Part 38 ( Uni)

2.9K 109 5
                                    

ပန်းကန်ကျကွဲသံကအနီးနားတဝိုက်ကာထွက်ကျလာသည်

"အစ်ကို "

မဲကျော်ကမျက်နှာပျက်စွာလူအုပ်ကြားထဲမှပြေးထွက်လာခဲ့သည် အနောက်ကအော်ခေါ်သံတွေမားလစ်လျူရူ့စွာဖြင့်..

"မဲကျော် ခန "

"ကိုထက်ယံပိုင် "

မဲကျော်နောက်သို့ပြေးလိုက်ရန်ပြင်သောထက်ယံပိုင်ရှေ့တွင်နှောင်းဇေကပိတ်ရပ်လိုက်သည် ထန်ရိုင်းစေကတော့ထိုနေရာမှာပင်ထိုင်နေရက်သားကြည့်နေသည်

" ဘာလာပြန်လုပ်တာလည်း "

"နှောင်းဇေ အကိုနောက်မှရှင်းပြပါ့မယ် "

"ထပ်ပြီးတော့လား "

ထက်ယံပိုင်ကနားမလည်သောဟန်ဖြင့်ခေါင်းကိုစောင်းကာကြည့်သည်

"ကျွန်တော်သူငယ်ချင်းကိုထပ်ပြီးနာကျင်အောင်လုပ်မလို့ပြန်လာတာလား "

ထက်ယံပိုင်ကခေါင်းကိုရမ်းကာခါသည်

"မဟုတ်ဘူး အကိုသူ့ကိုနာကျင်အောင်မလုပ်ပါဘူး "

" ဟက် "

"တစ်ခါလောက်ပဲအခွင့်ရေးထပ်ပေးပါ အကိုသူ့ကိုနောက်ထပ်နာကျင်အောင်မလုပ်ဘူး သူအမြဲပျော်နေရမယ်လို့ အကို ကြိမ်ပြောရဲတယ် နှောင်းဇေ"

ထိုင်နေသောထန်ရိုင်းစေကိုသူကြည့်လိုက်သည် သူ့အား ပြုံးရင်းခေါင်းညိမ့်ပြသည်

"ကောင်းပြီလေ ဒါနောက်ဆုံးအခွင့်ရေးပဲ တကယ်လို သူလက်မခံရင် ခင်ဗျာပြန်ရမယ် "

"စိတ်ချပါ သူသာမကြည်ဖြူတော့ရင် အကို့နောက်ဆုတ်ပါ့မယ် "

"ခင်ဗျာသူဆီတဲ့နေရာကိုတော့ သိလောက်မယ်ထင်ပါတယ် "

ထက်ယံပိုင်ကနှစ်ခြိုက်စွာပြုံးလိုက်သည် ထို့နောက် သူတို့ကိုကျောခိုင်းကာ ရွာမြောက်ဘက်ပိုင်းသို့ထွက်လာခဲ့သည်
နှောင်းဇေကဆံသားဝဲဝဲများကိုဖွလိုက်သည်

"အချစ် "

"အွန်း ဘာတုန်း "

"မဲကျော်ပြန်လက်ခံပါ့မလား."

"ဒါတော့ ကျုပ်လည်းမသိဘူးလေ "

"ကိုယ်ကတော့ ပြန်လက်ခံစေချင်တယ် "

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now