Chapter 36

2.3K 196 1
                                    

အခန်း ( ၃၆ )

"အိုး၊ အိုး..အမေ၊ မဆွဲပါနဲ့ဗျ၊ နာတယ်"

အဒေါ်မာက သူမသား ကောင်စုတ်လေး ၂ ကောင်ကို ဆွဲခေါ်၍ ခါးကုန်းနေသည့် ဦးလေး ချန်ရှန်းနောက်မှ လိုက်ခဲ့သည်။ အားလုံး ပြန်ကြတော့ အမေလီနှင့် ချောင်းအာသာ ကျန်ခဲ့သည်။ ရှန်က ကူညီရန် နေခဲ့သည်။

ချောင်းအာသည် လီနှင့် ရှန်က သူတို့ကို အာရုံ မထားသည်ကို မြင်လျှင် သူမက ရွှီချောင်ကို ခြံထဲသို့ အမြန် ဆွဲခေါ်၍ တီးတိုးဆိုလေသည်။ "ချောင်အာ မင်းအဒေါ် ခုနက ပြောတာ အမှန်ပဲလား၊ မင်းယောက္ခမက အဲ့လို လုပ်ခဲ့တာလား၊ မင်းဝမ်းကွဲကနေ တစ်ဆင့် သူ့သားကို ထိန်းချုပ်စေချင်နေရင် အများဆုံး ခံစားရမှာက မင်းပဲနော်၊ မင်းမှာ အခုနေ ဖူကွေ့နဲ့ အချိန်ကောင်းလေး ရှိပေမဲ့ အဲ့ဒီ ဝမ်းကွဲက ဘာတွေ စဉ်းစားနေမလဲ မသိလို့ မင်း ဂရုစိုက်တာ ကောင်းမယ်နော်"

ချောင်းအာရဲ့ အသံတွင် စိုးရိမ်ပူပန်မှုတို့ ပါဝင်နေသည်။ သူမတို့သည် ကလေးဘဝ ကတည်းက သူငယ်ချင်းတွေ ဖြစ်သည်။ ရွှီချောင်သည် သူမ၏ မိသားစုပြီးလျှင် ချောင်းအာနှင့် အရင်းနှီးဆုံး ဖြစ်သည်။

ရွှီချောင်သည် ချောင်းအာရဲ့ ပူပန်လွန်၍ ချွေးစို့နေသော နှာခေါင်းကို မြင်လျှင် ကျယ်လောင်စွာ ရယ်မိတော့သည်။ "မင်းဘာတွေ စိတ်လောနေတာလဲ၊ ငါတောင် အေးဆေးပဲ၊ စိတ်မပူပါနဲ့၊ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး" ဖူကွေ့က ဘယ်လို လူမျိုး မလို့လဲ။ လပေါင်းများစွာ အတူရှိပြီးနောက် သူမက သူ့အကြောင်းကို ကောင်းစွာ သိလာလေသည်။

ချောင်းအာက စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီနေကာ ခြေဆောင့်ပြီး "မင်းက ဘာလို့ ခုချိန်ထိ စိတ်မတိုရတာလဲ၊ ငါက မင်းအတွက် စိတ်ပူလို့ပါ၊ ဖူကွေ့က မင်းထက် အသက်ကြီးတယ်၊ လက်ထပ်လိုက်လို့ မင်း ခံစားရမှာကို ငါက စိုးရိမ်နေခဲ့တာ၊ အခု မင်း ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့လို့ ငါ ဝမ်းသာပါတယ်၊ ဒါပေမဲ့ မင်းဝမ်းကွဲက မင်းတို့အိမ်မှာ တစ်လ နှစ်လလောက် နေသွားသေးတယ်နော်၊ မင်း ယောက္ခမမှာ အဲ့လို အတွေးမျိုးတွေ ထပ်ရှိလာခဲ့ရင်ရော၊ မင်း ခုထိ စိတ်မပူသေးဘူးလား"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Место, где живут истории. Откройте их для себя