part - 8 ( Uni)

4.2K 198 18
                                    

ညနေ နေဝင်ချိန်ရီရီလေးသာဖြစ်သည် စျေးမကြီးရွာရဲ့ ညနေခင်းက အတော်ပင်လှလွန်းသည် ထန်းပင်များက ရွာပြင်ပေါ်ဘက်သို့ ထိုးလို့ထောင်လို့ပင် မဲကျော် အမေဖြစ်သူကို  ဝိုင်းထဲ ကူနေရသည် သူတိူ့ သူငယ်ချင်း တွေထဲတွင် မဲကျော်က သိတက်ဆုံးကလေးဖြစ်သည် တခါတလေ လူစုံလို့ ရန်ပွဲတွေဖြစ်တက်တာကလွှဲရင်ပေါ့ အွန်း  တကယ်လည်း တခါတလေ မှပါ

"သား ပြီးရင် အဲ့ထင်းတွေကို အနောက်ကိုသယ်ပို့လိုက်နော်"

မဲကျော်လည်း အမေဖြစ်သူပြောတဲ့အတိုင်း ခွဲထားသည့်ထင်းများကို ရင်တွင်ပိုက်ကာ သယ်လိုက်သည်

"မဲကျော် "

"ဟင် ကိုထက်ယံပိုင် "

မဲကျော်ထင်းများကို နေရာတွင်ချကာ ပေကြံသွားသည် အဝတ်များကိုခါလိုက်သည်

"ကိုထက်ယံပိုင် ဘယ်လာတာလည်း"

"မင်းဆီပဲ လမ်းကြုံလို့ "

ထက်ယံပိုင် က မဲကျော်ရဲ့ ရင်ဘတ်မှာကပ်နေတဲ့ ထင်းစလေးကို ဖယ်ပေးရင်းဆိုသည် မဲကျော်က နေရခက်သလိုဖြင့် နောက်သို့ခြေတလမ်းစုတ်လိုက်မိသည် ထက်ယံပိုင် လည်း အရှက်ပြေချောင်းတချက်ဟန့်ကာ လက်များကိုအနောက်သို့ပို့ထားမိလိုက်သည်

" ဘာကိစ္စရှိလို့လဲ မသိဘူး "

ဘာကိစ္စလဲ တဲ့ မေးလာပြီး သူဖြေမတက် အိမ်မှာကျန်ခဲ့တဲ့ ရိုင်းစေ က သူ့အညာသားလေးကို အကဲပိုနေတာကြည့်ရင်း သူစိတ်မှာ အရှေ့ကကောင်လေးကို လွမ်းလာသလို ဒါကြောင့်လဲ ဘာအကြောင်းပြချက်ရယ် မရှိပဲ ထွက်လာခဲ့တာပင်ဖြစ်သည်

*ဒီတိုင်း လွမ်းလာ လို့ပဲပြောလိုက်ရင် ကောင်းမလား အိုမဖြစ်သေးပါဘူး လွမ်းရအောင် ငါတို့က ဘာတွေမို့လဲ*

"ကိုထက်ယံပိုင် အစ်ကို "

" ဗျာ.. ဗ.ျာ "

မြို့သူလေးတွေနဲ့ဆို အာသွက်လျှာသွက်နဲ့ သူမှာလည်း ဒီကောင်လေးနဲ့တွေ့မှ စကားတွေလည်း အထစ်ထစ်အငေါ့ငေါ့ဖြစ်ရပြန်သည်

"မဲကျော် "

"ဟုတ်"

"မနက်ဖြန်ည ရွာဦးက မန်းကျည်းပင်အောက်လာခဲ့ပါလား"

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now