Chapter 5

4.5K 382 2
                                    

အခန်း ( ၅ )


ဖူကွေ့သည် မကြာမီတွင် မုန့် တစ်ပန်းကန် ပြန်ယူလာပြီး ရွှီချောင့် လက်ထဲသို့ စိတ်အားထက်သန်စွာ ထည့်ပေး လိုက်သည်။ “မီးဖိုချောင်မှာ ဒါတွေပဲ ကျန်တော့တယ်၊ ဒါ မြောင်မြောင့်အတွက် လောက်ရဲ့လား”

အလွန် သေးငယ်သည့် ပဲပိစပ် မုန့်ငါးခုကို မြင်လျှင် ယန်မြောင်မြောင်မှာ အငို တိတ်သွားလေသည်။ သူမရဲ့ လက်သေးသေးလေးကို ဆန့်ထုတ်၍ ပဲပိစပ်ကိတ် တစ်ခုကို ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ကြည့်ရသည်မှာ အလွန်အမင်း ဆာလောင် နေပုံရသည်။ ဖူကွေ့ရဲ့ အသားအရောင်မှာ အရှက်ရနေမှုကြောင့် အနည်းငယ် နီရဲ နေခဲ့သည်။ “ မီးဖိုချောင်ထဲက ကျန်တဲ့ စားစရာတွေကို အမေက ကြောင်အိမ်ထဲ ထည့်ပြီး သော့ခတ်ထားတယ်၊ ကြွက်ရန်ကို ကြောက်လို့လို့ ပြောတာပဲ”

ရွှီချောင်က နှာမှုတ်လိုက်သည်။ သူမက ကြွက်တွေ လာခိုးမှာ ကြောက်လို့ပေါ့လေ။ သူမက တစ်ယောက်ယောက် ယူမှာ ကြောက်နေတာ အသိသာကြီးပင်။

“ရေနွေး နည်းနည်းလောက် သွားယူပေးပါဦး၊ မြောင်မြောင် စားပြီးရင် ရေသောက်ရအောင်လို့”

ထိုလူက အပြင်ကို အမြန်ထွက်သွားပြီး ရေနွေး တစ်ပန်းကန်လုံး ပြန်ယူလာခဲ့သည်။

မုန့်ငါးခုကို မြောင်မြောင်က အမြန်စားပြီး ရေနွေး တစ်ပန်းကန်လုံးကို တစ်ချိုက်တည်း သောက်ခဲ့သည်။ သက်ပြင်းချလိုက်ပြီး ရွှီချောင်ကို ပြုံးပြခဲ့သည်။ “… လန်… လန်..”

ရွှီချောင်က သူမလေးရဲ့ လက်ကို သူမလက်ထဲ ထည့်လိုက်သည်။ ထို့နောက် ရေနွေး ပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်သည်။ သူမက မြောင်မြောင်ကို ခန်ပေါ်သို့ ချီခေါ်လိုက် ပြီးနောက် တ်တပ်ရပ်နေသည့် တုံးအအ လူထွားကြီးကို ပြောလိုက်သည်။ “မြန်မြန် အနားယူ ကြရအောင်၊ နက်ဖြန် မနက်ကျ ရှင့်မိဘတွေကို လက်ဖက်ရည် ဆက်ရဦးမယ်” သူမအသံတွင် တစ်ချို့ တစ်ဝက်မှာ တိုးလျပြီး ကျန်တစ်ဝက်တွင် စိတ်လှုပ်ရှားသံ ပါနေသည်။

“ကောင်းပြီ” ဖူကွေ့သည် ရယ်၍ အိပ်ရာဆီ တက်ခဲ့သည်။

ရွှီချောင်မှာ အနည်းငယ် စိုးရိမ်ဆဲ ဖြစ်သည်။ ယခုတွင် သူမတို့က ဆွေမျိုးတွေ ဖြစ်နေပြီ။ သူမက ထိုလူ၏ ဇနီးဖြစ်နေပြီ ဖြစ်၍ ထိုလူ သူမကို ထိလာမည်ကို ကြောက်ရွံ့နေသည်။ ကံကောင်းစွာပင် အသက်ရှုသံ မှန်မှန်ကို ကြားလိုက်ရပြီး သူမသည်လည်း အပြည့်အဝ စိတ်ပြေလျော့ သွားတော့သည်။ နောက် မကြာမီတွင် သူမသည်လည်း အိပ်ပျော် သွားခဲ့သည်။

ဒုတိယနေ့တွင် သူမ နိုးလာခဲ့သည်။ သူမက အဝတ်စားတို့ ပွတ်တိုက်သံကို ကြား၍ ခေါင်းလှည့် ကြည့်လိုက်ရာ ယန်ဖူကွေ့လည်း နိုးနေခဲ့ပြီး အဝတ်စား ဝတ်နေသည်ကို တွေ့လိုက်ရသည်။ သူက ရွှီချောင်ကို မြင်လျှင် ပြုံးရယ်၍ “ ဇနီးလေး၊ နိုးပြီလား”
ရွှီချောင်က ခေါင်းညိတ်၍ တောက်တောက်ပပ ပြုံးပြလိုက်သည်။

ယန်ဖူကွေ့က သူ့အဝတ်တို့ကို အမြန် ဝတ်ဆင်လိုက်သည်။ သူက ရွှီချောင်ကို ကြည့်ရင်း ရွှင်ပျစွာ ပြောလာသည်။ “ဇနီးလေး၊ ကိုယ် ထင်း သွားခုတ်ဦးမယ်၊ မင်း ဖြည်းဖြည်းချင်း အိပ်ရာထခဲ့၊ အလျှင် မလိုဘူး”

“အမ်း” ရွှီချောင်က ယောင်ဝါးဝါး တုန့်ပြန်ခဲ့သည်။ သူက တံခါးမှ ထွက်သွား၍ တံခါးပြန်ပိတ်ပေးခဲ့သည်။

သူမက အဝတ်တို့ကို ဝတ်ဆင်ရင်း အိပ်ရာပေါ်ရှိ မြောင်မြောင်ကို ကြည့်လိုက်သည်။ ကလေးလေးက အိပ်ပျော်နေသည့် နတ်သမီးလေးပင်။ ရွှီချောင်က အိပ်ရာကို နောက်တစ်ကြိမ် ထိကြည့်လိုက်သည်။ တော်သေးသည်၍ ကလေးမလေး အပေါ့ မစွန့်ထားပေ။ သူမ လက်ကို ပြန်ရုတ်စဉ်တွင် အိပ်ရာပေါ်မှ မြောင်မြောင်သည်လည်း ညည်းညူရင်း နိုးလာလေသည်။

ရွှီချောင်၏ မောင်ငယ်၊ ညီမငယ်လေး များသည် ရွှီချောင့် လက်ပေါ်တွင် ကြီးခဲ့ခြင်း ဖြစ်သည်။ သဘာဝကျကျပင် သူမသည် ဒီလို ညည်းညူသံက အပေါ့သွားတော့မည့် အကြောင်းကို ရည်ညွှန်းကြောင်း သိလေသည်။ ရွှီချောင်က ကလေးလေးကို အိမ်ပြင်သို့ မြန်မြန် ချီခေါ်လာ၍ အိမ်သာတဲလေး ဆီသို့ ဦးတည်ခဲ့ ပြီးနောက် အပေါ့စွန့်စေ ခဲ့သည်။ ထို့နောက် မြောင်မြောင့်ကို အခန်းဆီ ပြန်ခေါ်ခဲ့ပြီး အဝတ်အစား ဝတ်ပေးလိုက်သည်။

ရှောင်မြောင်မြောင်က သူမရဲ့ လက်တွေကို ဝှေ့ရမ်းရင်း ရွှီချောင်ကို ပြုံးပြနေခဲ့သည်။ မြောင်မြောင်လေးက သူမ၏ အဝတ်အစား ပိစိလေးကို ဆွဲယူပြီး လက်ပေါက်တို့ကို ရှာကာ ဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်သည်။ ရွှီချောင်က ဒါကို မြင်လျှင် သူမ နှလုံးသားထဲတွင် အနည်းငယ် ချဉ်စူး သွားတော့သည်။ မိခင်လုပ်သူသည် ကလေးကို မွေးပြီး မကြာခင်မှာပဲ ထွက်ပြေးသွားခဲ့ပြီး ကလေးကို ချန် အမျိုးသမီးကသာ တစ်ချိန်လုံး စောင့်ရှောက် ထားခဲ့သည်။ သူမက ချန်ဟူသည့် ပုဂ္ဂိုလ် အကြောင်းကို အနည်းအကျဉ်း သိထားသည်။ သူမက သူမ၏ ကလေးတွေ မြေးတွေနှင့် ပတ်သက်လျှင် ဘက်လိုက်နိုင်သည်။ သူမက ဘယ်လို အကြောင်းကြောင့် ရှောင်မြောင်မြောင်ကို အာရုံတစိုက်နှင့် ကြည့်ရှု၊ စောင့်ရှောက် မည်နည်း။

မြောင်မြောင် အဝတ်အစား ဝတ်ပြီးလျှင် ရွှီချောင်က သူမကို ချီ၍ အပြင် ထွက်ခဲ့သည်။ သူမက အနီးဝန်းကျင်ကို ကြည့်လာခဲ့သည်။

ယန်မိသားစုသည် အခန်း ခုနှစ်ခန်းနှင့် အတော်အသင့် ကြီးသော မိသားစုကြီး ဖြစ်သည်။ အခန်းအားလုံးကို ရွှံ့ဝါတို့ဖြင့် ဆောက်လုပ်ထားပြီး ဘေးပတ်ပတ်လည်တွင် ခြံဝန်းခတ်ထားသည်။ သူမနှင့် ဖူကွေ့တို့က အရှေ့ဘက်ရှိ အခန်းတွင် နေကြသည်။ အဖေ ယန်နှင့် ချန်တို့က ပြည့်စုံကုံလုံသည့် အခန်းတွင် နေကြပြီး ထို့နောက်တွင် ဒုတိယ သား၏ အခန်း၊ တတိယ သား၏ အခန်း၊ စတုတ္ထ သမီး၏ အခန်း၊ မီးဖိုခန်းနှင့် ဧည့်သည်ခန်း ဟူ၍ ရှိလေသည်။

ခြံထဲတွင် ယန်ဖူကွေ့က သူ၏ သန်မာသော လက်မောင်းများနှင့် ပုဆိန်ကို လွှဲ၍ ထင်းခုတ်နေသည်။ ရွှီချောင်က သူ့ကို မြင်လျှင် အမြန် ပြောလိုက်သည်။ “ဖူကွေ့၊ မိဘတွေကို လက်ဖက်ရည် ဆက်ဖို့ သွားရအောင်လေ” ယန်ဖူကွေ့က ပုဆိန်ကို ဘေးသို့ ချလိုက်ပြီး သူမကို လှည့်ကြည့်၍ ပြုံးရင်း “ကောင်းပြီ”

မိသားစု သုံးယောက်က အဖေ ယန်နှင့် ချန်တို့ထံ လာခဲ့ကြသည်။ အိမ်ထဲတွင် ယန်မိသားစုဝင်များ ရှိနေကြသည်။ ချန်နှင့် အဖေ ယန် တို့တွင်လည်း ကလေး သုံးယောက် ရှိလေသည်။ ဖူကွေ့ကို မပါပဲနှင့် ယန်ဒုတိယသားမှာ ယန်တာ့ဖန်း ဖြစ်၍ ၁၈ နှစ် ရှိပြီ ဖြစ်ကာ ရှန် နှင့် လက်ထပ်ထားပြီး ယန်ရှောင်ကျွင်း အမည်ရ သား တစ်ယောက် ရှိသည်။

တစ်နှစ်ခွဲသာ ရှိသေးသည့် ယန်ရှောင်ကျွင်းက ရှန်၏ လက်မောင်းထဲတွင် ငိုက်မြည်းနေသည်။ ရွှီချောင်က ရှန့်ကို ပြုံးပြလိုက်လျှင် ရှန်သည်လည်း အမြန်ပြန်၍ ပြုံးပြလာသည်။

ယန်တာ့ဖန်း ဘေးတွင် ရပ်နေသူက ယန်မိသားစု၏ အငယ်ဆုံးသား ယန်တာ့ထုန် ဖြစ်ကာ သူသည် ယခုနှစ်တွင် ၁၆ နှစ်သာ ရှိသေးပြီး ဇနီး တစ်ယောက်ကို လပ်ထပ်ထားသည်။ သူ၏ ဇနီးမှာ ဘေးရွာရှိ နျိုမိသားစုမှ ဖြစ်သည်။

ရွှီချောင်က နှစ်ယောက်လုံးကို ပြုံးပြလိုက်လျှင် ယန်တာ့ထုန်က ရှက်ဝဲဝဲနှင့် မရီးဟု ခေါ်လာလေသည်။ နျိုက ရွှီချောင်ကို တစ်ချက် ကြည့်၍ ခေါင်းလှည့် သွားသည်။ ရွှီချောင်က ဂရုမစိုက်ပဲ ယန်မိသားစု၏ စတုတ္ထမြောက် ကလေးကို ကြည့်လိုက်သည်။ ယန်စတုတ္ထ ကလေးမှာ မိန်းကလေး ဖြစ်ပြီး ယန်ရောင်အန်း ဟုခေါ်ကာ သည်နှစ်တွင် ၁၃ နှစ် ရှိပြီဖြစ်သည်။ သူမက အလှလေး ဖြစ်သည်။

ယန်ရှောင်အန်းက ရွှီချောင်ကို ချိုချိုသာသာ ပြုံးပြပြီး ယောက်မဟု ခေါ်လေသည်။ ရွှီချောင်သည်လည်း သူမကို ပြန်ပြုံးပြ၍ ညီမဟု ခေါ်လိုက်သည်။

နောက်တစ်ဆင့်သည် လက်ဖက်ရည်နှင့် ဂါရဝ ပြုရန် ဖြစ်သည်။ ယောက္ခမ ချန်မှာ လူကောင်း မဟုတ်မှန်း ရွှီချောင် သိလေသည်။ ဒါကြောင့် ရွှီချောင်က မြေပြင်ပေါ် ဒူးထောက်၍ လက်ဖက်ရည် ကမ်းစဉ်တွင် ချန်က အချိန် အတော်ကြာသည်ထိ လက်ဖက်ရည် ခွက်ကို မယူပေ။ သူမ မှန်းထားသည့် အတိုင်းပင်။

ဒါကို အဖေယန် မြင်လျှင် ချန်ကို တိတ်တဆိတ် တွန်း၍ စိုက်ကြည့်လိုက်သည်။ သို့သော် သူမက ရွှီချောင့် လက်ထဲမှ လက်ဖက်ရည်ကို လက်မခံခဲ့ပေ။

ဘေးမှ ဖူကွေ့က ဒါကို မြင်လျှင် အလေးအနက် ပြောလိုက်သည်။ “အမေ၊ အမေ့ကို ကျွန်တော့်မိန်းမ လက်ဖက်ရည် ကမ်းနေတာကို မမြင်ဘူးလား”

ရွှီချောင်ရဲ့ မျက်နှာက တွန့်သွားပြီး နှလုံးသားထဲတွင် အပျော်တို့ ပြည့်သွားခဲ့သည်။ အနည်းဆုံးတော့ သူမ အရှေ့မှ ယောက်ျားက သူမအတွက် ရင်ဆိုင်ပေးနေသည်။

ဖူကွေ့ရဲ့ စကားကို ကြားလျှင် အမေ ချန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် သူမက ဖူကွေ့ရဲ့ အကြည့်အောက်၌ ရွှီချောင် အချိန် အကြာကြီး ကိုင်ထားခဲ့ရသည့် လက်ဖက်ရည် ခွက်ကို ယူလိုက်သည်။ ချန်က လက်ဖက်ရည် ပန်းကန်လုံးကို နှုတ်ခမ်းနှင့် ထိပြီး နေရာတွင် ပြန်ထားလိုက်သည်။ ရွှီချောင်က ဂရုမစိုက်ပဲ သူမ ဘေးရှိ စားပွဲပေါ်မှ မထိရသေးသည့် လက်ဖက်ရည်ခွက် ကိုယူ၍ တစ်ချိုက်စာ လောင်းထည့်လိုက်သည်။ ထို့နောက် ချန်ရဲ့ စာအိတ်နီကို စောင့်နေလိုက်သည်။

ချန်က ရူးချင်ယောင် ဆောင်နေသည်။ ဖူကွေ့သည်တော့ မရူးပေ။ သူက ကြောင်ငေးနေရင်း ပြောလိုက်သည်။ “အမေ..၊ စာအိတ်နီလေ”

ချန် : “…” ထို့နောက် သူမက နာခံစွာနှင့် သူမ အဝတ်အတွင်းမှ စာအိတ်နီ ပါးပါး တစ်အိတ်ကို ထုတ်လိုက်သည်။

“ကျေးဇူးပါ အမေ” ရွှီချောင်က စာအိတ်နီကို ယူလိုက်ပြီး သူမ လက်မောင်းထဲမှ အသက်ရှည် ငွေဆွဲပြား နှစ်ခုကို ထုတ်၍ မြောင်မြောင်နှင့် ရှောင်ကျွင်းကို ပေးလိုက်သည်။ သည် ငွေဆွဲပြားတို့မှာ ပါးလွှာ၍ သေးငယ်သော်လည်း ယင်းတို့ကို ပါးစပ်ဆိုးသည့် သူမ အမေမှ ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျေးဇူးပါ ယောက်မရေ..၊ ပိုက်ဆံ အတော် ကုန်သွားမှာပဲ” ရှန်ရှီက ရွှီချောင်ကို ရှက်ရွံ့စွာ ပြုံးရင်း ဆိုလေသည်။

ချန်က ရွှီချောင်နှင့် ဖူကွေ့ကို ကြည့်၍ ပြောသည်။ “ကောင်းပြီ၊ အားလုံးပြီးပြီ၊ ဒီနေ့တော့ ဒုတိယ ချွေးမရဲ့ လက်ရာကို စားရမယ်၊ အကြီး တစ်ယောက်က အပြင်မှာ အဝတ်တွေ သွားလျှော်ချေ”

ရွှီချောင်က ချန်ကို တစ်ချက် လှည့်ကြည့်ပြီး အတော်ရယ်စရာ ကောင်းသည်ဟု တွေးနေခဲ့သည်။ ဒီ ယောက္ခမက တကယ် ကောင်းသည်ပဲ။ ချွေးမ ဖြစ်သူက ယခုပင် လက်ထပ်ပြီး ဝင်လာခဲ့သည်ကို သူမကတော့ သူတို့ လက်ထပ်ပြီး ပထမနေ့မှာပင် စည်းကမ်းတို့ကို ချမှတ်ခဲ့သည်။

ချန်ပြောသည်ကို ကြားလျှင် တတိယချွေးမ နျိုက ရွှီချောင့်ကို မျက်လုံးထဲတွင် နှစ်ထောင်းအားရ နေသည့် အမူအရာ အပြည့်နှင့် လှည့်ကြည့်လာ ခဲ့သည်။

ရွှီချောင် ဘာတစ်ခွန်းမှ မပြောရသေးခင်မှာပင် ဖူကွေ့က ထပ်၍ ပြောလာခဲ့သည်။ “အမေ၊ ကျွန်တော့် မိန်းမ အိမ်တံခါးကနေ ဝင်မလာခင်က မိသားစုက လူတွေ သူတို့အဝတ် သူတို့လျှော်တာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ မိသားစုက အလှည့်ကျ ချက်ပြုတ်ကြတာ မလား”

ချန်က ဒေါသထွက်စွာ ပြောလေသည်။ “မင်းက မိသားစု ခေါင်းဆောင်လား” 

“အမေ၊ အခုမှ ဘာလို့ ပြောင်းချင်ရတာလဲ၊ အရမ်း ဒုက္ခများတယ်၊ ဒုတိယ ညီ၊ တတိယ ညီ၊ ညီမလေး၊ မင်းတို့ရော အဲ့လို မထင်ဘူးလား”

ရွှီချောင်က သူမရဲ့လူသည် ရိုးသားရုံ သာမက အလွန် တဲ့တိုး ဆန်ကြောင်းကိုလည်း တွေရှိခဲ့သည်။

ယန်တာ့ဖန်း၊ ယန်တာ့ထုန် နှင့် ယန်ရှောင်အန်းတို့ အားလုံးက သဘောတူစွာ ခေါင်းညိတ်ခဲ့ကြသည်။ သူတို့က မရီး အရှေ့တွင် အရှက်ရ ရသည်ကို သတိမထားမိပဲ မနေကြ။ ဘယ်လိုပင် ဖြစ်စေ သူတို့ရဲ့ မရီးက အတော်လေး ကောင်းကြောင်းကို ခံစားရသည်။ အမေလည်းပဲ မှန်ပါသည်။ မိသားစုတွေ ဟန်ချက်ညီလျှင် မကောင်းပေဘူးလား။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now