" သီရိ "
"ရှင့် မမိခိုင် သီရိဒီမှာ"
"ဘယ်တွေသွားနေတာလည်းကွယ်ပွဲကဖြင့်စတော့မယ်"
"ဒီနားကဆိုင်လေးမှာ သဘောကျတာလေးတွေ့လို့သွားဝယ်နေတာ "
"အေးအေး ခုပွဲခင်းထဲပြန်ဝင်ရအောင် ရွက်နုတို့ဝင်နှင့်ကြပြီး"
"သီရိကတော့ အကုန်ဝယ်ပြီးပြီး"
"ဒါဆို ပြန်ဝင်ကြတာပေါ့"
မမိခိုင်နဲ့နန်းသီရိတို့ပွဲခင်းနေရာသို့ပြန်ရောက်တော့အားလူံးလူစုံနေကြပြီးဖြစ်သည် ပွဲကလည်းစတော့မာမို့ နေရာတကျနေကာအသင့်ပြင်ထားလိုက်ကြသည် မိန်းကလေးတွေကိုအရှေ့တွင်ပေးထိုင်ကာသူတို့ကအနောက်ကဖျာဝင်ထိုင်ကြသည်
" ရိုင်းစေ ရော့ နင့်တွက်"
နန်းသီရိ ပေးလာသောအထုတ်လေးကိုသူဖြည်ကြည့်တော့ လည်ပတ်ပုဝါလေးတထည်
"ပုဝါလေးလား"
"ဟုတ်တယ် နင့်နဲ့လိုက်မယ်ထင်လို့ ဝယ်လာပေးတာ"
တကယ်လည်း ပုဝါလေးက ထန်ရိုင်းစေနှင့်လိုက်ဖက်လွန်းသည် ပုဝါကိုချက်ချင်းပတ်လိုက်တာမို့ နန်းသီရိကပြုံးနေပေမဲ့ မပြုံးနိုင်သူကနှောင်းဇေပင်ဖြစ်သည်
"နှောင်းဇေ ကိုယ်နဲ့လိုက်ရဲ့လား ကြည့်ပေးအုန်း"
"အွန်း "
"ဟာကွာသေချာမကြည့်ပဲနဲ "
"ပွဲစနေပြိး"
ထိုချိန်မှာပင် ပွဲစင်ပေါ်မှာ ပိတ်ကားများဖွင့်ကာ ပွဲဖွင့်တီလုံးများ ဖြင့်စတင်နေတော့သည် ပွဲစင်ဆီကိုအကြည့်မရောက်သေး ဘေးတွင်ဘဲနူတ်လိုထော်ကာနေသောသူကိုကြည့်ရင်း ဘာအလိုမကျဖြစ်နေတာလည်းအဖြေရှာနေရသည်
"ထန်ရိုင်းစေ ""
"ဗျာ"
"ပွဲမကြည့်ရင်ပြန် ကျုပ်ကိုထိုင်ကြည့်နေလို့ ထကပြမှာမဟုတ်ဘူး""
စကားကိုဘယ်လိုဖဲ့ပြောရမလည်းဆိုတာသိပ်ကိုသိနေလွန်းတဲ့ကောင်လေးပါလေ"ကိုယ်ပွဲဆီအာရုံရောက်ဖို့ မင်းရဲ့ဟောဒီဘဲနူတ်ခမ်းကိစ္စကိုအရင်ရှင်းပြရမယ်"
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024