Chapter 7

2.5K 253 1
                                    

အခန်း ( ၇ )
 
 
“မြောင်မြောင်နဲ့ ရှောင်ကျွင်းကရော” ရွှီချောင်က ခြံထဲတွင် ပြေးလွှားနေသည့် မြောင်မြောင်ကို မြင်လျှင် မတတ်နိုင်ပဲ မေးမိသည်။ နျို့ကိုတော့ အားမကိုးရဲပါ။ ကလေး နှစ်ယောက်ကို အိမ်တွင် ထားခဲ့လျှင်လည်း သူမ စိတ်အေးနိုင်မည် မဟုတ်။
 
“ယောက်မပဲ နေခဲ့ပြီး ကလေး ကြည့်ပါလား၊ တတိယ ယောက်မကိုတော့ အားကိုးလို့ မရဘူး” ယန်ရှောင်အန်းက နျို့ကို ထည့်ပြောပြီး မျက်မှောင် မကြုတ်ပဲ မနေနိုင်။ သူမက တတိယ ယောက်မကို သဘော မကျပေမဲ့ တတိယ အစ်ကိုကတော့ သ‌ဘောကျသည်။ သူမက လက်ထပ် ဝင်ရောက်လာ သည်ကို ဆန့်ကျင်ခဲ့ပေမဲ့ သူမ မတတ်နိုင်ခဲ့။
 
ရွှီချောင်က ခဏလောက် တွေးကြည့်ပြီးနောက် ပြောသည်။ “ဒုတိယ ညီမက ညစာချက်ဖို့ ကျန်သေးတယ်၊ ကျွန်မအထင် ဒုတိယ ညီမ နေခဲ့ပြီးတော့ မြောင်မြောင်နဲ့ ကျွင်းကျွင်းကို ကြည့်တာ ပိုကောင်းသလားလို့”
 
ဆိုတော့ သည်ကိစ္စကို ဖြေရှင်းပြီး ဖြစ်သည်။ ရွှီချောင်နှင့် ယန်ရှောင်အန်းက လယ်ကွင်းတွေဆီ ထွက်လာခဲ့သည်။ သူတို့က ပြောင်းဖူး ခူးရင်း အလုပ်များ ကြတော့မည် ဖြစ်ပြီး ရှန်ကတော့ အိမ်မှာနေရင်း မြောင်မြောင်နှင့် ရှောင်ကျွင်းကို ထိန်းကာ ညစာချက်မည် ဖြစ်သည်။ ရွာရှိ လူအားလုံးက ဆင်းရဲကြပြီး မိသားစုတို့တွင် မနက်စာ တစ်နပ်၊ ညစာ တစ်နပ် တစ်နေ့ နှစ်နပ်သာ ရှိကြသည်။
 
ရွှီချောင်နှင့် ရှောင်အန်းတို့က စကားတွေကို ရေပက်မဝင်အောင် ပြောတတ်ကြသည့် လူများ မဟုတ်၍ အချင်းချင်း စကားပြောမနေပဲ လယ်ကွင်းဆီ တိုက်ရိုက် ဦးတည်ခဲ့ကြသည်။
 
ရွာရှိ လယ်ကွင်း အားလုံးမှာ တောင်ခြေတွင် ရှိကြသည်။ ပြောင်းဖူး ခူးနေကြ သူများကို နေရာအနှံ့တွင် တွေ့ရသည်။ နှစ်ယောက်သားက လယ်ကွင်းထဲ အမြန်ဆင်း၍ အဖေယန်ကို နှုတ်ဆက်လိုက် ကြသည်။ ပြီးနောက် ရွှီချောင်မှာ အလုပ်များတော့သည်။ သူမက သည်နေရာတွင် ရောက်နေခဲ့သည်မှာ ၁၂ နှစ်၊ ၁၃ နှစ် ကျော်ရှိပြီ ဖြစ်၍ လယ်ယာ အလုပ်တို့ကို အချိန် ကြာမြင့်စွာ ကျင့်သားရ နေခဲ့သည်။
 
မကြာမီတွင် သူမက ပြောင်းဖူး ဝါးခြင်းတောင်း တစ်တောင်းစာ ချိုးပြီး၍ ယာခင်းဘေးရှိ လှည်းဆီသို့ ဝါးခြင်းတောင်းကို သယ်၍ ဖြည်းဖြည်း နှေးနှေး သွားခဲ့သည်။
အဖေ ယန်က လှည်းဘေးတွင် ရပ်နေခဲ့ပြီး ရွှီချောင်ကို မြင်လျှင် အမြန် နှုတ်ဆက်၍ “အားလုံးပဲ၊ ငါလာပြီ” သို့နှင့် အဖေ ယန်က ရွှီချောင့် လက်ထဲမှ ခြင်းတောင်းကို ယူ၍ အထဲရှိ ပြောင်းဖူးတို့ကို ယူလိုက်သည်။ အားလုံးက လှည်းထဲရှိ အောက်ခံ အခင်းပေါ်သို့ ကျလာပြီး သူက သက်ပြင်း ဖွဖွ ချလိုက်သည်။ “ဒီနေ့ ပြောင်းဖူး ပိုးတွေ အများကြီး တွေ့ရတယ်၊ ဒါတွေကြောင့် ဒီနှစ်တော့ ချန်တုမှာ အထွက်နှုန်း ကောင်းမှာ မဟုတ်ဘူး၊ ဒီ မြေပြင်ပေါ်က ပြောင်းဖူးတွေနဲ့ ငါတို့ ဆောင်းရာသီမှာ စားလို့ လောက်ပါ့မလား မသိဘူး၊ ဒီရက်တွေမှာ အမဲလိုက်ထွက်ထားတဲ့ ဖူကွေ့ကို ကျေးဇူးတင်ရမယ်၊ အိမ်စရိတ် ထောက်ပံ့ပေးလို့”
ရွှီချောင်က ပြုံး၍ သိပ် မကြီးသည့် ပြောင်းဖူးတို့ကို ကြည့်ကာ ပြောသည်။ “အဖေ၊ တကယ်တော့ ကျွန်မမှာ ပြောင်းဖူး ပိုးတွေ ရန်က ကာကွယ်ဖို့ နည်းလမ်းရှိတယ်၊ ကျွန်မတို့ လာမယ့် မေမှာ ပြောင်းဖူး ပင်စည်တွေကို မီးရှို့ရမယ်၊ ထပ်ပြီးတော့ ပြောင်းဖူးစိုက်မယ်၊ စကားမစပ် ပြောင်းဖူးခင်းမှာ ပဲတီစိမ်း တစ်ချို့လည်း စိုက်လို့ ရသေးတယ်”
 
အဖေ ယန်က မှင်တက်သွား လေသည်။ “ဒါက ဘာလဲ၊ ငါလည်း မကြားဖူးပါ့လား”
 
“အဖေ၊ ဒါတွေကို ကျွန်မ ငယ်ငယ်က လူအိုကြီး တစ်ယောက် ပြောပြခဲ့တာပါ၊ ကျွန်မတို့ ရွာကို တောင်းရမ်းဖို့ လာတဲ့ လူအိုကြီးက ကျွန်မကို စာအုပ် တစ်အုပ် ပေးခဲ့တယ်၊ စာအုပ်ထဲမှာ လယ်ယာ စိုက်ပျိုးနည်းနဲ့ ပတ်သက်တာတွေ အကုန်ပါတယ်”
 
သူမက လူတွေကို မလှည့်ဖြား ချင်သော်လည်း အမှန်တရားကို ထုတ်ပြောရန်လည်း လုံးဝကို မဖြစ်နိုင်ပေ။
 
“ဒီလူအိုကြီး ဖတ်နိုင်လောက်လား” အဖေ ယန်က အနည်းငယ် ကြောင်တောင်တောင် နိုင်သည်။ ရွာရှိ လူနည်းစုသာ စာဖတ်နိုင်သည်။
 
ရွှီချောင်က ပြုံး၍ “အဖေ၊ ကျွန်မ ကလေးတုန်းက ရွာထဲက ဆရာကြီး တစ်ယောက်ဆီမှာ သင်ဖူးလို့ စကားလုံး တစ်ချို့ကိုတော့ ဖတ်နိုင်ပါတယ်” 
 
သူမသည် ငယ်စဉ်က သူမရဲ့ ပညာ တတ်မြောက်မှုကို ဖုံးကွယ်ရန် ရွာထဲရှိ စာသင်သား အိုကြီးထံသို့ တမင်တကာ သွား၍ တရုတ် စကားလုံး တစ်ချို့ကို သင်ခဲ့ဖူးသည်။ သူမက စကားလုံး အားလုံးကို သိနေ၍ အလွယ်တကူ သင်နိုင်ခဲ့သည်။ စာသင်သား အိုကြီးက ဂုဏ်ယူခဲ့ရသည်။ ထို လူအိုကြီးက ရွှီချောင်သာ ယောက်ျားလေး ဖြစ်ခဲ့လျှင် ကောင်းမည်၊ သို့ဆိုလျှင် သူမက စာမေးပွဲလည်း ဝင်ဖြေ၍ ရပြီး ရာထူးဂုဏ်သိမ် တို့နှင့် အရာရှိငယ်လည်း ဖြစ်လာနိုင်သည်ဟု ဆိုခဲ့ဖူးသည်။ ထိုစဉ်က ရွှီချောင်မှာ အလွန် ရှက်ခဲ့ရသေးသည်။
 
ရွှီချောင်၏ ပြောစကားကို ကြားသော် အဖေ ယန်က ခေါင်းညိတ် ခဲ့လေသည်။ တကယ်လည်း ရွာထဲတွင် ဆရာကြီး တစ်ယောက် ရှိဖူးပြီး လွန်ခဲ့သည့် နှစ်နှစ်က ဆုံးသွားပြီ ဖြစ်သည်။
 
“မင်းပြောတဲ့ ဒီနည်းလမ်းက တကယ် အသုံးဝင်တာပဲ၊ မင်းသိလား၊ နှစ်တိုင်း ပြောင်းပိုးတွေ ကျတယ်၊ ငါတို့ ဘယ်လောက် ဖယ်ဖယ် ကုန်မသွားဘူး၊ နောက်နှစ်တော့ ဒီလောက် မဆိုးလောက်တော့ဘူး”
 
ရွှီချောင်က ခေါင်းကုတ်၍ ပြုံးကာ “ အဖေ၊ ဒီနည်းကို ကျွန်မ စမ်းမကြည့်ရသေးဘူး၊ ဒါပေမဲ့ သူဖုန်းစား အိုကြီး ပြောခဲ့တာတော့ ဒီ ပြောင်းဖူး ပင်စည်တွေမှာ ပြောင်းပိုးရဲ့ ဥတွေ ရှိနေတယ်တဲ့၊ တကယ်လို့ သူတို့ကို မနှိမ်နင်းခဲ့ရင် ပြောင်းပင် ကြီးလာတဲ့အခါ သူတို့လည်း အကောင်ပေါက်လာ လိမ့်မယ်တဲ့၊ ပြီးရင် နောက်ထပ် ပြောင်းပင် အသစ်တွေရဲ့ ပင်စည်တွေမှာ ထပ်ဥ ချလိမ့်မယ်တဲ့၊ သူဖုန်းစားအိုကြီး ပြောပုံအရဆို ဒါက ဆောင်းရာသီ အင်းဆက်တွေကို အမြစ်ဖြတ် နှိမ်နင်းတဲ့ နည်းတဲ့၊ နောက်ထပ်က ပြောင်းခင်းထဲ ပဲတီစိမ်း စိုက်မယ်ဆိုရင် ပဲတီစိမ်းပင်တွေက သားလောင်းဖျက်ပိုးကို ဆွဲဆောင် လိမ့်မယ်တဲ့၊ ပြောင်းပိုးတွေ ကြောက်ရတဲ့ပိုးပေါ့”
ယခင် ဘဝတွင် သူမသည် စိုက်ပျိုးရေးတက္ကသိုလ် မဟာတန်း ကျောင်းသူတစ်ယောက် ဖြစ်ခဲ့သည်။ သူမက နှစ် ၃၀ ၏ တစ်ဝက်လောက်ကို စိုက်ပျိုးရေးသိပ္ပံ ဘာသာရပ်ကို လေ့လာခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ သူမက သည်နေရာကို ၁၂ နှစ်ကျော်တိုင် ကူးပြောင်း ရောက်ရှိ လာခဲ့ပေမဲ့ သူမရဲ့ ဗဟုသုတတို့ကို ဘယ်တုန်းကမှ မေ့မထားခဲ့ပါ။ ယခုလို ရှေးခေတ်ကာလတွင် အင်းဆက် နှိမ်နင်းဆေး၊ ကပ်ပါးကောင် နှိမ်နင်းဆေးတို့ မရှိပဲ ဒေသတွင်းနည်း တို့ကိုသာ သုံးကြရသည်။
အဖေယန်က ယုံတစ်ဝက် မယုံတစ်ဝက်နှင့် ခေါင်းညိတ်ခဲ့သည်။ သူလည်းပဲ သည်နည်းလမ်းနှင့် အလုပ်ဖြစ် မဖြစ် မသိပေ။ သို့သော် နောက်နှစ်တွင် စမ်းကြည့်ရန် စီစဉ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးစရာ မရှိပေ။
ရွှီချောင်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “အဖေ၊ ဒီနည်းလမ်းကို ကျွန်မတို့ တစ်မိသားစုတည်း သုံးရမှာ မဟုတ်ဘူး၊ တစ်ရွာလုံး လုပ်ရလိမ့်မယ်၊ မဟုတ်ရင် ပြောင်းပိုးတွေကို အပြတ်ရှင်းနိုင်မှာ မဟုတ်ဘူး” အတိတ်တွင် ပြောင်းဖူးပင်တို့မှာ ကြီးထွားနှုန်း နှေးခဲ့သည်။ ယင်းအပင်တို့ကို မီးစွဲစေပြီးနောက် ပြာတို့ကို မြေဩဇာအဖြစ် သုံး၍လည်းရသည်။ ယင်းအပင်တို့မှာ ပိုးကျနေလျှင် မနှိမ်နင်းပါက နှစ်စဉ် စိုက်ခင်းတွင် ပိုးကျနေမည် ဖြစ်ပြီး အထွက်နှုန်းလည်း လျော့ကျမည်ပင်။ သူမက ဤနည်းလမ်းအား သူမအမေကို ပြောဖူးသော်လည်း သူမ မိခင်မှာ စကားဆုံးအောင်ပင် ပြောခွင့်မပြုပဲ သူမကို ရိုက်နှက်ခဲ့သည်။
 
အဖေ ယန်က ခေါင်းညိတ်၍ ပြောလေသည်။ “ကောင်းပြီ၊ ငါ ဒီတစ်ခါ လီကျန်းနဲ့ ပြောကြည့်မယ်၊ နောက်နှစ် အထွက် တိုးရင်လည်း ကောင်းတဲ့ကိစ္စပဲလေ”
 
သူ ပြောပြီးလျှင် ပြောင်းခင်းထဲမှ ချန်က သူ့ကို စိုက်ကြည့်၍ စိတ်ဆိုးမာန်ဆိုး ပြောလေသည်။ “လူအိုကြီး၊ ဘာအကြောင်းတွေ ပြောနေတာတုန်း၊ အပျင်းထူချင်နေတာလား၊ မြန်မြန် ပြောင်းဖူး မချိုးသေးဘူးလား”
 
အဖေ ယန်က ရွှီချောင်ကို ရှက်ရွံ့စွာ ပြုံးပြ၍ “ ဒီအဖွားကြီးကြောင့် စိတ်အနှောင့်ယှက် မဖြစ်နဲ့၊ သူ့ သဘောထားက ဒီလိုပဲ၊ မင်း သူ့ကို လျှစ်လျှူရှုထားလိုက်”
 
“အဖေ၊ အဆင်ပြေပါတယ်၊ ဒါဖြင့်ရင် ကျွန်မ ပြောင်းဖူး သွားချိုးလိုက်ဦးမယ်”
 
သူမက တကယ်ကို အဆင်ပြေတာ ဖြစ်သည်။ ကလေးဘဝမှ အရွယ်ရောက်ချိန် ထိတွင် သူမမိခင်၏ စကားလုံးတို့မှာ ချန်ထက်ပင် ပိုဆိုးခဲ့သေးသည်။ ယခုအချိန်တွင် သူမက လွပ်လပ်စွာ တွေးခေါ် နိုင်သေးသည်။ ရိုးရိုးသားသား ပြောရလျှင် မြောင်မြောင့် အမေက ချန်၏ စကားလုံးတို့ကို သည်းမခံနိုင်တော့၍ ထွက်ပြေးသွားတာ ဖြစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေ ထိုစဉ်က ချန်၏ စကားလုံးတို့မှာ ယခုထက် ပိုဆိုး၍ ဖြစ်ရမည်။
 
လယ်ယာ အလုပ်လုပ်ရင်း အချိန်သည် လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မကြာမီတွင် နေဝင်တော့မည်။ ယာခင်းထဲမှ ပြောင်းဖူးတို့ကို ကြည့်ရင်း နှစ်ရက်အတွင်း အပြီးခူးနိုင်မည်ဟု ခန့်မှန်းလိုက်သည်။
 
သူတို့ အိမ်ပြန်ရောက်ချိန်တွင် ရှန်သည် ညစာ ပြင်ဆင် ပြီးခဲ့လေပြီ။ ခေါက်ဆွဲလုံးတုတ်၊ ပေါက်စီနှင့် ပြောင်းဖူးချက်တို့ ဖြစ်သည်။
မနေ့က လက်ထပ်ပွဲမှ ကျန်သည့် မုန်ညင်းချဉ် တစ်ပန်းကန်လည်း ပါသည်။ သူမ အခန်းပြန်ရောက်၍ ဆေးကြောသန့်စင် ပြီးသည်နှင့် ဖူကွေ့လည်း ပြန်ရောက် လာခဲ့သည်။
မနက်က သူ ယူသွားသည့် တိရစ္ဆာန်ဦးချိုနှင့် လုပ်ထားသည့်လေး အပြင် ပခုံးပေါ်တွင် ယုန်ရိုင်း နှစ်ကောင်ကို ထမ်း၍ ပြန်ရောက် လာခဲ့သည်။ သည့်အပြင် သူ့လက်မောင်းထဲတွင်လည်း ပစ္စည်းအချို့ကို အဝတ်နှင့် ထုပ်၍ ယူလာသေးသည်။ ရွှီချောင်ကို မျက်နှာ နီနီနှင့် နှုတ်ဆက်လိုက်သည်။ “ကိုယ်ပြန်လာပြီ၊ ယူပြီး သွားဆေးပေးပါဦး”
တောက်တောက်ပပ နေရောင်က ထိုသူ၏ ကျောနောက်တွင် ဖြာကျနေဆဲ ဖြစ်သည်။
ဖူကွေ့က စကားမပြောပဲ ရွှီချောင့်ကို ခန်ဆီ ခေါ်သွားလိုက်သည်။ ထို့နောက် သူက ကိုင်ထားသည့် ပစ္စည်း အပုံလိုက်ကို ခန်ပေါ်သို့ ဖြန့်ချလိုက်သည်။ ထိုမှသာ အထဲတွင်ပါသည့် အရာများကို ရွှီချောင် တွေ့တော့သည်။ တောရိုင်းဥ အလုံး ၂၀ ခန့်နှင့် ကြီးမားသည့် စပျစ်ရိုင်း ကိုင်းများဖြစ်သည်။ စပျစ်တို့မှာ ခရမ်းရောင်နှင့် အနက်ရောင်တို့ ဖြစ်ကြသည်။ စပျစ်တို့မှာ သေးသော်လည်း လုံးဝိုင်းကြသည်။ တစ်ချက်ကြည့်၌ပင် ရင့်မှည့်နေပြီ ဖြစ်ကြောင်း ပြောနိုင်သည်။
ဖူကွေ့က ရွှီချောင် ပျော်ရွှင်နေသည်ကို မြင်လျှင် ရိုးရှင်းစွာပြုံး၍ “တောင်ပေါ်က ခရမ်းရောင် စပျစ်တွေ အားလုံးက မှည့်ပြီး မြေပေါ် ကြွေကျနေတာလေ၊ မင်း စားချင်မယ် ထင်လို့ ကိုယ် ကောက်လာခဲ့တာ”
ရွှီချောင်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး ခေါင်းမော့၍ ပြုံးကာ ပြောလိုက်သည်။ “ကျွန်မ ကြိုက်ပါတယ်” သူမက ပြောပြီး တစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ ချို၍ အနည်းငယ် ချဉ်သည်။ အရသာမှာ အလွန်ကောင်းပြီး နောက်တစ်လုံးကို ပါးစပ်ထဲသို့ အမြန် ထည့်လိုက်သည်။
သူမသည် ယခင်ဘဝက စားခဲ့သော စပျစ်သီး၏ အရသာကိုပင် မေ့နေခဲ့လေပြီ။ တောင်ပေါ်တွင် စပျစ်ရိုင်း အမြောက်အများရှိပြီး အနီးနားတွင် ကလေးများလည်း ရှိကြသည်။ နှစ်စဉ် နှစ်တိုင်းတွင် စပျစ်ရိုင်းတို့ ရင့်မှည့်သည်နှင့် တစ်ပြိုင်နက် ကလေးများက ကောက်သွားကြသည်။ တောင်နက်ပိုင်းတွင်လည်း စပျစ်ရိုင်းများ ရှိပေမဲ့ အားကောင်းသည့် မုဆိုးတို့မှ လွဲလျှင် မည်သူမျှ မသွားရဲကြပေ။
ဖူကွေ့က နှုတ်ခမ်းတစ်ဖက် တွန့်ပြုံး၍ ခေါင်းခါလိုက်ပြီး တိတ်တိတ်လေး ပြောလိုက်သည်။ ‘ဇနီးလေးပြုံးတဲ့အခါ အရမ်းလှတာပဲ၊ သူ့မျက်လုံးတွေက ကွေးကွေးလေးနဲ့ တောက်ပနေတယ်’
“ဒါဆိုလည်း ရှင် မနက်ဖြန် ကျွန်မအတွက် နည်းနည်းလောက် ကောက်လာပေး၊ ဟုတ်ပြီလား၊ ကျွန်မ ယိုထိုးပြီး မြို့ထဲမှာ သွားရောင်းမလို့”
သည်နှစ်တွင် ကျန်းဟယ်နှင့် အနီးနားရွာတို့တွင် မွေးထားသော ကြက်များသည် ဖျားနာ၍ သေသွားကြသည်။ ဒါကြောင့် သည်နှစ်တွင် ဥများက ရှားပါးပစ္စည်း ဖြစ်နေသည်။ ဖူကွေ့ ကောက်လာသည့် တောရိုင်းဥ တို့ကိုလည်း မြို့သို့သာ တိုက်ရိုက် ရောင်းချကြသည်။
 
ဖူကွေ့က ဥတို့ကို ပိုက်၍ ရွှီချောင့်ကို မီးဖိုခန်းဆီသို့ ခေါ်လာခဲ့ပြီး ရှန်ရှီကို မြင်လျှင် ပြုံးကာ “ဒုတိယခယ်မရေ၊ ငါ ဒီတစ်ခါ တောရိုင်းဥ တစ်ချို့ ကောက်လာခဲ့တယ်၊ တစ်ချို့ကို ငါ့မိန်းမရယ် မြောင်မြောင်တို့ ကျွင်းကျွင်းတို့ရယ် စားဖို့အတွက် ချက်ပေးပါဦး၊ ကျန်တာကိုတော့ အရွက်တစ်ချို့နဲ့ရော ကြော်ရင် ကြော်ပေါ့”
 
ရှန်က ပြုံး၍ ရွှီချောင့်ကို ကြည့်ကာ “ကောင်းပါပြီ၊ ကျွန်မ ယောက်မအတွက် တိတ်တိတ်လေး ချက်ပေးပါ့မယ်၊ ကျန်တာကိုတော့ ကြော်လိုက်လို့ ရတယ်မလား”
 
“ဖူကွေ့က ကြောင်စီစီပြုံး၍ “သေချာတာပေါ့”
 
 

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora