Part 13 ( Zaw)

1K 23 1
                                    

" တစ်ချို့လူတွေများနော် မချစ်ဘူး မချစ်ဘူး နဲ့ အနမ်းတွေတောင်ဇွတ်ပေးတာဟေ့ "

အဲ့ညက ကိစ္စ ကို ဘိုကျား တို့ကတော့ ခုထိစလို့ကောင်းတုန်းပင် ခုလည်း ယာထဲ မြေပဲစွတ်နေသည့် မသီတာ တို့ကြားထဲမှာမှ ထပြောလာသည်

" ဟဲ့ ဘိုကျား နင့်အဲ့တာကို ရောက်ထဲက တဖွဖွပြောနေတာ ဘယ်သူကိုစောင်းပြောနေတာလည်း "

" တို့ရွာက ချစ်လူမိုက်ကြီး ကိုလေဗျာ "

" ချစ်လူမိုက် "

မသီတာက သူ့ဖော်တွေဘက်လှည့်ကာ မျက်စပစ်ပြသည် အဓိပ္ပာယ် က သူမသိလို့ ဘယ်သူလည်းပေါ့

" ဟိုကောင် စောက်စကားပဲများမနေနဲ့ စွတ်ပြီးတဲ့ ပဲတွေ ဒီယူလာ "

နှောင်းဇေ က မသီတာတို့နားထိုင်ကာ လေပေါနေသော ဘိုကျားကို မျက်နှာကြီးစူပုတ်ကာ ပြောသည်

" လာပါပြီး ကိုယ့်ချစ်လူမိုက်ကြီး ရေ "

" ဟယ် နှောင်းဇေလေးကိုပြောတာပေါ့ "

မသီတာက နှောင်းဇေကို ကြည့်ကာ ပြုံးစိစိလေး လုပ်ပြသည်

"နှောင်းဇေ ပြောစမ်း ငါ့မောင်က ဘယ်သူကိုသွားနမ်းလိုက်တာလည်း "

"ဟာ မသီတာကလည်း ကျွန်တော် က ဘာလို့နမ်းရမှာလည်း"

"ဟယ် ဟိုမှာက ဒီလောက်ပြောနေတာ "

"မနမ်းပါဘူးဆိုဗျာ "

" ဟယ် ဒါကရှက်သွားတာလား "

"မသီတာတို့နော် တော်ပြီး ကူမလုပ်တော့ဘူး"

နှောင်းဇေ မြေပဲတောင်းများကို ပစ်ချကာ ယာထဲမှထွက်လာသည်

" ပါးလေးနမ်းမိတာ ဘာများဖြစ်လို့လည်း နူတ်လမ်းလေးနမ်း

နှောင်းဇေ သူနူတ်ခမ်းကို ကိုင်ကာ စကားများရပ်တန့်သွားခဲ့သည်

"ဟင် သူတို့ သူတို့က "

---------

" အီးဟီး.. "

ထန်းတော ဘက်မှ ငိုသံတွေက အဆတ်မပြတ် ထွက်လာခဲ့သည်

"တော်ပါတော့ ညိုနှောင်းဇေ ရာ မင်းဝင်လာထဲကငိုနေတာ မမောသေးဘူးလား"

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now