှမ်းများကိုရပ်လိုက်သည် တွဲထားသောလက်တွေကိုဖြုတ်တော့ ထန်ရိုင်းစေကစောင်းငဲ့ကြည့်လာသည်..
" အချစ် ဘာဖြစ်လို့လည်း "
"ခင်ဗျာ ကလေးလိုချင်လား "
သူ့အမေးကြောင့်ထန်ရိုင်းစေမျက်ဝန်းတို့ကိုမှေးကာကြည့်သည် ပြီးသောခေါင်းတဆတ်ဆတ်ညိမ့်ကာ
"အရင်ကတော့လိုချင်တယ် ခုမလိုချင်တော့ဘူး
"ဘာလို့လည်း ဘာလို့ မယူချင်တော့လည်း "
"မလိုချင်တော့လို့ပေါ့ "
"ကျုပ်တို့ကလေးယူရအောင်"
တစ်ခါလောက်တော့ထိုလူ့၏ဆန္ဒကိုဖြည့်စည်းပေးချင်မိသည် ဒါကမလွယ်ကူမှန်းသိနေတောင်မှပေါ့
"ပေါက်ကရမပြောနဲ့တော့ လာအိမ်ပြန်မယ်"
ထပ်မံတွဲချိတ်လာသော လက်များကိုသူဖယ်ရှောင်မိသည်
"ဒီခတ်ကြီးမှာ နည်းပညာဒီလောက်တိုးတက်နေတာ ကျုပ်တို့အငှားကိုယ်ဝန်ဆောင်ခိုင်းလို့ရနေတာပဲ "
"အဲ့လိုမျိုးတွေ ကိုယ်မလိုချင်ဘူး "
နှောင်းဇေခနတွေဝေသွားသည်
"ဒါဆို ကျုပ်လွယ်လို့ရတာပဲ သန္ဓေထည့်..
"ခွင့်မပြုဘူး."
"ခင်ဗျာကို ကလေးလေးပေးချင်.
" ကိုယ်မလိုချင်ဘူးပြောနေတယ်လေ!
နှောင်းဇေကိုယ်လေးမှအနောက်သို့အနည်းငယ်ဆုတ်သွားသည်
အငှားကိုယ်ဝန်ဆောင်ဖို့တောင်ခွင့်မပြုတာကို ကိုယ်တောင်မွေးဖို့ဘယ်လိုများတွေးလိုက်ရသည်လည်း
" အငှားကိုယ်ဝန်လည်းမဆောင်ရဘူး အချစ်လည်းမမွေးရဘူး "
"ဒါမဲ့ "
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024