part-6 ( Uni)

4.7K 209 18
                                    

ယနေ လပြည်ညမို့ နှောင်းဇေတို့ လူငယ်အဖွဲ့က ရွာအနောက်မြောက်ဘက်မှာရှိတဲ့စိန်ပန်းပင်​အောက်တွင် လူစုံရန်ချိန်းဆိုကြသည်
အမမိခိုင်နဲ့ အရီးပိုးတီ တို့အဖွဲ့ကလည်း သူတို့ပါအတူ လာမယ်ပြောတော့ နှောင်းဇေတို့လည်းသဘောတူကာ လာရန်ခွင့်ပြုလိုက်သည် မိန်းကလေး ယောကျာ်လေးဟု၍ သူတို့ဆီမာမခွဲခြားထား
အားလုံးက မောင်နှမတွေလိုပင်နေတက်ကြသူများမို့ကြောင့်ဖြစ်မည်

" ကိုကြီးစံသာ ရေ့ "

နှောင်းဇေ ထန်းတောဘက်သို့လာကာအော်ခေါ်လိုက်သည် စံသာ ဆိုသည်မှာ ထန်းတောပိုင်ရှင်သာဖြစ်သည်

" ဟာ နှောင်းဇေ ပါလား "

" ကိုကြီးစံသာ ကျုပ်ဟိုတလောက မှာထားတဲ့ ထန်းရည်လေး ဟီး"

" အေးအေး ရပါ့ သူများတွေတောင်မရောင်းဘူး မင်းထွက်ချန်ထားတာ"

ကိုကြီးစံသာက ထန်းရည်များကို ရေသန့်ဘူးဖြင့်ထည့်ကာကမ်းပေးလာသည် အနည်းဆုံး 10ဘူးကျော်လောက်ရှိမည်

" လှည်းပေါ် ဝိုင်းကူတင်ပေးအုန်း ကိုကြီးစံသာ"

" အေးပါကွာ "

ကိုကြီးစံသာ က ထန်းရည် ဘူးများကိုလှည်းအနောက်သို့တင်ပေးလိုက်သည်

"နှောင်းဇေ ဖြည်းဖြည်းမောင်းသွားအုန်း "

ကိုကြီးစံသာ ကို ခေါင်းသာပြန်ငြိမ့်ပြကာ ထွက်လာခဲ့သည်
လပြည့်ညမို့ အတော်ကိုထိန်လင်းနေသည်
နွားကို ကြိမ်တို့မောင်းနေရာမှ သူရယ်လိုက်မိသည် ဒီည သူတို့တိုင်ပင်ထားသည့်အတိုင်း အကောင်ထည်ဖော်တော့မည်

" ဟက် အဲ့ချိန်ကျ အဘက ကြည်ဖြူပါ့တော့မလား ကြည့်ရသေးတာပေါ့ "

သူ၏အကြံစည်က ပို၍ပင် စိတ်ဝင်စားဖို့ကောင်းတော့မည်
ခုဆို စိန်ပန်းပင်ကြီးအောက်တွင် ကြက်သားကာလသားချက် နှင့် အတူ မိန်းကလေးများလုပ်ထားသည့် လက်ဖက် ပုန်းရည်ကြီးသုတ်တို့ကအဆင်သင့်ဖြစ်နေပြီးဖြစ်သည်

နှောင်းဇေ၏ တဖက်စီတွင်တော့ ထန်ရိုင်းစေ နှင့် သူငယ်ချင်းဖြစ်သူ ဘိုကျားက ဝင်ထိုင်သည် ထက်ယံပိုင်တို့ကတော့ မဲကျော်နှင့် အတူထိုင်သည် မိန်းကလေးဖွဲ့ကတော့ သူတို့၏ ဘေးဝိုင်းတွင်ထိုင်နေကာ စကားများလုရက်ပြောနေကြသည်မှာ နားတွေကွက်မတက်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now