Part - 10 ( Uni)

4.1K 186 0
                                    

ရန်ကုန်မြို့ ထောင့်တရာတွင်တော့ ​ရန်ကုန်မြို့နှင့် အသားမကျကာ အဆင်မပြေတဲ့ ရန်ကုန်သားတစ်ယောက် ရှိနေသည် ထန်ရိုင်းစေ  အရှေ့တွင်ချထားသော ဖိုင် တချပ်ကို ချလိုက် ပြန်ယူ လိုက်ဖြင့် အလုပ်ရူပ်နေရသည် ပုံမှန်ချိန်တွေဆို သူဒီမြို့ကို ပြန်လာရရင် တက်ကြွပျော်မြူးနေတက်ပေမဲ့ ခုတော့ မဟုတ်တော့သည်

"ကိုထန်ရိုင်းစေ ဒီခါ ပြင်ဦးလွင် ဘက် သွားရမှာ ခုတခေါက်အစ်ကို သွားတာကြာတော့ အလုပ်ကအများကြီးကျန်နေတယ်"

ထန်ရိုင်းစေ လည်ကတိုင် ကို အနည်းငယ်လျော့ချကာ

"အွန်း လုပ်ကြတာပေါ့ ဒါပြီးရင်ကော "

" အဲ့ကပြန်လာပြီးရင် အစ်ကိုလေး အဖေရဲ့ ကုမဏ္ဏီခွဲမှာ ပြီးခဲ့တဲ့ လပတ်က စာရင်းတွေသွားလုပ်ရမှာ အဲ့ကနေ.

"ကျစ် ငါမရှိတုန်း မင်းတို့လုပ်ထားလို့မရဘူးလား ဟမ်း "

"ဗျာ ဟို အစ်ကိုလေး လုပ်မှ ဖြစ်မဲ့ ကိစ္စ တွေမို့ ကျွန်တော်လည်း မလုပ်ရဲခဲ့တာပါ "

မန်နေဂျာ ဖြစ်သူက ခေါင်းကို ညွှတ်ကာ တောင်းပန်ရှာသည် ထိုမန်နေဂျာရဲ့ အတွေးတွေထဲမှာတော့ ထန်ရိုင်းစေ ဟာ အရင်ကထက်ပို ဒေါသကြီးနေသလိုပင်

"ပြောလိုက်ရင် ဆင်ခြင်ကြီးပဲ "

".."

" ဘာမှပြောစရာမရှိရင် သွားတော့ ရှေ့မှာ ရပ်မနေနဲ့  "

" ဟုတ် ဟုတ် "

ထန်ရိုင်းစေ စိတ်ပေါက်စွာဖြင့် အရှေ့တွင် ချထားသော ဖိုင်တွဲအား ဆွဲယူပြစ်လိုက်သည်

" ဟာကွာ "

သူ စျေးမကြီးရွာ မှာနေခဲ့တဲ့ အချိန်တွင်း အလုပ်တွေက တောင်လိုပုံနေခဲ့သည်တဲ့လေ ဒီအလုပ်တွေပြီးမှဆို သူ နှောင်းဇေ ဆီဘယ်ချိန်လောက်မှ ပြန်သွားရမှာလည်း
ပြန်လာတာ ရက်ပိုင်းပဲရှိသေးတယ်ဆိုပေမဲ့လည်း သူလွမ်းနေရပြီးဖြစ်သည်

" ချီးကွာ ဘာလို့ ဒီလောက်ထိ ရူပ်ပွနေရတာလည်း "

ရိုင်းစေ ၏ ရုံးခန်းသို့ ဝင်လာသော ထက်ယံပိုင်နှင့်ကိုခန့်က ကြမ်းပြင်တွေ ပျံ့ကြဲ နေသော ဖိုင်များအား ကောက်ယူသိမ်းရင်းပြောလာသည်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now