မောင် ထန်ရိုင်းစေ
နှင့်
မောင် ညိုနှောင်းဇေတို့၏ မဂ်လာဧည်ခံပွဲ ဆိုတဲ့ ဆိုင်းဘုတ်ပြားကို သူ့မှာကြည့်လို့မဝဖြစ်နေရသည် လိုအပ်တာတွေဝိုင်းကူပေးရင်းနဲ့ သတိရတဲ့ခါ ပြေးပြေးကြည့်နေရသေးသည်မှာလည်းအမော ဒီနေ့ အလုပ်ကိုင်မို့ အားလုံးကအလုပ်ကိုယ်စီနဲ့ မအားလျက်ရှိနေကြသည် ဦးမင်းညို နှင့် သူကြီး ဘညွှန့်တို့က ရွာထိတ်တွင် ဦးစေမိုး အား ကြိုစောင့်နှင့်နေကြသည် ဒေါ်မူယာ ကတော့ အိုးသူကြီးအဖွဲ့များနှင့် မီးဖိုချောင်အနောက်ဘက်တွင် ဝိုင်းကူနေရသည် မဲကျော် ဘိုကျား ထက်ယံပိုင် ကိုခန့် နှင့် ရွာရှိ တခြားကာလသား တစ်ချို့ကတော့ မဂ်လာအခန်းနားတွက်ပြင်ဆင်နေရတော့သည်
" မဲကျော် ကိုထက်ယံပိုင် ဆီက အရှေ့မှာထားမဲ့ ဖဲပြားကြိုးတွေ ယူပေးအုန်း "
ဘိုကျား က ခုံမြင့်တစ်ခုပေါ်တွင် မတ်တပ်ရပ်ကာ ဆိုင်းဘုတ်ဘေးတွင် ဖဲပြား ချည်ရန် ပြောလိုက်သည်..
" အစ်ကို ဖဲပြားကြိုးလေး "
"အော် အစ်ကို့ ယူလာဖို့မေ့နေတာ ပစ္စည်းတွေထားတဲ့နေရာမှာ မဲကျော် အစ်ကို့ အနောက်ကလိုက်ယူလို့ ရတယ်မလား "
" လိုက်ယူဆိုလည်း မြန်မြန်သွားယူ ဟေ့ရောင် ငါဒီမှာ ချည်ဖို့ တန်းလန်းကြီး "
"အေး ငါလိုက်ယူ လိုက်အုန်းမယ် "
မဲကျော် ထက်ယံပိုင် ကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည် ဒီလူ ဉာဏ်နီဉာဏ်နက် တွေ တအားသုံးတက်လွန်းနေသည် လေ
ပစ္စည်းတွေထည့်ထားသည့် စပါးစေ့ပုတ်က ရွက်နုတို့ အပျိုတသိုက်ချက်ပြုတ်နေကြသည့် နေရာနှင့် အနီးတွင်ရှိနေသည် အသီးအရွက်တွေဆေးထားသော ရေဇလုံကို ကိုင်ကာ ထိုနေရာဘက်သို့ ရွက်နု တစ်ယောက် ရေသွန်ရန်ထွက်လာခဲ့သည်
ရွှတ်..ရွှတ်
နားထဲဝင်လာသော အသံကြောင့် ရွက်နု ခြေလမ်းတွေက ရပ်တန့်သွားသည်
" ဘာသံတွေလည်း "
" အွမ်း.."
"ဒီကလား ဘယ်သူရှိလည်း "
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024