" ဒီဆောင်း ဘယ်တော့များမှ ကုန်မှာလည်းနော် နေလည်မှာတောင်အေးနေသေး ငီး..."
ဘိုကျားက ထန်းရည်ခွက်ကိုမော့သောက်ကာ ပြောတော့ နှောင်းဇေ က ဟက် ခနဲရယ်သည် ဒီပုံရဆို ဘိုကျား တို့ ရေမချိုးတာ ဘယ်နရက်ရှိပြီးလည်းဆိုတာ သိနိုင်ပြီးလေ
" နှောင်းဇေ ပုတ်နံ့ရသလိုပဲနော် "
" ဟေ့ကောင် မဲကျော် ငါရေမချိုးတာ တရက်ပဲရှိသေးတာ အဲ့လောက်မပိုနဲ "
" မချိုးတာကို မချိုးတာပဲလေ "
ဘိုကျား က မဲကျော်စားနေတဲ့ မြေပဲလှော်ပန်းကန်ကိုဆွဲယူလိုက်သည်
" ဒါနဲ့ မင်းယောကျာ်းကော "
"အိမ်မှာ ငါ့အမေကို ဝိုင်းကူနေတယ် "
"ဝိုးးး... "
" ငါ့ကောင်ကြီး လင် ပိုင်ချက်ကတော့ဟေ "
နှောင်းဇေ က အကျီကော်လံကို လက်ဖြင့်ကိုင်ကာ မျက်ခုံးများကိုပင့်ပြသည်
"နှောင်းဇေ "
"ဘာလဲကွာ "
"မင်းပြောတော့ မင်းယောကျာ်းက ဝိုင်းကူနေတယ်ဆို "
"အေးလေ "
"ဘာအေးလေ လည်း ဟိုမှာကြည့်အုန်း "
မဲကျော်က နှောင်းဇေ ကို ခေါင်းကနေဆွဲလှည့်ကာ လမ်းဘက်သို့ပြလိုက်တော့ သူမျက်လုံးများက အံသြမူများဖြင့် ပြူးကျယ်သွားရသည်
" ထန်ရိုင်းစေ "
ထန်ရိုင်းစေ က ဦးမင်းညိုလက်ဆွဲဖြစ်သော လေးဂွကို ကိုင်ကာ သူတို့ဆီလျှောက်လာနေသည် သူတို့ဝိုင်းနားရောက်တော့ လေးဂွကို ဘုန်းကနဲ ပစ်ချကာ နှောင်းဇေဘေးတွင် ဝင်ထိုင်ကာ ပုခုံးပေည်သို့ မှီချလိုက်သည်
" အချစ် မနက်ထဲက ထွက်သွားတာ ဒီကောင်ကြီးကလွမ်းနေပြီး "
" ီး ကိုအချစ်လား ထန်ရိုင်းစေ ခင်ဗျာနော် လာမစနဲ့ "
" လင်မယားအချင်းချင်းကို စ စရာလား "
"ခင်ဗျာ ဘာဖြစ်နေတာလည်း "
" ကဲ အချစ်စမ်းမယ်ဆိုလည်း ကိုယ့်အိမ်ကိုပြန်ပြီးစမ်းရုံမကလို့ ချပါချကြ "
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanficကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024