နွားလှည်းပေါ်ကဆင်းလာသောထန်ရိုင်းစေကမျက်နှာမလှပဲရှိနေသည် ခြံဝိုင်းထဲသူလာသည်နှင့်အားလုံး၏မျက်ဝန်းများကသိလိုစိတ်များပြည့်နှက်နေသည် သို့သော် မဲကျော်ကတော့မျက်လွှာချကာမည်သူကိုမှမကြည့်ပဲနေနေသည် နှောင်းဇေက ထန်ရိုင်းစေလွယ်လာသောဘေးအိတ်ကိုကူသယ်ပေးရင်းပြောသည်
" ဘာသတင်းရခဲ့လည်း "
ထန်ရိုင်းစေကသက်ပြင်းချကာခေါင်းခါသည်
"မဲကျော်ကော "
"ရှိတယ် တကယ်သာဆို သူ့ကိုဘယ်လိုပြောကြမလည်း "
သူငယ်ချင်းတွက်စိတ်ပူနေသောနှောင်းဇေကိုခေါင်းလေးပွတ်သပ်ပေးကာနှစ်သိပ့်ပေးသည်
"ကိုယ်ပြောလိုက်မယ် အများကြီးမစိုးရိမ်ပါနဲ့ "
"အွန်းပါ အထဲမှာသူရှိတယ် ဝင်သွားပြောအုန်း အဆင်ပြေစေမဲ့စကားပဲရွေးပြောနော် သူကိုစိတ်မထိခိုက်စေချင်ဘူး "
ထန်ရိုင်းစေကမဲကျော်တို့နားဆီလျှောက်ကာသွားလိုက်သည် မဲကျော်နှင့်အတူထိုင်နေကြသော ဘိုကျားကလည်းအလိုက်သိစွာရှောင်ဖယ်ထွက်သွားသည်
"ကိုထန်ရိုင်းစေ ပြန်လာပြီးလား "
"အွန်း "
"အကိုနဲကော တွေ့ခဲလား "
သူထက်ယံပိုင်နှင့်မတွေ့ခဲ့ပါ မဲကျော်ဆီစာရောက်သည်နေ့ထဲကနိုင်ငံခြားထွက်သွားသည်ဟု ကိုခန့်ကပြောသည် ဒေါ်ရွှေဇင်မြိုင်အိမ်သို့သတင်းသွားမေးဖို့ကလည်း အခြေနေမဟန်သည်မို့ရွာကိုသာပြန်လာခဲ့ရခြင်းဖြစ်သည် ဒယ်ဒီအကူညီနှင့်ဒေါ်ရွှေမြိုင်ဆီဆက်သွယ်လို့ရပေမဲ့လည်း လူကြီးတွေကိုသူတို့လူငယ်တွေကိစ္စထဲဆွဲမသွင်းချင်ပေ
"မတွေ့ခဲ့ဘူး သူ..သူနိုင်ငံခြားထွက်သွားပြီးတဲ့ "
"အော်..."
ဆွဲငင်သံဖြင့်ပြောလာသူကအလွန်ပင်တည်ငြိမ်နေသည် သူ့ဖြေလာမည့်အဖြေကိုကြိုတင်သိရှိနေပြီးသောလူတစ်ယောက်ပမာ အံသြကြီး ထိတ်လန့်ကြီးတစိုးတမျှတောင်မရှိခဲ့ အချစ်တဖက်ခြမ်းသို့မဲကျော်ကကျော်လွှားနိုင်ခဲ့ပြီးလား
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024