Part 15 ( Uni)

3.8K 170 3
                                    

ရွာလယ်ဘက်မှ ထွက်ပေါ်လာသော မဂ်လာသီချင်းသံက တစ်ရွာလုံးတွင်မက တခြားဘေးချင်းရွာနားထိ ပဲ့တင်ထပ်စေသည်
ဦးမင်းညို တို့၏ အိမ်ခြံဝိုင်းအတွင်းရှိ မဂ်လာခန်းမထဲမှာတော့ အပြာရောင်ဆင်တူ ဝတ်ဆင် ထားသည့် သတို့သားနှစ်ဦး မှာ ဆန့်ကျင်ဘက် မျက်နှာထားတို့ဖြင့် ဧည်ခံနေကြရသည် ကျေနပ်ပီတိတွေ အဖြာဖြာဖြင့် ထန်ရိုင်းစေ ၏မျက်နှာမှာ ကြည်လင်းတောက်ပနေပေမဲ့ နှောင်းဇေ တွင်မှာတော့ အလိုမကျသည့်ဟန် စူပုတ်နေပြန်တော့သည်

" နှောင်းဇေ ဘာလို့ စူပုတ်နေတာလည်း "

" ဘယ်မှာပုတ်လို့လည်း "

ထွက်လာတဲ့အသံက ဆူဆူငေါက်ငေါက် ဖြင့်
ဘေးတွေ ချထားကာ ပုဆိုးကိုစုတ်ကိုင်ထားးေသာ နှောင်းဇေ လက်ကို ဆွဲယူကာ သူ့လက်မောင်းနားတွင် ချိတ်ပေးလိုက်သည်

" ကိုင်ထား လူတွေများလာပြီး "

"အွင်း.. "

"အဲ့အသံကိုလည်းပြင်ပေးပါလား မဟုတ်ရင် ကိုယ်က အဓမ ကျင့်ပြိး ယူထားတယ်လို့ထင်နေကြမယ် "

"ဟုတ်ကဲ့ပါဗျ "

မထင်ရင်မထင်သလို ရွဲ့တက်လွန်းတဲ့ကောင်လေးကြောင့် သူပြုံးလိုက်မိသည် ခုလည်းကြည့်လေ ခေါင်းကိုငုတ် ကိုယ်ကိုညွှန့်ကာ ပုဆိုးကိုဒူးနားရောက်တဲထိ ဆွဲတင်ပြီးပြောနေတာ လူတွေကြည့်နေလို့ သူမှာ ပုဆိုးကို ပြန်ဆွဲချပေးရတော့သည်

" ဟယ် ကြည့်ပါအုန်း ကျက်သရေရှိလိုက်ကြတာ.."

"အေးနော် မူယာတို့များ သမက်ချောချောလေးကို ကြိတ်ပြီး ရှာထားတာ"

"မဟုတ်ရပါဘူး သက်ထားရယ် ဖူးစာပါတော့ ရှာစရာမလိုပါဘူးတော် စိုက်စိုက်မြိုက်မြိုက်ကို ရောက်လာကြတာ "

သူတို့ရပ်နေသည့် ဝိုင်းက ဒေါ်သက်ထားဆိုသူက မေမေ ကို ပခုံးလေးတွန့်ကာ စ နေသည် မေမေကလည်း သူ့သမက်ကိုကြည့်ကာ သဘောတကျကျ ဒီအခြေနေမှာတော့ သူက ရှယ်ပလစ်ခံနေရတော့သည်

" ညိုနှောင်းဇေ လေး သားရဲ့ ယောကျာ်း ကို မလိုချင်တော့ရင် အဒေါ့်ကိုပြော အိမ်က ရောင်းမထွက်တဲ့ သမီး နဲ့..

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now