" သူကြီး သူကြီးရေ "
သူကြီးတပည့်ဖြစ်တဲ့ ဖိုးကျော်နှင့်သူကြီးအိမ်မှာကျန်နေခဲ့သောနန်းသီရိတို့က သူတို့ဆီကိုအလောတကြီးပြေးလာနေသည်
"သူကြီး..သူကြီး "
သမီးပျောက်လို့အပူရနေတဲ့သူကြီးကဖိုးကျော်ကိုစိတ်မရှည်စွာကြည့်သည်
"ဘာလဲ အရေးမကြီးနောက်မှပြော "
"ကြီးတယ်ဗျ အစ်မရွက်နုက
"ဟင် ငါ့သမီးရွက်နုဘာဖြစ်တာလည်း "
သူကြီးဘညွှန့်ကဖိုးကျော်ပုခုံးကိုလူပ်ရမ်းကာမေးသည်..
"အစ်မရွက်နုက လင်နောက်လိုက်သွားတာတဲ့ "
ဖိုးကျော်၏စကားမှာသူတို့အားလုံးထိတ်လန့်သွားရတော့သည်အထူးသဖြင့်ထန်ရိုင်းစေ
"သေချာရဲ့လား ဖိုးကျော် မင်းကိုဘယ်သူပြောလည်း "
"သေချာတယ်အဘမင်းညို ဒီမှာအစ်မရွက်နုထားခဲ့တဲ့စာ"
ထန်ရိုင်းစေကတို့စာကိုဖိုးကျော်ရဲ့လက်ထဲကဆွဲယူလိုက်သည် စာထဲကလက်ရေးကသူရင်းနှီးပြီးသာထင်သည်
"ဒီစာကိုဘယ်သူတွေ့တာလည်း "
"ဒီက အစ်မမြို့သူ တွေ့တာ "
ထန်ရိုင်းစေက အနောက်တွင်ရပ်နေသော နန်းသီရိကိုဒေါသတကြီးကြည့်သည် နန်းသီရိကထန်ရိုင်းစေအကြည့်များကိုရှောင်ဖို့တွက်ခေါင်းသာငုတ်ထားနေမိသည် ထို့နောက်နန်းသီရိရှေ့သို့လျောက်သွားသည် သူစကားပြောဖို့ကြိုးစားပေမဲ့သူ၏လက်ကိုဆွဲလာကာ ခေါင်းအသာခါပြသော ထက်ယံပိုင်ကြောင့်စိတ်ကိုတင်းကာ တောက်စ်တစ်ချက်ကိုပြင်းပြင်းခေါက်လိုက်သည်
"စိတ်ရူပ်တယ်ကွာ "
ဆံပင်များကြားလက်တိုးဝေ့ကာသူညည်းမိသည်
" စိတ်အေးအေးထားပါကွာ ရွက်နုကလင်နောက်လိုက်သွားတယ်ပဲရေးထားတာ ဘယ်သူနဲ့ပါလို့မှမပါတာ တခြားသူနဲ့လည်းဖြစ်နိုင်တာပဲ "
ဦးမင်းညိုကလည်းထန်ရိုင်းစေပုခုံးကိုကိုင်ကာပြုံးလိုက်သည်
"နှောင်းဇေဆိုတဲ့ကောင်လေးက ဆိုးပဲဆိုးတာပါ ခုလောက်ထိတော့မရူးမိုက်ဘူးဆိုတာ အဘယုံတယ် မင်းစိတ်ပူနေသလိုဖြစ်မှာမဟုတ်ပါဘူး"
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024