အချိန်တော်ကြာသည့်ထိ နှောင်းဇေ က အိမ်သို့ပြန်မရောက်လာသေးတာမို့ ထန်ရိုင်းစေ မှာ ဖင်နဲ့ကြမ်းပြင် မထိတော့ချေ ထိုင်လိုက် ဟော ခနနေထလိုက်ဖြင့်ဗြာများနေရတော့သည် နားထဲတွင်တော့ "ခနလောက်ခေါ်သွားမယ်နော်" ဆိုတဲ့ ဟိုကောင်မလေးရွက်နုစကားကပဲ့တင်သံထပ်လာသည်
"ကျစ် ပြန်မလာသေးဘူးလား "
" သား ထန်ရိုင်းစေ အဲ့မှာဘာထိုင်လုပ်နေရတာတုန်း "
ဒေါ်မူယာက အိမ်တံခါးပိတ်ရန်ထွက်လာစဥ် ခြံဝိုင်းရှေ့တွင် ငူငူကြီးထိုင်နေသောထန်ရိုင်းစေကို တွေ့၍လှမ်းကာခေါ်မေးသည်
" မေမေ့ သားငယ်လေ ခုထိပြန်မရောက်သေးလို့ "
မဂ်လာမဆောင်ခင် ရက်အနည်းငယ်လိုထဲက ဒေါ်မူယာက ဒေါ်ဒေါ်လို့မခေါ်ပဲ မေမေလို့ခေါ်ဖို့ပြောထားသည်မို့ သူလည်း နှောင်းဇေ နှင့်တူစွာ မေမေ လို့သာခေါ်ဖြစ်သည်
" အယ် ဟုတ်သား မေမေ သားကိုပြောဖို့မေ့နေတာ ဒီကိုလာပါအုန်း "
ထန်ရိုင်းစေ လည်း ဒေါ်မူယာ နားသို့သွားကာအနားတွင်ထိုင်လိုက်သည် ဒေါ်မူယာမှာမူ ထန်ရိုင်းစေ ခေါင်းလေးအား အသာပွတ်ပေးရင်းပြုံးနေမိသည်
" ခုချိန်ဆို နှောင်းဇေလေးက သားကိုမျှော်နေတော့မှာပဲ "
"ဗျာ ဘာလို့လည်း "
"ဒီလို သားရဲ့ မေမေတို့ရွာမှာက ဓလေ့တစ်ခုရှိတယ် အဲ့ဒါက မဂ်လာဆောင်ပြီးလို့ မဂ်လာဦးညမှာ သတို့သမီးကို ဖွက်ထားရတာ သတို့သားကိုယ်တိုင်ပြန်လာရွေးမှ သူတို့က ပြန်ပေးတာ ခဲကြေးတောင်းတဲ့သဘောပေါ့ကွယ် "
"ခဲကြေး "
ထန်ရိုင်းစေ လက်တွင်ပတ်ထားသော နာရီအား ငုတ်ကြည့်မိတော့ အချိန်က ဆယ့်နာရီထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့သည်
"ဟာကွာ " လိုသာ တခွန်းပြော၍ ဒေါ်မူယာ ရှေ့မှသူပြေးထွက်လာခဲ့သည်" ထန်ရိုင်းစေ ခန "
ခြံဝိုင်းပြင်ရောက်ခံနည်း ခေါ်သံကြားတာမို့ သူပြန်လှည့်ကြည့်မိတော့ ဦးမင်းညို က သူဆီ ပြေး၍လာနေသည် အနောက်တွင်တော့ ဦးစေမိုးက ကြောင်၍သာ ရပ်ကြည့်နေသည်
YOU ARE READING
ကျွန်တော် နှင့် ရွှေညာသား [ complete ]
Fanfictionကိုယ့်မေတ္တာကြိုးတွေနှင့်သာ မင်းကိုချည်နှောင်ပါရစေ start - 8.11.2023 End - 4.2.2024