Part 12 ( Uni)

3.9K 190 5
                                    

" သမီး  ထည့်စားလေ  "

ဒေါ်မူယာက ပန်းကန်ထဲက ကြက်သားတုံးအား ထည့်ပေးကာပြောသည် ဧည်သည်ဆိုတဲ့ ထိုမိန်းမကို မေမေနဲ့အဘ ကလည်း ဖော်ဖော်ရွေရွေ ဆက်ဆံနေကြသည်

" ရပါတယ် အန်တီ သီရိ ကိုယ်ပါသာစားလိုက်ပါ့မယ်"

" အစထဲက ယူစားပေါ့ ရနေတာကို "

နှောင်းဇေ က နန်းသီရိ ပန်းကန်ထဲက ဒေါ်မူယာ ထည့်ပေးလိုက်သော ကြက်သားဖက်အား သူပန်းကန်ထဲ ပြန်ယူလိုက်သည်

" အို.. သားငယ် ဒီမှာ အများကြီးရှိတာကို"

"ဒီအတုံးပဲစားချင်တာ "

နှောင်းဇေ က ကြက်သားဖက်ကို ပါးစပ်ထဲအပြည့်ထည့်ကာ နန်းသီရိ ဖက်မျက်နှာလှည့်ကာ ဝါးပြနေသည်

"အွန်း ကောင်းလိုက်တာ စိမ့်နေကော "

နန်းသီရိ က ထန်ရိုင်းစေ ဘက်လှည့်ကာ မျက်နှာလေးညှိးပြသည်

"ရိုင်း ငါ့ကို ဟိုအသဲလေးထည့်ပေးပါလား"

" ဒါလေးလား "

"အွန်း ဟုတ်တယ် အဲ့ဒါလေး"

ရိုင်းစေ ကသူရှေ့တွင်ရှိသော ကြက်သဲတစ်ခြမ်းကို လှမ်းထည့်ပေးလိုက်သည်

" ခါးလိုက်တဲ့ ကြက်သား "

" မင်းခုနက ပြောတော့ စိမ့်နေတာပဲဆို "

ဦးမင်းညိုက နှောင်းဇေ ကို ပေကပ်ကပ်ကြည့်ကာမေးလိုက်သည်
သူလည်း အဘဖြစ်သူကို မျက်မှောင်ကြုတ်လျက် နူတ်ခမ်းစူကာကြည့်လိုက်သည် ကိုခန့်နဲ့ကိုထက်ယံပိုင် ကတော့ ထမင်းဝိုင်တွင်ငြိမ်သတ်ကာ ပွဲကြည့်ပရိသတ်သာ လုပ်နေကြသည်

"နှောင်းဇေ ဟေ့ရောင် နှောင်းဇေ ရေ့ "

"ဟိုနွားနှစ်ကောင် ဘာလို့အသေအော်နေတာ "

ဦးမင်းညိုက ခြံဝိုင်းဘက်သို့ ကြည့်ကာ "
မဲကျော် နဲ့ ဘိုကျား က လှေကားစင့်လေးတွက်ထိုင်လိုက်ကြသည် မဲကျော်ကတော့ ထက်ယံပိုင် ကိုတချက်ကြည့်ကာ ခေါင်းလေးငုတ်သွားသည် ဘိုကျားကတော့ ထမင်းဝိုင်းက ကြက်သားပန်းကန်ဆီသို့သာ သတော်ဦးတင်နေသည်

" သားတို့ ဝင်စားသွားလေ "

" ရပါတယ် အရီး"

မဲကျော် က ရပါတယ် ပြောတော့ ထိုင်နေရမှထမင်းဝိုင်းဆီသွားဖို့ပြင်နေ​သော ဘိုကျား က ဆတ်တငံ့ငံဖြစ်ကာ သူကိုလှည့်ကြည့်လာသည်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now