Part - 9 ( Zaw)

1K 21 0
                                    

ယခင်ညများတွင် ပူစပ်လို့နေပေမဲ့ ယနေ့မှ ဈေးမကြီးရွာရဲ့ ညချမ်းက အလွန်အေးလို့နေသည် အအေးဒဏ်ကို မမူကာ ခြံဝိုင်းထဲ ဆွေးဆွေးငေးငေးထိုင်နေသောသူ အပြင်ခံပါးပါးလေးသာဝတ်ထားသောကြောင့် တခါတခါတိုက်ခတ်လာတဲ့ လေအေးများကတိုးဝေ့လာတဲ့ခါမှတော့ လက်မောင်းများကို ထွေးပွတ်နေမိသည်

" တော်တော် ကိုယ်ခံအားကောင်းနေတာလား "

အသံလာရာသို့ သူလှည့်ကြည့်တော့ နှောင်းဇေ က စောင်လေးကိုပတ်ကာ သူနားကွေးကွေးလေးဝင်ထိုင်လာသည် ခြုံထားတဲ့စောင်ခြားထဲက ပေါ်နေတဲ့ ချစ်စရာမျက်နှာလေး
ပါးလေးဆွဲလိုက်ချင်ပေမဲ့ ခုသူ့လက်တွေက အေးစက်နေသည့်မို့ ပါးပိုင်ရှင်လေး အေးသွားမှာစိုးမိသည်

" မအိပ်သေးဘူးလား ညိုလုံး "

"ကျုပ်တကယ်စိတ်ဆိုးတော့မှာနော်"

"ဟောဗျာ ကိုယ်ဘာမှမလုပ်ရသေးဘူးလေ"

" မသိဘူး ဗျာ ညိုလုံး ကြီးကို မကြိုက်ဘူး "

ရိုင်းစေ ပြုံးလိုက်မိသည် တွေ့တာနဲ့ ရန်ရှာတက်တဲ့ကောင်လေးပါလေး ဘာပဲဖြစ်ဖြစ် ထိုကောင်လေးသဘောမကျတာမှန်ရင်သူရှောင်ရမည်

" ကြည့် အလိုမကျတာနဲ့ စူထွက်လာပြန်ပြီး အဲ့ နူတ်ခမ်းတွေက "

".."

"အင်းပါ မင်းမကြိုက်ရင် ကိုယ်ရှောင်ပါ့မယ် "

နှောင်းဇေက လက်သည်းနဲ့ လက်မ လေးကိုထောင်ကာ ကတိတောင်းဆိုလာသည်

"ဟား ဟား ကတိပါကွာ "

ရိုင်းစေ က အိတ်ကပ်ထဲထည့်ထားသည့် လက်များကိုအပြင်သို့ထုတ်ကာ နှောင်းဇေ သဘောကျ ကတိပြုစေသည်

"ခင်ဗျာ အေးနေတာလား"

"အွန်း လေတွေကအေးတယ်"

"ဒါနဲ့များ အပြင်ထွက်ထိုင်နေသေးတယ်..ရော့."

ပြောရင်း သူခြုံထားတဲ့စောင်တစ်ဝက်ကိုရိုင်းစေဘတ်သိုကမ်းပေးလာသည် ရိုင်းစေတို့ ဒါမျိုးတော့အလွှတ်မခံ ချက်ချင်းစောင်ကိုခြုံကာ နှောင်းဇေ နားသို့တိုးကပ်လာသည် ခုဆို သူတို့နှစ်ယောက်ဟာ စောင်တစ်ခုထဲ အတူ

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now