"ထန်ရိုင်းစေ ခင်ဗျာ မရစ်နဲ့ဗျာ "
"ကိုယ်ဘယ်မှာရစ်လို့လည်း "
"ဒါဆိုလည်း ရှေ့ကဖယ်လေ "
"တူတူချိုးမှာလို့ပါဆို "
ရေချိုးဖို့ထွက်လာသည်မှာကြာနေပြီးဖြစ်သော်လည်း အရှေ့တွင်ပိတ်ရပ်ကာတူတူချိုးမယ်ဆိုပြီးရစ်နေတဲ့ကလေးကြီးကြောင့်ရေကတစက်မှမထိရသေး လုံချည်သာဝတ်ထားကာအပေါ်ပိုင်းဗလာနဲထန်ရိုင်းစေကဆွဲဆောင်မူရှိနေသည် သူ့လိုမျိုးဗိုက်သားတွေကချောမွေ့မနေပဲ အားကစားလုပ်ထားတာကြောင့်ဖုထွက်နေသည် အပျိုဗျမ်းတွေပြောသလိုဆို ရှစ်ပတ်ဆိုတာမျိုး သူ၏အကြည့်တွေကထိုအောက်ပိုင်းဆီသို့သာရောက်ရောက်သွားရသည်
" နှောင်းဇေ နော် တူတူချိုးမယ်လို့"
" မရဘူးဗျာ ဖယ် ကျုပ်ရေချိူးချင်နေပြီ"
"ဟအမ်း ချိုးမှာပါဆို "
"ထန်ရိုင်းစေ!"
"အွန်းပါ ဒါဆိုလည်း ကိုယ်အပြင်ကပဲစောင့်နေမယ် မြန်မြန်တော့ချိုးနော် အအေးမိနေမယ်"
"သိတယ် မရှည်နဲ့ "
ပခုံးကိုတိုက်ကာဆူဆူငိုက်ငိုက်ထွက်သွားသောသူကိုအနောက်ကနေပွေ့ဖက်ပြီးနမ်းလိုက်မိသေးသည် တံတောင်နဲ့အနောက်ပြန်မကြွေးခင်လွှတ်လိုက်ရသည် အကောင်သေးသလောက်တကယ်လက်သန်ပြောင်တဲ့အညာသားလေးပါလေ...
"ရိုင်းစေ ရိုင်းစေ ရေ "
"ကိုထက်ယံပိုင် ပါလား ဘယ်ကိုလာတာတုန်း"
"မင်းယောကျာ်းဆီပဲ ဘယ်မယ်တုန်းအဲ့ကောင်"
"ရေချိုးနေလေရဲ့ "
" အရေးပါတယ်ဆိုကွာ ကြာပြီးလားချိူးနေတာ"
ထက်ယံပိုင်ကဆံပင်ကြားထဲလက်ထိုးဖွကာပြောသည်သူကိုကြည့်ရတာစိတ်ရူပ်ထွေးနေတဲ့သူတစ်ယောက်လိုပင်
"ဟိုမှာ ထွက်လာပြီး"
ထန်ရိုင်းစေကမျက်နှာသုတ်ပါဝါတစ်ထည်ကိုပခုံးတွင်တင်ထားကာထွက်လာသည် ဝင်သွားထဲကအတိုင်းအပေါ်ပိုင်းဗလာနဲ့ပဲဖစ်သည် ထန်ရိုင်းစေ၏ကိုယ်ပေါ်တွင်စီးကျနေသောထိုရေစက်များကိုသူမနာလိုဖြစ်မိသည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024