Part 26 ( Zaw )

826 18 0
                                    

" ဘယ်ချိန်ထဲကလည်း"

ဦးမင်းညိုက အရှေ့တွင်ထိုင်နေကြသော သူ၏သားရင်းပမာချစ်ရသည့်မဲကျော်ကိုမေးသည် ပြန်ဖြေဖို့ဆိုင်းငံ့နေတာကြောင့် ဦးမင်းညိုသက်ပြင်းအသာချလိုက်သည်

" ကြာနေလောက်ပြီးပဲ "

"အဘ "

"အဘနားလည်တယ်မဲကျော် မင်းတို့စောစောစီးစီးပြောရင်ဘာလုပ်သင့်လည်းဆိုတာစဉ်းစားထားလို့ရတာပေါ့ "

"အဘကလည်း ခုစီစဉ်လည်းရတာပဲ "

နှောင်းဇေကဦးမင်းညိုစကားကိုဖြတ်ကာပြောသည်

"မင်းပဲစီစဉ်လိုက်ပါလား ညိုနှောင်းဇေ "

"ဟာ အဘကလည်း မလုပ်တက်လို့အဘကိုပြောနေရတာလေ "

"ဒါဆိုလည်း မင်းပါးစပ်ပိတ်ပြီးအသာနေ "

ဦးမင်းညိုကသူ၏အောရှသောအသံဖြင့်ဆူကာငေါက်တော့ ခေါင်းလေးပုဝင်သွားသည် ထန်ရိုင်းစေကထိုဖြစ်စဉ်ကိုကြည့်ရင်းပြုံးနေလေသည်

"ထက်ယံပိုင် "

"ဗျာ အဘ "

"ငါ့တူဘာဆက်လုပ်ဖို့တွေးထားလည်း "

ထက်ယံပိုင်ကဘေးတွင်သူအား မျှော်လင့်တကြီးကြည့်နေသော မဲကျော်၏မျက်ဝန်းများကိုပြန်လည်ကြည့်သည် ထိုနောက် တိကျသောအပြုံးများဖြင့်သူပြုံးသည်

"ကျွန်တော် သူ့ကိုချစ်တယ် "

".."

" နောက်ပြီး သူ့ကိုထားပြီး ဒီရွာကထွက်သွားမှာမဟုတ်ဘူး "

"ဒါဆိုရှင်းနေပြီးလေ ဟိုမင်းအမေ ဒေါ်ရွှေဇင်မြိုင်ကခုပြန်သွားပြီးလား "

"ပြန်သွားပြီး အဘ "

"ဒီကောင်ကိုခေါ်လို့မရလို့ ငိုယိုပြီးပြန်သွားလေရဲ့ "

ကိုခန့်က ထက်ယံပိုင်ကိုမျက်စပြစ်ပြကာစနေတော့သည်

"ကိုခန့် အဲ့လိုမပြောပါနဲ့ အစ်ကိုစိတ်ပြောင်းပြီးပြန်သွားမှဖြင့်"

မဲကျော်ကထက်ယံပိုင်လက်မောင်းကိုတွဲချိန်ကာဆူပုတ်ပုတ်လေးပြောတော့ အားလုံးဝိုင်းကရယ်ကြသည်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now