ဇဂျမ်းရွာ ရွာလူကြီး အိမ်ရှိ ထိပ်တုံးတွင် အခစားနေရသော်
သူတို့ဖွဲ့" ကိုဘညွှန့် ဘယ်လိုတုန်း ခင်ဗျာရွာသားတွေက ကျုပ်ရွာကကလေးတွေလဲ ကြည့်ပါအုန်း"
ဇဂျမ်းရွာလူကြီးက ရှေ့ကဖိုးထောင်ဆိုသောသူအား လက်ညိုးထိုးကာ အေးစက်သောလေသံဖြင့်ပြောလာသည်
ဖိုးထောင်ဆိုသောသူ၏မျက်နှာတွင် ညိုနှောင်းဇေတို့၏လက်ရာများကကြည့်မကောင်းတာအမှန်" ကျုပ်ပဲတောင်းပန်ပါတယ်ဗျာ ကလေးတွေက မသ်ိတက်သေးလို့ဆိုးမိတာမျိုးပေါ့ နားလည်ပေးပါဗျာ"
ပြောသလိုလဲ နှောင်းဇေတို့ကမဆိုးကြမှန်း သူကြီးဘညွှန်သိပါသည် သို့သော် ကြီးတဲ့အမူ့သေးအောင် သေးတဲ့အမူ့ ပပျောက်အောင် လုပ်ရသည့် စကားပုံရှိသည်မဟုတ်လား
"သူကြီးတောင်းပန်စရာမလ်ိုဘူး ကျုပ်တို့မှားတာမဟုတ်ဘူးခုက သူတို့ဘက်ကပြသာနာအရင်ရှာတာ"
နှောင်းဇေကထိတ်တုံးခတ်ခံထားရသောခြေထောင့်ကိုတစ်ချက်စောင့်ကာဆိုလာသည်
ထိုစဥ် ဇဂျမ်းရွာလူကြီးအိမ်ဝိုင်းထဲသို့ အရှိန်ဖြင့်မောင်းလာသော နွားလှည်းတစ်စီး ထိုနွားလှည်းပေါ်ကိုမောင်းလာသူဖြစ်တဲ့ ဦးမင်းညို၏မျက်နှာမှာ ဒေါသထွက်နေသည့်အလား မျက်နှာတစ်ပြင်လုံးရဲလို့ပင် သူ၏နောက်တွင်တော့ ထန်ရိုင်းစေ နှင့် ကိုခန့်က အတူပါလာသည် ထက်ယံပ်ိုင်ကတော့ ဒေါ်မူယာအား ဝိုင်းကူရန်အိမ်တွင်နေကျန်ခဲ့သည်
" တောင်းပန်စရာမလိုဘူး "
ဦးမင်းညိုကလှည်းပေါ်ကဆင်းဆင်းခြင်းဆိုလာသည်
ထန်ရိုင်းစေ ကတော့ နှောင်းဇေတို့နားတွင်သာဝင်ထိုင်နေလိုက်သည်
ပြိးတော့ နှောင်းဇေ၏ ထိတ်တုံးခတ်လျက်သားဖြစ်နေသေးသည့် ခြေထောင့်အား ပွတ်သပ်ပေးရင်း" နာနေလား ညိုလုံး "
ထန်ရိုင်းစေ ၏ ညိုလုံး ဆိုသည့်ခေါ်သံကြောင့် အနားတွင်အတူထိတ်တုံးခတ်ခံထားရသော သူအားလုံးဆီက ရယ်သံခပ်သဲ့သဲ့ ထွက်ပေါ်လာသည်..
ဒါက်ို အညာသားလေးက မကြိုက်ဘူးထင်ပါရဲ့ မျက်စောင်းလေးထိုးကာ "တိတ်တိတ်နေ" တဲ့လေ
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024