Extra

2K 63 3
                                    

ရွာကိုလာလည် အညာကိုလာလည် ..ခင်ဗျာလေးကလူလည် ကျုပ်နှလုံးသားလေး အဖြူထည် ..

" ဗျို့ ကိုထန်ရိုင်းစေ ဘယ်နှဲ့တုန်း အညာသားဖြစ်ရတဲ့ခံစားချက်က "

သီချင်းလေးဆိုကာ ခြံဝိုင်းထဲ ပေါက်စိန်တလက်ဖြင့် ထင်းခွဲနေတုန်း လမ်းမဘက်က ကိုအောင်သူက လှမ်းကပြောလာ၏ ကိုအောင်သူဆိုသည်မှာ သူတို့နေအိမ် ရဲ့ အိမ်သုံးအိမ်ကျော်က လူပျိုကြီးပင်ဖြစ်သည် ယခင်နေသောအိမ်က ယောက္ခမကြီးခြံထဲမာဆိုတော့အဆင်မပြေလေ ခုတော့ တောင်ပိုင်းကခြံမာပြောင်းနေခဲ့ကြသည်

" ပြောမနေပါနဲ့တော့ဗျာ အသားရောင်ကိုသာကြည့်လိုက်ပါတော့"

ထန်ရိုင်းစေက လက်ကိုမြှောက်ပြကာဆိုတော့ ကိုအောင်သူ ကသဘောတကျရယ်တော့၏
ထိုစဥ် နှောင်းဇေက လက်ထဲတွင် ပန်းကန်တစ်ချက်ကိုကိုင်ရင်း အိမ်ထဲမှ ထွက်လာ၏

" ကိုအောင်သူ ပါလား အိမ်ထဲလာလေ "

" မလာတော့ပါဘူးကွာ လမ်းသွားရင် ထန်ရိုင်းစေကိုတွေ့လို့ လှမ်းနူတ်ဆက်လိုက်တာ "

" ကိုအောင်သူကဘယ်တုန်း "

ထန်ရိုင်းစေက ထင်းပေါက်နေတာကိုရပ်ကာ ခါးထောက်လိုက်၏

" မသီတာတို့အိမ်ကိုပါကွာ မနေ့က ပေးရမဲ့ပဲဖိုးလေးလေ အဲ့ဒါ သွားပေးမလို့"

ကိုအောင်သူအပြောကြောင့် ထန်ရိုင်းစေ ပါမက နှောင်းဇေကပါ ပြုံးစိစိဖြစ်သွားတော့သည် ဒါကိုမြင်တဲ့ ကိုအောင်သူက ခေါင်းကိုခါ လက်ကိုရမ်းကာ

" ဟေး ဟေး မင်းတို့နော် ငါက ပဲဖိုးပဲသွားပေးမှာ"

" ကိုအောင်သူကြီးက ပဲဖိုးမပေးပဲ ဘာထပ်ပေးချင်လို့တုန်းဗျ"

" ဟာ တော်ပြီးကွာ ငါသွားတော့မယ် "

ရှက်ကိုးရှက်ကန်းဖြင့် လူပျိုကြီးကိုအောင်သူမှာ လမ်းမတိုင်းပြေးထွက်သွားတော့၏ ရှက်သွားရသည်မှာကလည်း ပြီးခဲ့တဲ့ ရွာကထိန်ခင်းတုန်းက ထန်ရိုင်းစေဦးဆောင်ကာ မြို့က မိတ်ကပ်ဆရာများကိုခေါ်ပြီး ရွာက အပျိုလေးများအားပြင်ဆင်ခိုင်းကာ စျေးမကြီးရွာသူများကို အလှဆုံးဖြစ်စေခဲ့သည်မလား ထိုအလှလေးတွေထဲ မသီတာကြီးအပါအဝင်ဖြစ်၏ ဆံပင်ရှည်ရှည်လေးတွေနဲ့ လှချင်တိုင်းလှနေသော မသီတာအား အကြည့်မလွှဲနိုင်ဖြစ်နေသူမှာ ကိုအောင်သူ ပင်..

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now