စကားကြမ်းများကိုအဆက်မပြတ်ပြောနေသူက ထန်ရိုင်းစေ ၏ နာကျင်နေသောမျက်ဝန်းတွေကိုများ မမြင်ချင်ယောင်ဆောင်နေခဲ့သည်လား သူမှာမူအရှေ့တွင်ငိုကာပြောချင်တာတွေပြောနေသောထိုကောင်လေးကိုသာကြောင်ရင်းကြည့်နေမိသည်
"နှောင်းဇေ ..."
ပြတ်သားသူကသူ့အားကျောပေးထွက်ကာအိပ်ခန်းဘက်သို့ဝင်သွားသည် သူလည်းအနောက်ကနေခြေသံခပ်ဖွဖွလေးနင်းကာလိုက်ဝင်သည် နှောင်းဇေနှင့်အနီးနားတွင်တမင်ရပ်နေပေမဲ့သူကိုမသိချင်ယောက်ဆောင်ကာအိပ်ယာပေါ်သို့ကျောပေးအိပ်သည် ခုချိန်သွေးပူနေသည်မို့စကားပြောလို့အဆင်ပြေမှာမဟုတ်မှန်းသူသိသည်ဒါကြောင့်မနက်မှပြန်ကာညှိနိူင်းမည်ဟုတွေးရင်းအနားတွင်ဝင်အိပ်လိုက်သည် သူဝင်အိပ်သည်ကိုသိတာတောင်တချက်လှည့်ကြည့်မလာပဲမျက်နှာချက်ကိုဘက်ကိုသာမျက်နှာလှည့်ထားသူ ခုနေ ပွေ့ကာဖက်လိုက်မယ်ဆိုနှောင်းဇေကလက်ခံပါ့မလား သက်ပြင်းကိုတိုးတိုးချလိုက်မိသည် မျက်လုံးကိုအတင်းမှိတ်ကာအိပ်စက်ခြင်းတွေဆီသို့သူထွက်ပြေးမိသည် တဖက်ကအိပ်ယာက ကျွီ ခနဲမြည်ကာ လှစ်ဟာသွားသည် အပေါ့အလေးသွားသည်အထင်နှင့်သူမမေးမိ သို့သော် အတော်ကြာတဲ့ထိပြန်မဝင်လာသေးတာမို့ဆက်အိပ်မနေနိုင်တော့ပဲအခန်းပြင်ထွက်လာလိုက်သည်
"ဟာ "
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်နူတ်ဖျားတို့ဆီက ဟာ လို့သာပြောထွက်မိတော့သည် ခေါင်းရင်းဘုရားစင်အောက်တွင်အလွန်အေးသောရာသီဥတုကိုအံတုကာ ဘာအနွေးဓာတ်မှမပါပဲ နှောင်းဇေကဒူးနဲ့ခေါင်းထိမတက်ကွေးကာအိပ်နေတော့သည် ဒါသူနှင့်အတူမအိပ်နိုင်သည်ကိုရိုးရှင်းစွာချပြလိုက်သည်မဟုတ်လား အနားသို့ချည်းကပ်ကာနှောင်းဇေ၏ခြေလက်များကိုသူထိကြည့်တော့အေးစက်လို့နေသည်
" ကျစ် အနွေးထည်လည်းဝတ်မထားဘူးပဲ "
ဘယ်လောက်စိတ်ဆိုးဆိုးကိုယ့်ကိုကိုယ်တော့ဂရုစိုက်မှာပေါ့ အခန်းထဲသို့ပြန်ဝင်ကာ ခေါင်းအုံးနှင့်စောင်ကိုယူရင်းပြန်လာခဲ့သည် အိပ်ပျော်နေသူနိုးမှာဆိုးသည်အလားခေါင်းကိုအသာအယာပင့်မရင်းခေါင်းအုံးခုပေးလိုက်သည် ပြီးသော ယူလာသည့်စောင်ကိုနှောင်းဇေအားနွေးသွားစေရန်လွှမ်းခြုံပေးလိုက်သည် ထန်ရိုင်းစေအိပ်ခန်းသို့ပြန်မဝင်ပဲ နှောင်းဇေအိပ်နေသောနေရာ၏အရှေ့ရှိ အိမ်တိုင်ကိုကျောမှီကာထိုင်ချလိုက်သည် အိမ်ထဲသို့ထိုးဖောက်ဝင်လာသော လ၏အလင်းကြောင့်နှောင်းဇေ၏မျက်နှာဝိုင်းလေးကိုကောင်းစွာမမြင်ရပဲရှိနေသည် သို့သော် မျက်တောင်တစ်ချက်ခတ်ရင်တောင်နှောင်းဇေ၏မျက်နှာလေးကိုမြင်ယောင်တပ်သူမို့ခုအနေထားသည်လည်းသူ့တွက်အဆင်ပြေလှသည် တချက်တချက်ရိူက်ကာသွားသူကမအိပ်ခင်ဘယ်လောက်တောင်ငိုထားပြီးပြီးလည်း သိပ်ကိုအငိုသန်တဲ့ကလေးငယ်ပဲ ဒါ သူ မမြင်ဖူးသည့်နှောင်းဇေရဲ့တဖက်ခြမ်းဖြစ်မည် လက်လေးတွေခြေထောင့်လေးတွေစောင်အပြင်ဘက်သို့ရောက်သွားတဲ့ခါဆို သေချာပြန်ခြုံပေးဖို့လည်းသူမမေ့ခဲ့ ...
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanficကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024