Part 24 ( Zaw)

828 19 0
                                    

ဘာလိုလိုနဲ့သူတို့လက်ထပ်ထားတာ လအတော်ကြာခဲ့ပြီးဖြစ်သည် နေ့တိုင်းသူစိတ်ဆိုးလို့ထန်ရိုင်းစေလိုက်ချော့နေသေးသည် တခါတလေဆို အဘလေးဂွစာကြောင့် သူကပြေး ထန်ရိုင်းစေကလိုက်ကာပေးခဲ့ရတာတွေလည်းရှိဖူးသည်

" အဘနော်လို့ "

"ကလေးမုန့်ပူဆာသလိုလုပ်မနေနဲ့ ဒါကချက်ချင်းလုပ်လို့ပြီးတာမဟုတ်ဘူးကွ "

"အဘကလည်း ဖြည်းဖြည်းချင်းလုပ်သွားလည်းရတာပဲ"

"ယော ဒီကောင်လေးမလည်း ဇွတ်ပါပဲလား "

"မင်းယောကျာ်းကသဘောတူလား သူသဘောတူရင်လုပ်ပေးမယ်"

"ဟားဟားဒါဆိုအဘလုပ်ပေးမယ်စီစဉ်လိုက်တော့ ထန်ရိုင်းစေကကျွန်တော်စကားတစ်ခွန်းပဲဗျ "

လင်ပိုင်တယ်ဆိုတဲ့အပြုံးနဲ့ဂုဏ်ယူနေတဲ့သူကို ဦးမင်းညိုကခေါင်းကိုနာနာလေးကြွေးလိုက်သည်

"အား.အဘ နာတယ်ဗျ "

"ညိုနှောင်းဇေ ညိုနှောင်းဇေ မင်းထန်ရိုင်းစေလေးကိုတအားမနိုင်စားမနေနဲ့အုန်း ဟိုကပစ်သွားမှဖြင့် "

"အဘနော် "

မျက်နှာဆူကာအဘကိုခပ်စူစူလေးပြောလိုက်တော့ အဘကအော်ကာရယ်သည်

"ဒီသားအဘတွေဘာတွေများသဘောကျနေကြတာလည်း"

"ဟ လူစုံတက်စုံပါလား "

"လူစုံတက်စုံဆိုဒိနေ့နှောင်းဇေတို့အိမ်စဆောက်မဲ့နေ့လေအဘရ ဒါကြောင့်ကူဖို့လူစုပြီးလာခဲ့ကြတာ"

ထိုခါမှဦးမင်းညိုကခေါင်းလေးငြိမ့်ရင်းပါးစပ်ထဲကဝါးနေသောကွမ်းကိုဘေးရှိထွေးအင်ထဲထွေးကာထည့်လိုက်သည်

"ဒါဆိုနေမမြင့်ခင်စလုပ်ကြတာပေါ့ ထန်ရိုင်းစေကောအိမ်မာမတွေ့ပါလား "

"အဘသမက်က ဆရာတော်ကျောင်းကိုဆွမ်းပို့တာလိုက်သွားလေရဲ့"

"အေးကောင်းရော ယောကျာ်းဖြစ်သူကမအေကိုဝိုင်းကူ မိန်းမလုပ်သူကအိမ်မှာထိုင်စား"

နှောင်းဇေကရယ်ကာ လာကူတဲ့လူတွေနဲ့အတူ အဘတို့ခြံဝိုင်းရဲ့ခြေရင်းဘက်ကိုထွက်လာလိုက်သည် ခြံကကျယ်တဲ့ထဲပါမို့ခြံဝိုင်းအသစ်ဝယ်မနေတော့ပဲ ဘေးမှာပဲနှစ်ယောက်စာအိမ်လေးဆောက်ဖြစ်သည် ချထားသောအုတ်များသစ်သားများကိုကြည့်ကာသူသက်ပြင်းချလိုက်သည် ဘယ်ကနေဘယ်လိုစကိုင်ရမလည်း

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now