အိမ်တွင်နေရသည်မှအထီးကျန်နေသည်မို့စိတ်ပြေလက်ပျောက်ဖြစ်အောင် ရွာထဲသို့လမ်းလျှောက်ထွက်လာလိုက်သည် အိမ်မှာနေရင်းလည်းဟိုလူကိုပဲမြင်ယောင်နေသည်မို့အဆင်မပြေလှ
မဲကျော်တို့ကဒီချိန်ယာထဲဆင်းနေလောက်သည်မို့ ရွက်နုတို့အိမ်ကိုသာလာခဲ့လိုက်သည်"နှောင်းဇေလေး ဘယ်တုန်း "
မမိခိုင်ကတောင်းကြီးရွက်ကာယာထဲဆင်းဖို့ထင်သည်
" ရွက်နုဆီသွားမလို့ မမိခိုင်ကော ယာထဲကိုလား."
"ဟုတ်တယ် သီတာတို့ယာထဲမှာပဲစွတ်ဖို့ခေါ်ထားတာလေ ဒါနဲ့ ထန်ရိုင်းစေကောပြန်လာပြီးလား ဟိုနေ့ကရွာထိပ်မှာတွေ့တာ အထုတ်ကြီးပိုက်လို့ မြို့ခနပြန်တာဆိုပဲ "
ပြသာနာတွေကိုမသိသောမမိခိုင်ကာရယ်ရင်းမောရင်းပြောနေတော့သည် သူလည်းအလိုက်တသိပြုံးကာ
"ပြန်မလာသေးဘူးဗျ ကြာအုန်းမယ်ထင်တယ် "
"ဟေ ဟုတ်လား ငါတို့နှောင်းဇေတော့ လွမ်းနေပြီးထင်တယ် "
မလွမ်းဘူးလို့ပြောရင်းညှာရာကျအုန်းမည်
"ဟာ မမိခိုင်ကြီးနော်"
"ရှက်မနေပါနဲ့ လွမ်းရင်လွမ်းတယ်ပေါ့ "
"တော်ပြီးဗျာ ရွက်နုဆီပဲသွားတော့မယ် "
နှောင်းဇေကရှက်ကိုးရှက်ကန်းဖြင့်ထွက်ပြေးသွားသည် မမိခိုက်ကတော့ အနောက်ကနေတောင်းကြီးရွက်ကာရယ်ရင်းကျန်ခဲ့သည်
ရွက်နုတို့အိမ်ရောက်တော့ ခြံထဲအရင်မဝင်သေးပဲအပေါက်ဝနားကနေအသာချောင်းကြည့်လိုက်သည် ရွက်နုမက အိမ်ရှေ့မန်းကျည်းပင်အောက်တွင်ဗိုက်ကြီးတကာကာနဲ့ထိုင်နေသည် လှဇော်ကတော့ ရွက်နုအရှေ့ရှိထင်းများကိုပေါက်စိန်တလတ်ဖြင့်ထိုင်ကာခွဲနေတော့သည် ကြည့်တာနဲ့တင် အဆင်ပြေပြေရှိလှတဲ့လင်မယားတွေမှန်းတန်းသိနိုင်သည် လှဇော်ကိုကြည့်၍မရပေမဲ့လည်း ရွက်နုလင်ကောင်းသားကောင်းရတယ်ဆိုတဲ့စကားကိုတော့သူလက်ခံမိသည်"မိန်းမ ကိုယ်တို့အိမ်ရှေ့မှာမသင်္ကါစရာလူတစ်ယောက်ရောက်နေတယ်"
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024