ထန်ရိုင်းစေ သူ့အား နမ်းလိုက်သည့်နေ့ထဲက ညိုနှောင်းဇေ တစ်ယောက် နေမထိထိုင်မထိဖြစ်နေရသည် ထန်ရိုင်းစေ ကိုတွေ့လျှင် ပတ်ပြေးရင်ပြေး မဟုတ်ရင် အကြောင်းတစ်ခုခုပြကာ ရှောင်နေတက်သည်မှာ တစ်ပတ်ပင်ကြာခဲ့ပြီး စိတ်တိုနေတာလား စိတ်ဆိုးနေတာလား သူကိုယ်တိုင်လည်းမသိ သေချာသည်က အဲ့မြို့သားရဲ့ နူတ်ခမ်းတွေကို တွေ့ရင် ထိုညက ကိစ္စ ကိုခေါင်းထဲရောက်ရောက်လာတက်တာတော့အမှန် သူ၏ ပထမဆုံး အနမ်းက ခုလို ပြီးစလွယ် ဖြစ်သွားရသည်ကိုလဲ မကျေနပ်တာလဲပါနေသည်
" ညိုလုံး "
ခြံဝိုင်းအပြင်ဘက်တွင်ထိုင်ရင်း တုတ်လေးဖြင့် မြေပြင်ပေါ် ရေးဆွဲနေသော ကောင်လေးကို သူအနားရောက်မှ ခေါ်လိုက်သည် မဟုတ်လျှင် အညာသားလေးက ထွက်ပြေးအုန်းမှာ
"ဟင် "
"ဒါက ဘယ်ပြေးအုန်းမှာလဲ"
နောက်လှည့်ပြေးရန်ကြံနေသော ကောင်လေးကိုဦးခေါင်းထိပ်တွင် ဒေါ်မူယာ၏ ဖဲပြား ခေါင်းစီကြိုးဖြင့် စုစီးထားသော ဆံပင်အိအိလေးများကို လှမ်းဆွဲထားလိုက်သည်
"ခင်ဗျာ လွှတ် "
"ကိုယ် ကိုပုန်းနေရတာ မမောသေးဘူးလား ကွာ ဟင်"
"ဘယ်..ဘယ်သူလဲ ဘယ်သူကပုန်းနေလို့လည်း"
"ဟက် "
ရိုင်းစေ ရယ်ချင်စိတ်ကိုမအောင့်နိုင်ပဲ ရယ်လိုက်မိသည် "ဘယ်သူကပုန်းနေလို့လည်း" ဆိုတဲ့လူက စကားတွေတောင် အထစ်ထစ်အငေါ့ငေါ့နဲ့
" ဒီက ညိုလုံး လေးပေါ့ "
"ဟာဗျာ အဲ့နာမည်ကြီးမခေါ်စမ်းပါနဲ့ "
"ဘာလို့လဲ ညိုလုံး ရဲ့ သူငယ်ချင်း တွေကတောင် သဘောတွေကျနေကြတာ "
တကယ်ဆို မဲကျော် ဘိုကျား က နာမည်အရင်းတွေမဟုတ်ကြ နှောင်းဇေ ၏ ကျေးဇူး ကြောင့်သာ ရဲကျော် ကနေ မဲကျော် ဘိုပိုင် ကနေ ဘိုကျား အဖြစ်သို့ ကူးပြောင်းသွားရသည်သာဖြစ်သည် ရွာကထဲက လူတွေကလည်း ထိုနာမည်တွေသာခေါ်လာတာကြောင့် သူတို့၏ နာမည်အရင်းမှာ လုံးဝ အစပျောက်သွားရသည်လေ ဒါကိုမကျေနပ်တဲ့ နှစ်ကောင်က သူတို့မခေါ်ရဲတဲ့ ညိုလုံး ဆိုတဲ့နာမည်ကို သဘောတွေကျနေကြတာဖြစ်မည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024