Part 25 ( Uni)

3K 119 4
                                    

ညောင်ဦးမြို့နယ် စျေးမကြီးကျေးရွာကလိူက်လှဲစွာကြိုဆိုပါသည်ဆိုတဲ့ရွာဝင်ဆိုင်းဘုတ်ပြားရှေ့တွင်အထက်တန်းစားဝတ်စုံနဲ့အမျိုးသမီးတစ်ဦးဟာသူ၏သိန်းနဲ့ချီပေးရသောဖိနပ်ကိုငုတ်ကြည့်ကာစိတ်တွေတိုနေတော့သည် ဒီလမ်းနဲ့ဆိုသူဖိနပ်ဟာပေကြံကုန်တော့မည် တပ်ထားသောနေကာမျက်မှန်ကိုဟန်ပါပါချွတ်လိုက်သည် ထိုနောက်သူ၏လူယုံဖြစ်သူကိုတချက်ကြည့်သည်

"ဒီရွာဆိုတာသေချာလား "

"သေချာပါတယ် ကျွန်တော်သေချာစုံစမ်းထားတာပါ"

"အွန်း သေချာရင်လည်းပြီးတာပဲ "

ထိုမိန်းမကြီးက မျက်စပြစ်ပြကာ အရှေ့ကသွားရန်ပြောသည်မို့ ထိုလူငယ်လည်းရွာဝင်လမ်းသို့တည့်တည့်မတ်မတ်လျှောက်သွားလိုက်သည် ထိုစဥ်တောင်းကိုခေါင်းပေါ်ရွက်ကာ လာနေကြသောလူတစ်စုကိုတွေ့သည် ထိုလူငယ်လည်းထိုလူစုဆီပြေးကာသွားလိုက်သည်

"ဒီမှာဗျ "

ကံကောင်းတာလားကံဆိုးတာလားမသိ ထိုလူတစ်စုမှာ မသီတာတို့အဖွဲ့ ဖြစ်နေကြလေသည်

" ဒီရွာမှာမြို့သားတွေဘာတွေများရောက်နေတာရှိလား"

ထိုသူအမေးကြောင့် မသီ​တာ က အနောက်တွင်ရပ်နေသောအမျိူးသမီးကြီးထံသို့အကြည့်ရောက်သွားသည်

" ရှိတာပေါ့ မြို့သားချောချောလေးသုံးယောက်ရောက်နေကြတာ "
"ပိုးတီ "

အရှေ့မကြည့်အနောက်မကြည့်ပြောလိုက်သောအပျိုကြီးကြောင့်မသီတာလှမ်းတားရသည် ဟုတ်သည်လေ ဟိုကလူကောင်းလားလူဆိုးလားသေချာမသိရသေးဘူး သူကဇွတ်ဆတ်ပြောပြီးနေပြီး
ဒါကိုနားလည်သဘောပေါက်သည့်ထိုလူကပြုံးရယ်ရင်းပြောသည်

" ကျွန်တော်တို့အကိုလေးဆီလာတာပါ အနောက်မှာရပ်နေတာကအကိုလေးရဲ့မာမီပါ "

"အော်..."

"ဒါဆိုကျွန်တော်တို့ကိုလမ်းပြပေးနိုင်မလားဗျ"

" ဟဲ့ မေးနေတာမပြီးတော့ဘူးလား မဟုတ်တာတွေနဲ့အရစ်​ကြောရှည်မနေနဲ့"

အနောက်ကအမျိုးသမီးကြီးကခက်ထန်သောလေသံဖြင့်ထိုလူကိုဟောက်သည် သူမကိုသဘောမကျပေမဲ့ ကိုယ့်ရွာလာတဲ့ဧည်သည့်ဖြစ်နေတာမို့ မသီတာတို့လည်းစိတ်ကိုတင်းကာ လမ်းပြပေးပါ့မယ်ဟုပြောလိုက်သည်

ကျွန်တော် နှင့် ရွှေညာသား [ complete ]Where stories live. Discover now