Part 22 (Zaw)

916 22 0
                                    

ဇဂျမ်းရွာရှိ ရွှေကူရင်မြတ်စွာဘုရားတွင် နှစ်စဉ်နှစ်တိုင်းဆီမီးတစ်ထောင် ပန်းတစ်ထောင် ကပ်လှူပူဇော်လေ့ရှိကြသည် ယခင်နှစ်တွေနှင့်မတူ ပွဲသဘင်ပါ ထည့်သွင်းမည်ကြောင့်မို့ ညနေ့ညတွင် အားလုံးနီးပါးကပါ သွားရောက်ပါဝင်မှာမူ ဈေးမကြီးရွာလယ်တွင် နွားလှည်းများကိုစီတန်းကာ လူစုနေကြတော့သည်
ခေါ်သူကခေါ် အော်သူကာအော်ဆိုသည့်အတိုင်း သူကျန်သေးသည်ငါကျန်သေးသည်ဟိုလူကျန်သေးသည်ဖြင့် ကြွက်ကြွက်ဆူနေတော့သည် ရွာရှိမိန်းကလေးများကတော့ အပျိုကြီးများလှည်းဖြင့်သွားကြသည် ထိုလှည်းကိုတော့မိန်းကလေးများမောင်းမသင့်တာမို့စည်သူကမောင်းရကာ လူကြီးလှည်းကိုတော့ဘိုကျားကဦးဆောင်မောင်းရသည် မဲကျော် ထက်ယံပိုင်ကတော့ ကိုကြီးစံသာတို့ဖြင့် ပွဲဈေးတန်းလျှောက်ရန်မနက်ထဲကသွားနှင့်ကြသည်ဖြစ်တာမို့ ခုကျန်နေသာက သူတို့သာဖြစ်သည် ထန်ရိုင်းစေနဲ့ကိုခန့်ကနွားလှည်းမောင်းတက်မို့နေနေသာ မြို့ကလာတဲ့နေ့ကတစ်ခါသာစီးဖူးသည် ဒါကြောင့်အညာသာပီပီ နှောင်းဇေကပဲ အရှေ့တွင်ထိုင်ကာ နဖားကြိုးကိုဆွဲရတော့သည်

" ကဲ လူစုံကြပြီးလားဟေ့ "

"စုံပြီးထင်တာပဲ..ပဲ နေအုန်း ဟိုလှဇော်တို့အဖွဲ့မတွေ့ပါလား ဒီကောင်တွေသွားကုန်ကြပြီးလား "

"သူကြီးသူတို့ပဲဆိုစောင့်မနေနဲ့ အချိန်ရတာမဟုတ်ဘူး "

"ဟိုငါမနိုင်သား ဘယ်လိုပြောနေတာလည်း တရွာသားချင်းမစောင့်လို့ကောင်းမလား"

ဦးမင်းညိုကသူကြီးတို့လှည်းကာနေထိုင်ကာ သူတို့လှည်းဘက်ဆီအော်ကာပြောနေတော့သည်

" ဟာ ဟိုမှာလာကုန်ပြီး ဟေ့ရောင်တွေမြန်မြန် မင်းတို့အဘသားကစိတ်ရှည်တာမဟုတ်ဘူး "

စည်သူပြောပြီးမှ သတိရကာဦးမင်းညိုကိုအားနာနာဖြင့်ရယ်ပြသည် ဟုတ်လည်းဟုတ်တာပဲလေ ညိုနှောင်းဇေကသူ့သားပဲနာစရာမှမလိုတာကို

" မင်းတို့ကောင်တွေကလည်း အရေးနဲ့အကြောင်းဆို နောက်ဆုံးကကြီးပဲ "

"သူကြီးကလည်းနည်းနည်းပါးပါးပြင်နေရသေးတယ်လေဗျာ"

"ဟုတ်ပါပြီးကွာ ကဲ ဟိုနှောင်းဇေတို့လှည်းကာ သုံးယောက်ထဲမဟုတ်လား အဲ့လှည်းမှာစီးလိုက်ကြ "

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now