Part 18 (Zaw)

980 18 0
                                    

" ဒီဆောင်း ဘယ်တော့များမှ ကုန်မှာလည်းနော် နေလည်မှာတောင်အေးနေသေး ငီး..."

ဘိုကျားက ထန်းရည်ခွက်ကိုမော့သောက်ကာ ပြောတော့ နှောင်းဇေ က ဟက် ခနဲရယ်သည် ဒီပုံရဆို ဘိုကျား တို့ ရေမချိုးတာ ဘယ်နရက်ရှိပြီးလည်းဆိုတာ သိနိုင်ပြီးလေ

" နှောင်းဇေ ပုတ်နံ့ရသလိုပဲနော် "

" ဟေ့ကောင် မဲကျော် ငါရေမချိုးတာ တရက်ပဲရှိသေးတာ အဲ့လောက်မပိုနဲ "

" မချိုးတာကို မချိုးတာပဲလေ "

ဘိုကျား က မဲကျော်စားနေတဲ့ မြေပဲလှော်ပန်းကန်ကိုဆွဲယူလိုက်သည်

" ဒါနဲ့ မင်းယောကျာ်းကော "

"အိမ်မှာ ငါ့အမေကို ဝိုင်းကူနေတယ် "

"ဝိုးးး... "

" ငါ့ကောင်ကြီး လင် ပိုင်ချက်ကတော့ဟေ "

နှောင်းဇေ က အကျီကော်လံကို လက်ဖြင့်ကိုင်ကာ မျက်ခုံးများကိုပင့်ပြသည်

"နှောင်းဇေ "

"ဘာလဲကွာ "

"မင်းပြောတော့ မင်းယောကျာ်းက ဝိုင်းကူနေတယ်ဆို "

"အေးလေ "

"ဘာအေးလေ လည်း ဟိုမှာကြည့်အုန်း "

မဲကျော်က နှောင်းဇေ ကို ခေါင်းကနေဆွဲလှည့်ကာ လမ်းဘက်သို့ပြလိုက်တော့ သူမျက်လုံးများက အံသြမူများဖြင့် ပြူးကျယ်သွားရသည်

" ထန်ရိုင်းစေ "

ထန်ရိုင်းစေ က ဦးမင်းညိုလက်ဆွဲဖြစ်သော လေးဂွကို ကိုင်ကာ သူတို့ဆီလျှောက်လာနေသည် သူတို့ဝိုင်းနားရောက်တော့ လေးဂွကို ဘုန်းကနဲ ပစ်ချကာ နှောင်းဇေဘေးတွင် ဝင်ထိုင်ကာ ပုခုံးပေည်သို့ မှီချလိုက်သည်

" အချစ် မနက်ထဲက ထွက်သွားတာ ဒီကောင်ကြီးကလွမ်းနေပြီး "

"ီး ကိုအချစ်လား ထန်ရိုင်းစေ ခင်ဗျာနော် လာမစနဲ့ "

" လင်မယားအချင်းချင်းကို စ စရာလား "

"ခင်ဗျာ ဘာဖြစ်နေတာလည်း "

" ကဲ အချစ်စမ်းမယ်ဆိုလည်း ကိုယ့်အိမ်ကိုပြန်ပြီးစမ်းရုံမကလို့ ချပါချကြ "

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now