" ဘယ်ချိန်ထဲကလည်း"
ဦးမင်းညိုက အရှေ့တွင်ထိုင်နေကြသော သူ၏သားရင်းပမာချစ်ရသည့်မဲကျော်ကိုမေးသည် ပြန်ဖြေဖို့ဆိုင်းငံ့နေတာကြောင့် ဦးမင်းညိုသက်ပြင်းအသာချလိုက်သည်
" ကြာနေလောက်ပြီးပဲ "
"အဘ "
"အဘနားလည်တယ်မဲကျော် မင်းတို့စောစောစီးစီးပြောရင်ဘာလုပ်သင့်လည်းဆိုတာစဥ်းစားထားလို့ရတာပေါ့ "
"အဘကလည်း ခုစီစဥ်လည်းရတာပဲ "
နှောင်းဇေကဦးမင်းညိုစကားကိုဖြတ်ကာပြောသည်
"မင်းပဲစီစဥ်လိုက်ပါလား ညိုနှောင်းဇေ "
"ဟာ အဘကလည်း မလုပ်တက်လို့အဘကိုပြောနေရတာလေ "
"ဒါဆိုလည်း မင်းပါးစပ်ပိတ်ပြီးအသာနေ "
ဦးမင်းညိုကသူ၏အောရှသောအသံဖြင့်ဆူကာငေါက်တော့ ခေါင်းလေးပုဝင်သွားသည် ထန်ရိုင်းစေကထိုဖြစ်စဥ်ကိုကြည့်ရင်းပြုံးနေလေသည်
"ထက်ယံပိုင် "
"ဗျာ အဘ "
"ငါ့တူဘာဆက်လုပ်ဖို့တွေးထားလည်း "
ထက်ယံပိုင်ကဘေးတွင်သူအား မျှော်လင့်တကြီးကြည့်နေသော မဲကျော်၏မျက်ဝန်းများကိုပြန်လည်ကြည့်သည် ထိုနောက် တိကျသောအပြုံးများဖြင့်သူပြုံးသည်
"ကျွန်တော် သူ့ကိုချစ်တယ် "
".."
" နောက်ပြီး သူ့ကိုထားပြီး ဒီရွာကထွက်သွားမှာမဟုတ်ဘူး "
"ဒါဆိုရှင်းနေပြီးလေ ဟိုမင်းအမေ ဒေါ်ရွှေဇင်မြိုင်ကခုပြန်သွားပြီးလား "
"ပြန်သွားပြီး အဘ "
"ဒီကောင်ကိုခေါ်လို့မရလို့ ငိုယိုပြီးပြန်သွားလေရဲ့ "
ကိုခန့်က ထက်ယံပိုင်ကိုမျက်စပြစ်ပြကာစနေတော့သည်
"ကိုခန့် အဲ့လိုမပြောပါနဲ့ အစ်ကိုစိတ်ပြောင်းပြီးပြန်သွားမှဖြင့်"
မဲကျော်ကထက်ယံပိုင်လက်မောင်းကိုတွဲချိန်ကာဆူပုတ်ပုတ်လေးပြောတော့ အားလုံးဝိုင်းကရယ်ကြသည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024