"ညိုနှောင်းဇေ မင်းမညစ်ပတ်နဲ့"
" ဟက်"
အမြင်ကတ်စရာကောင်းလှသည့် မျက်နှာပေးဖြင့် ရယ်သည်သူ၏လက်တွင်ကိုင်ထားသောငွေသား၃ထောင်ကို ထောင်ပြကာ
" အဲ့တော့ မင်းက ပြန်လိုချင်တာလား"
တဖက်လူကလဲ တရှူးရှုးတရှဲရှဲဖြင့် နှာမူတ်နေတာ နွားသိုးကြီးတစ်ကောင်အတိုင်း
" ပြန်လိုချင်တာမဟုတ်ဘူးကွ ငါဟာငါပြန်ယူနေတာ"
"ဟေ့ကောင် မင်းရူံးလို့ လောင်းကြေးအတိုင်းယူတာလေ "
ဒီစကားကတော့ ညိုနှောင်းဇေ ပြောတာမဟုတ် သူ၏သူငယ်ချင်း
ဘိုကျား ပြောလိုက်တာဖြစ်သည်" ဟေ့ကောင် ၃ပွဲဆော့ရမာလေ ခုက၂ပွဲပဲရှိသေးတာ "
"နောက်တပွဲလည်း ငါတို့နိုင်မာပဲလေ "
" ကဲပါ ဘိုကျားရာ ဒီလိုကောင်တွေနဲ့ ရန်ဖြစ်မနေနဲ့ ရော့ဒီ၃ထောင်ကိုယူပြီး ထန်းရည်တောကစောင့်နေ "
ဘိုကျား ဆိုသည့်သူက ညိုနှောင်းဇေ ကမ်းပေးလာသောငွေအား မိူရသည့်မျက်နှာဖြင့် ယူကာ
" ဟိုကောင် မဲကျော် ကိုပါ ဝင်ခေါ်လိုက်မယ် မင်းမြန်မြန်တော့လိုက်လာ "
ညိုနှောင်းဇေ ဘိုကျားကို လက်သာဝေ့ရမ်းပြလိုက်သည် ထို့နောက် အရှေ့က နွားသိုးကြီးအား ပေတေတေ ကြည့်ကာ
" လှဇော် လှဇော် မင်းဟာက ဘယ်နခါခံရခံရ စောက်မှတ်ကိုမရှိပါလား"
" ငါလည်း နိုင်မယ်ထင်လို့ပေါ့ကွ"
" ဟား ဟား မင်းကလား ကဲပြော မင်းငါ့ကို ခုရွယ်ထိနိုင်ဖူးတာမျိုးရှိလား "
ဒီခါ လှဇော် ပြန်မခွေ့ရဲ ငယ်ငယ်ထဲကပြိုင်ခဲ့တာမှန်ပေမဲ့ သူညိုနှောင်းဇေ ကို ခုချိန်ထိ တစ်ခါလေးများတောင် နိုင်သည်မရှိခဲ့
" မနိုင်ရင် နိုင်ရာ မဲပေါ့ကွာ "
"ခွပ်"
လှဇော်စကားဆုံးသည်နဲ့ ဝင်လာသည့် လက်သီးတစ်ချက် အငိုက်မိသွားတာမို့ ညိုနှောင်းဇေ ပါးတစ်ဖက်ပူထူသွားရသည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024