Extra

1.3K 43 2
                                    

ရန်ကုန်ဆေးရုံကြီး၌ ပြေးလွှားနေကြသော လူနှစ်ယောက်၊ ထိုသူတွေကတော့ ဦးမင်းညို နှင့် ထန်ရိုင်းစေ ပင်ဖြစ်သည် နှောင်းဇေ မွေးခန်းထဲဝင်နေချိန်တွင်း အားလုံးပြီးစီးစေရန် ဆရာဝန်က ကြိုတင်ပြင်ဆင်ထားခိုင်းခဲ့သည်မဟုတ်လား၊  ကိုခန့် ကလည်း သတင်းကြားကြားချင်းမာပင် အလုပ်တွေပစ်ပြီး ပြေးလာခဲ့သည်

" ရိုင်းစေ နှောင်းဇေအခြေနေဘယ်လိုရှိလည်း "

သူတို့ဆီအလောတကြီးပြေးလာတဲ့ ကိုခန့်က စိတ်ပူနေဟန်ဖြင့် မေးသည်၊ ထန်ရိုင်းစေကတော့ ပြန်မဖြေနိုင် လက်နှစ်ဖက်ကိုအချင်းချင်းပွတ်ကာ မွေးခန်း၏တံခါးဝအား ခေါင်းစိုက်၍ နေတော့သည် မျက်ဝန်းမှာလည်း မျက်ရည်များစိုစွတ်၍သာရှိသည်

" ဒေါ်ဒေါ်တို့လည်းမသိသေးပါဘူးကွယ် ဆရာဝန်ကြီးထွက်လာမှအခြေနေသိရမှာ "

ဒေါ်မူယာက ငိုသံစွက်စွက်ဖြင့်ဝင်ဖြေရှာသည် ရွာမှာကျန်ခဲ့သော် အပျိုကြီးအဖွဲ့က နောက်နေ့မှလာကြမည်ဖြစ်သည် သတင်းကြားကြားချင် လိုက်ချင်ကြသော်လည်း တဖက်က အလုပ်တွေနဲ့မို့ ကျန်နေရသေး ၊

အားလုံးတိတ်ဆိတ်နေခဲ့သည်မှ ငိုသံတိုးတိုးက ထန်ရိုင်းစေဆီမှ ထွက်လာ၏ ဦးမင်းညိုကလည်း ထန်ရိုင်းစေကိုနှစ်သိမ့်ပေးချင်ပေမဲ့ သူကိုယ်တိုင်က သားအပူနဲ့အတော်ခံနေသည်မလား..

" ရိုင်းစေ အဆင်ပြေမှာပါကွာ "

ထက်ယံပိုင်ကတော့ ကျောလေးပွတ်ကာ နှစ်သိမ့်ပေးရှာသည် ကိုခန့်နှင့်မဲကျော်ကတော့ ဒေါ်မူယာနားတွင် ထိုင်ကာအားပေးနေသည်

ထိုစဥ် ဆရာဝန်တစ်ယောက်က မွေးခန်းထဲမှထွက်လာသည် သူတို့အားလုံးလူပ်လူပ်ယွယွဖြစ်ကာ ထိုဆရာဝန်ရှေ့သို့ ပြေးလာကြသည်

"ဆရာ နှောင်းဇေ..နှောင်းဇေသက်သာလား အရမ်းနာနေလို့ ငိုနေလား ဆရာ..ခုကော ကျွန်တော်ဝင်လို့ရပြီးလား "

အလောတ​ကောဖြင့် အခန်းထဲဝင်ရန်လုပ်နေသော ထန်ရိုင်းစေအား ဆရာဝန်ကြီးမှာပင် ပခုံးကိုကိုင်ရင်း စိတ်လျော့ခိုင်းလိုက်ရသည်

" လူနာရှင် ထင်တယ် လူနာက မွေးပြီးပြီးပါပြီး ဒါမဲ့

စကားကို တဝက်တဖြတ်နှင့်ရပ်လိုက်တဲ့ ဆရာဝန်ကြောင့် သူတို့အားလုံး၏ စိုးရိမ်မူက အဟုန်ထိုးမြင့်တက်လာကြရသည် ဒေါ်မူယာမှာမူ ထိုင်နေရာမှထကာ ဆရာဝန်၏လက်ကိုကိုင်ကာ ရိူက်သံသဲ့သဲ့ဖြင့်မေးရှာသည်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now