"နှောင်းဇေ "
"အား ဘိုကျား ဘယ်လာတာလည်း "
"မင်းဆီပဲ "
ဘိုကျားက နှောင်းဇေထိုင်နေသော မန်းကျည်းပင်အောက်ကခုံတန်းလေးတွင်ဝင်ထိုင်လိုက်သည်
"ရော့ ပုန်းရည်ကြည်သုတ်လေးစားအုန်း"
"အွင်း အရီးသုတ်ထားတာလား ရှယ်ပဲ "
"ဟုတ်တယ် ဒါနဲ့ မင်းပဲလား "
"ဟမ်း ငါပဲလေ မင်းကဘယ်သူပါမယ်ထင်လို့"
"ဟအမ်း မထင်ပါဘူး "
အေးလေ သူကကိုထက်ယံပိုင်ကိုရွေးခြယ်ပြီးသားလို့ပြောခဲ့တာပဲ
နှောင်းဇေ၏အတွေးကို ဘိုကျားကသဘောပေါက်သည့်ထင်သည်သက်ပြင်းချကာ ပုန်းရည်ကြည်သုတ်ကိုပါ ဆက်မစားတော့ပဲရပ်လိုက်သည်" ဟင်း... မဲကျော်ငါဆီလာသွားတယ် နှောင်းဇေ "
"ဟုတ်လား "
"မင်းတို့စကားများခဲ့ကြတာလား ငါ့ကိုသူပြောတယ် မင်းစိတ်ဆိုးနေတယ်တဲ့ "
" ငါစိတ်မဆိုးပါဘူး ပြီးတော့ ငါဝင်လည်းမပါချင်တော့ဘူး "
"သူပါလာတယ် ခြံရှေ့မှာ ဝင်မလာရဲလို့တဲ့ "
" မလာရဲရင်မလာနဲ့ ပစ်ထားလိုက် "
ဘိုကျားက နှောင်းဇေလက်မောင်းကိုဖြည်းဖြည်းလေးထိုးကာရယ်သည်
"အသဲမာချင်ယောင်ဆောင်မနေပါနဲ့ကွာ ငါသွားခေါ်လိုက်မယ် ခနစောင့်"
ဘိုကျားက ပြောရင်း ပြေးထွက်သွားသည် ခနကြာတော့ မဲကျော်နှင့်အတူပြန်ဝင်လာသည် နှောင်းဇေကသူ၏အကျင့်တိုင်းနူတ်ခမ်းဆူကာ မျက်နှာလွှဲထားသည်
"အေးဆေးပြောကြအုန်း ငါအရီးမူယာကိုသွားကူလိုက်အုန်းမယ် "
ဘိုကျားကတမင်သူတို့အေးဆေးစကားပြောနိုင်ဖို့ရှောင်ထွက်လာလိုက်သည် ဘိုကျားမရှိမှသူတို့ကြားက လေကပိုအေးစက်သွားသည် နှောင်းဇေကလည်းမျက်နှာခုထိလွှဲထားတုန်းဖြစ်နေတာမို့ မဲကျော်အနေခက်လာရသည် ပြန်ထွက်သွားရင်းသူတို့ကပိုတင်းမာသွားမှာသိတာမို့ သူဘက်ကသာအလျော့ပေးဖို့သာလုပ်ရတော့သည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanficကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024