အိမ်အောက် ကြက်ခြံထဲတွင် ကြက်များ အော်သံက ဈေးမကြီးရွာ တွင်း၌အောင်မြင်စွာ ပေါ်ထွက်လာသည်
"အော့အီအီအွတ် " လို့တော့မဟုတ် " အက် အက် ဂတ် ဂတ်" ဆိုသည့် ဆိုးရွားစူးရှလှသော ကြက်သံများသာဖြစ်သည်"ကိုမင်းညို တော် မနက်အစောကြီး ဘာထလုပ်နေတုန်း"
" ရှူး "
ဦးမင်းညို က နူတ်ခမ်းပေါ်လက်ညိုးအသာတင်ကာ မိန်းမဖြစ်သူကို အသံတိုးတိုးနေရန် အချက်ပြလိုက်သည်
" ကျုပ် သားနိုးသွားလိမ့်မယ်"
" ကဲ ဒေါ်မူယာ မင်းအသံလေးတိတ်တိတ်နေစမ်းပါဟ သွား ယာထဲဆင်းပြီး ဘူးသီးသွားခူးချေ ပြီးရင် ချက်ဖို့ အသားငါးကို ဈေးထဲကဝင်ဝယ်လာ"
" မသွားချင်ပါဘူးတော် မနက်အစောကြီး ကို "
" ဒီမိန်းမ ငါလုပ်လိုက်ရ ဒီနေ့ အိမ်ကိုအရေးကြီးဧည့်သည်လာမာမို့ ဟ "
" အို ကျုပ်မှမသိတာ အစောထဲကအဲ့လိုပြောပါပေါ့လား တကယ်တည်း"
ဒေါ်မူယာ က ဆူဆူငေါက်ငေါက်ပြောကာ အိမ်ပေါ်ထပ်ရှိပိုက်ဆံအိတ်ယူပြီး ဟင်းစားရှာဖို့ အပြင်သို့ပြန်ထွက်သွားသည်
" အဘ "
" ဟေ နိုးပြီးလား နှောင်းဇေ "
"ဒီလောက်ဆူညံနေတာကို မနိုးစရာလားဗျ"
ဦးမင်းညို က သားဖြစ်သူကို မျက်စောင်းများသာ ပိတ်ထိုးမိသည် အပျင်းကြီးအကောင်းကြိုက် ဆိုတာမျိုး
" နှောင်းဇေ မင်းသူငယ်ချင်း မဲကျော် နဲ့ ဘိုကျား ကိုသွားခေါ်ချေ"
" ဟီး ဟုတ် အဘ"
" ဟေ့ကောင် ခေါ်ပြီးတာနဲ့ပြန်လာနော် မဟုတ်ရင်ငါ့လေးဂွ ကြောင်းသိတယ်မလား"
"သိပါတယ် အားနေ အဲ့ဟာကြီးပဲ ထုတ်ထုတ်ကြွားမနေပါနဲ့"
ခြံဘေးနားက သစ်ကိုင်းခြောက်တစ်ခုကိုဆွဲနုတ်ကာ ဝေ့ရမ်းနေရင်း ခုန်ဆွခုန်ဆွ ထွက်သွားသော ညိုနှောင်းဇေ ကို ဦးမင်းညို ခေါင်းခါကာပြုံးနေမိသည်
" ဒီကောင် ကလေးလိုလို ခွေးလိုလိုနဲ့ "
_____
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanficကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024