"မဲကျော်မင်းသေချာစဉ်းစားပြီးလား "
မဲကျော်ကသူ့အားတွေဝေခြင်းမရှိစွာနဲ့ခေါင်းငြိမ့်ပြသည် သူမဲကျော်၏ပုခုံးများကိုအကြမ်းပတမ်းဖြင့်စုတ်ကိုင်လိုက်သည်
"ဘာလို့လဲ မင်းကယောကျာ်းလေးတစ်ယောက်လေ "
"မင်းလည်းယောကျာ်းလေးတစ်ယောက်ပဲမဟုတ်ဘူးလား မင်းလည်း ထန်ရိုင်းစေနဲ့လက်ထပ်ထားကြတာပဲ"
"ငါကရွေးခြယ်ပိုင်ခွင့်မရှိခဲ့လို့လေ မင်းကတော့မတူဘူး မင်းမှာကစိတ်ကြိုက်ရွေးခြယ်ခွင့်ရှိတယ် "
"ဟုတ်တယ် ငါသေချာရွေးခြယ်တယ်"
နှောင်းဇေ သူ၏မျက်ခုံးများကိုတွန့်ချိုးကာကြည့်သည် မင်းရွေးခြယ်တာဘယ်အရာလည်းဆိုသည့်သဘောဖြင့်
" ကိုထက်ယံပိုင်ကငါ့ရဲ့ရွေးခြယ်မူပဲ နှောင်းဇေ"
နှောင်းဇေကခေါင်းတဆတ်ဆတ်ငြိမ့်ကပြသည် ပြီးသော
"ကောင်းပြီး မင်းမကြောင်းငါဝင်မပါတော့ဘူး လုပ်ချင်တာလုပ်"
တောက်စ်တစ်ချက်အား ခပ်ပြင်းပြင်းခေါက်ခါ မဲကျော်အားတချက်ကြည့်၍သူထွက်လာခဲ့သည် သူနားမလည်နိုင် မဲကျော်ကအဲလူနဲ့ဘယ်တုန်းထဲဖြစ်နေကြတာလည်း အရင်တခေါက်မပြန်ခင်တဲ့အချိန်ထဲကလား သူစဉ်းစား၍မရ သူစဉ်းစားနိုင်သည်က ဤအရာကိုလက်မခံနိုင်ဘူးဆိုသည့် စိတ်တစ်ခုသာဖြစ်သည်
အိမ်ရောက်တော့ ထန်ရိုင်းစေက သူအားကြို၍စောင့်နေသည် မသိချင်ယောင်ဆောင်ကာ အရှေ့ကကျောခိုင်းထွက်တော့ သူ၏လက်အားလှမ်းဆွဲခြင်းခံလိုက်ရသည်" နှောင်းဇေ "
"ဘာလဲ ရန်ဖြစ်ချင်ရင်နောက်နေ့မှဖြစ် ကျုပ်ပင်ပန်းနေတယ်ခု"
" ထမင်းမစားရသေးဘူးမဟုတ်လား ကိုယ်ခူးပေးထားတယ် "
ဘာလည်းသူကိုရစ်ဖို့စောင့်နေတာမဟုတ်ဘူးလား ခုကထမင်းစားဖို့တဲ့လား အိမ်တွင်းဘက်သို့မျက်စိကစားကြည့်တော့ ထမင်းဝိုင်းကလွှဲ၍ဘာမှမရှိ
"အဘနဲ့မေမေကအိပ်နေပြီး "
"အွန်း "
သူပြင်ပေးထားသော ထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်သည် ထန်ရိုင်းစေက ဒီနေ့မှသူနှင့်ခပ်ကွာကွာတွင်ထိုင်လိုက်သည် အရင်ကဆို အနားတွင်ထိုင်ရမှထမင်းစားတက်သူက ခုတော့သူနားတွင်လာမထိုင်တော့ပေ
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024