Chapter 39

2.3K 203 1
                                    

အခန်း ( ၃၉ )

ရွှီချောင်က မကောင်းမှန်း သိပေမဲ့ ရင်ထဲတွင် ရယ်နေမိသည်။ ရှောင်အန်းနှင့် စေ့စပ်ထားသည့် ခုန်းကျန့်ဟုန်သည် ချောင်ပူ မြို့၌ နွေဦးတုန်းက ကျင်းပခဲ့သည့် လူငယ် ပညာရှင် စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ပြန်ရောက်လာကြောင်းနှင့် စာပေ ပညာရှင် ဖြစ်လာကြောင်းတို့ကို ကြားသိခဲ့ရသည်။ အမှန်ပင် ထိုသူက အသက် ၁၆ နှစ်တွင် ပညာရှင် ဖြစ်လာခဲ့ပြီး အလားအလာ ကောင်းလေသည်။ သူက ထက်မြက်သည့် စာပေပညာရှင် ဖြစ်လာနိုင်သည်။ ခုန်း မိသားစုရဲ့ အမြင်လည်း ကျယ်ပြန့်လာခဲ့ပြီး သူတို့က ရှောင်အန်းနှင့် ပညာရှင် မထိုက်တန်ဟု ခံစားလာရသည်။ ရှောင်အန်းကို မည်သည့် စကားတွေ ပြောလိုက်၍ ရှောင်အန်း ထွက်ပြေးသွားရသည်လဲ။

"ဒုတိယ ယောက်မ၊ ကျွန်မ သိပြီ၊ ကျွန်မတို့ အကူညီတောင်းဖို့ တစ်ယောက်ယောက်ကို ရှာရအောင်၊ ဖူကွေ့လည်း ခဏနေရင် ပြန်လာလောက်ပြီ၊ တောင်ပေါ်သွားတဲ့ လမ်းမှာတင် သူနဲ့ တွေ့ရလောက်တယ်"

"ကောင်းပြီ၊ ဒါဖြင့် သွားရှာရအောင်၊ ရှောင်အန်း အဲ့ကိစ္စကို တွေးမနေဖို့ မျှော်လင့်ရတာပဲ" ရှန်က သက်ပြင်းချလိုက်သည်။ ထို မိန်းမအိုကြီး ရှောင်အန်းကို ဘယ်လို စကားမျိုးတွေ ပြောခဲ့လောက်သည်ကို ခန့်မှန်းမိပါသည်။

ရွှီချောင်က မြောင်မြောင့်ကို အိမ်တွင် နေရန် ညွှန်ကြားခဲ့ပြီး မြောင်မြောင်က နာခံစွာ ခေါင်းညိတ်ခဲ့သည်။ "အမေ၊ မြောင်မြောင်က အမေ့စကား နားထောင်ပြီး အိမ်မှာပဲ နေပါ့မယ်"

ရွှီချောင်က အိမ်တံခါး သော့ခတ်၍ တောင်ဆီသို့ အပြေးလာခဲ့သည်။

သူမတို့ တောင်‌ခြေကို ရောက်ရောက်ချင်းပင် အမဲလိုက်ပြီး ပြန်လာသည့် ဖူကွေ့နှင့် ဆုံကြသည်။ ရွှီချောင်က ဖူကွေ့ကို အဖြစ်အပျက်ကို တစ်ဖန် ပြန်ပြောပြခဲ့သည်။ ဖူကွေ့ရဲ့ အမူအရာမှာ ရုတ်ခြည်း နက်နဲသွားပြီး ပါလာသည့် လေးနှင့် တောကောင်တို့ကို လယ်ယာအလုပ် လုပ်သည့် တစ်ရွာတည်းသားထံ ပစ်ပေးခဲ့သည်။ ပြီးနောက် ရွှီချောင့် နောက်မှ လိုက်ကာ လူရှာရန် တောင်ပေါ် တက်ခဲ့သည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ