"ညိုနှောင်းဇေ မဲကျော် ဘိုကျား "
ခေါင်းသုံးလုံးချင်းပူးလျက် တီတိုးပြောနေသောသူတို့နားကို ရွက်နု ရောက်လာကာ စကားဝိုင်းထဲဝင်လာသည်
" နင်တို့ဘာတွေပြောနေကြတာလဲ "
" သိချင်လား "
" အွန်းအွန်း"
ရွက်နု က အားပါးတရ ခေါင်းငြိမ့်ပြတော့ ညိုနှောင်းဇေ က အကဲခတ်သလိုကြည့်ကာ
" မဲကျော် ဖြစ်ပါ့မလား ဒီဟာမလေးကလွယ်တာမဟုတ်ဘူး"
" နှောင်းဇေ နင်ကလဲ ငါလည်းနင်တို့သူငယ်ချင်းပဲကို ခုလိုကြီးရှောင်ဖယ်တာတော့ မကောင်းပါဘူးတော်"
" ငါပြောတာသေးသေးလေး အဲ့လောက်ချဲ့ကားမနေနဲ့"
" ကယ် တော်ကြပါတော့ ရွက်နု လာငါပြောပြမယ်"
ဘိုကျား က ရွက်နု ကိုသူနဲ့ မဲကျော်ကြားထားကာ သူတို့တိုင်ပင်နေကြသည့်ကိစ္စကို ပြောပြလိုက်တော့ ရွက်နု မျက်နှာက ပြုံးဖီးဖီး
" ဟဲ့ ဖြစ်ပါ့မလား အဘမင်းညို သိရင် ငါတို့ကိုသတ်နေမှဖြင့် "
" မသတ်အောင်လုပ်မာပေါ့ ကွ"
ညိုနှောင်းဇေ ကသူ၏မေးဖျားကိုပွတ်ကာ လူယုတ်မာပြုံးတစ်ချက်ပြုံးလိုက်သည်
" ညိုနှောင်းဇေ ကြံရင် ဘယ်ကောင်မှ မခံနိုင်ဘူး ဟက်"
သူမသိသည်က ထိုအကြံကို သူတို့အနောက်ဘက်မာရှိတဲ့ တယောက်သောသူကြားသွားသည်ကိုပင်
____
" ဘာကွ အဲ့အညာသားကလား"
ထက်ယံပိုင် ဆိုသည့် ထန်ရိုင်းစေ သူငယ်ချင်းတစ်ယောက်က မျက်လုံးများပြူးကာဆိုလာသည်
" အေး ဟုတ်တယ် ငါကိုယ်တိုင်ကြားလာတာ"
" ဟေ့ကောင် ထန်ရိုင်းစေ မင်းဟာက အဆိုးလေးပဲ"
လှော်ထားတဲ့မြေပဲဆံများကို လက်တစုပ်ခုပ်စားရင်း ထန်ရိုင်းစေ ပြုံးလိုက်မိသည် ကိုခန့် က မင်းဟာလေးလို့ ပြောတိုင်း သူသဘောကျရသည်မှာအမော
" ငါ့ဟာလေးကဘာဖြစ်လဲ "
ထက်ယံပိုင် က ကိုခန့် ကိုခေါင်းခါပြသည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024