မိုးဝေရီဝေလင်းချိန်ထဲက ထန်ရိုင်းစေ တစ်ယောက် ရွာထဲရှိအိမ်သို့ ထပြန်လာခဲ့သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသူကိုတော့ မနိုးရက်လို့ ပါးလေးတစ်ချက်နမ်းကာ ထားခဲရတော့သည် မနက်စောစောချိန်မို့ ရွာလမ်းတွင် ယာထဲဆင်းကြသူ အနည်းငယ်သာရှိသည် အညာဆောင်းတွင်းလေးမို့ အေးစိမ့်စိမ့်လေးဖြစ်နေသည်
" ဟေ့ ထန်ရိုင်းစေ ဒီချိန်ကြီး ဘယ်ကပြန်လာတာတုန်း "
ထန်းတောဘက်သို့ရောက်တော့ ထန်းရည်စစ်နေသည့်ပုံပေါ်သည့် ကိုကြီးစံသာက သူ့အား လှမ်းအော်ကာမေးသည်
" ယာတဲကပြန်လာတာ အစ်ကို "
" ကြည့်ရတာ ယာထဲမှာ မဂ်လာသွားဦးခဲ့တာမလား "
"ဟာ အစ်ကိုကလည်း မဟုတ်ပါဘူး "
"ရှက်မနေပါနဲ့ကွာ အေးလေ အိမ်မှာလည်း လူကြီးတွေရှိနေတော့ဘယ်လွှတ်လပ်မလည်း နော့ "
ထန်ရိုင်းစေတစ်ယောက် သူခိုးလူမိသလိုမျိုးဖြစ်ကာ ရှက်ကိုးရှက်ကန်းနဲ့သာ ထွက်လာရတော့သည် အွန်း နှောင်းဇေ လည်း ပြန်လာရင် ခုလိုအစခံနေရရင် ဘယ်လိုနေမလည်း
" အ့ ရိုင်း "
ကိုယ်အတွေးနဲ့ကိုမို့ အရှေ့တွင် လျှောက်လာနေသော နန်းသီရိ ကိုမမြင်မိပဲ ဝင်တိုက်မိတော့သည်
" အရှေ့လေး ဘာလေးကြည့်ပြီး လျှောက်ပါအုန်း "
"အေးပါ နည်းနည်း အတွေးလွန်သွားလို့ ဒါနဲ့ နင်ကဘယ်လည်း "
" ရွက်နု တို့ ယက်ကန်းရက်တဲ့ဆီကိုသွားမလို့ "
"နင်က လုပ်တက်လို့လား "
" မတက်ပါဘူး ဟိုစပ်စုဒီစပ်စုပေါ့
နန်းသီရိ က စကားသာပြောနေတာ မျက်လုံးတွေကတော့ ထန်ရိုင်းစေ ရဲ့ နောက်ကျောဘက်ကိုသာ မျှော်မျှော်ကြည့်နေသည်
ဟင်း...ဆိုတဲ့ သက်ပြင်းချသံနှင့်အတူ နန်းသီရိ နဖူးပြင်ဟာ လက်တစုံဖြင့် ထိတောက်ခြင်းကိုခံလိုက်ရသည်"အား..နာတယ်ဟ "
" ဘာမျှော်နေတာလည်းငါသိတယ် သီရိ "
" ဘယ်မှာလည်း အဆို မထနိုင်တော့တာ တော့မဟုတ်လောက်ဘူးမလား "
" သီရိ နင်ဟာလေ မိန်းကလေးဖြစ်ပြီး အဲ့တာတွေစဥ်းစားစရာလား သွားတော့ ကိုယ့်လမ်းကို "
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024