Chapter 21

2.8K 239 6
                                    

Chapter 21

အခန်း ( ၂၁ )

ရွှီချောင်လည်း သူနှင့် ပြိုင်ငြင်းမနေပဲ ရှက်သွေးဖြန်းရင်း သူမကို ခန်ဆီ သယ်သွားခွင့် ပြုလိုက်သည်။

နောက်ဆုံးတော့ သူမရဲ့ လေးလံနေတဲ့ နှလုံးသားလေး ပေါ့ပါးသွားခဲ့ပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဖူကွေ့ တောင်အတွင်းပိုင်းဆီ ဝင်ရောက်‌နေစဉ်က သူမမှာ အလွန်စိတ်ပူ နေခဲ့ရသည်။ ရွာတွင် တောင်အတွင်းပိုင်းဆီ အမဲလိုက်ထွက်ရင်း ပြန်မလာနိုင်တော့သည့် မုဆိုးများလည်း ရှိဖူးသည်။

ဖူကွေ့က ရွှီချောင်ကို ဖက်လိုက်ပြီး စောင်ခြုံပေးလိုက်သည်။ သူက မြောင်မြောင်လေး ကုတင်အတွင်းပိုင်းတွင် အိပ်နေသည်ကို မြင်သော် ရွှီချောင့် နား နားကပ်၍ တီးတိုးပြောလိုက်သည်။

“ကိုယ်တောင်ပေါ်မှာ ရက်ပိုင်းလောက် နေခဲ့ရတာမို့ ရေအရင်ချိုး လိုက်ဦးမယ်”

ဖူကွေ့က ဆေးကြောသန့်စင်ပြီး၍ အနွေးထည် ဝတ်ပြီးနောက်မှ အိပ်ရာထဲ ဝင်လာခဲ့သည်။ သူ့ကိုယ်သူ အရင်နွေးစေပြီးမှ ရွှီချောင်ကို သူ့လက်မောင်းများထဲသို့ ဖက်လိုက်သည်။

ရွှီချောင်က ရှက်သွေးဖြာသွားပြီး သူ့ကို ဖက်ခွင့်ပြုထားခဲ့သည်။ အချိန်တစ်ခုခန့် ကြာပြီးနောက် သူမက ညင်သာစွာ မေးလိုက်သည်။

“ဒီရက်တွေမှာ ဘာတွေ ဖြစ်ခဲ့သေးလဲ”

ဖူကွေ့က သူမရဲ့ နူးနူးညံ့ညံ့ လည်ပင်းလေးကို ပွတ်သပ်၍

“ထူးထူးခြားခြားတော့ မရှိပါဘူး၊ ဝက်သိုး တစ်ကောင် ဖမ်းလာခဲ့တယ်၊ ကိုယ်တို့တွေ ဆောင်းရာသီအတွက် မပူရတော့ဘူး၊ ကိုယ်တွေးနေတာ…အဖေကလည်း မိသားစုခွဲဖို့ သဘောတူလိုက်ပြီ ဆိုတော့ အမေတို့နဲ့ အခုလိုမျိုးတွေ ဝေမျှလို့ ရတော့မှာမဟုတ်ဘူး၊ မိသားစုရဲ့ မြေဧက တချို့ ရှိပေမဲ့လည်း ကိုယ်တို့တွေ ထည့်စဉ်းစားဖို့ မလိုဘူး၊ ဝက်သိုး တစ်ကောင်နဲ့ဆို လုံလောက်မှာပါ၊ ကိုယ်တို့ မိသားစု သုံးယောက် ဆောင်းတွင်းမှာ စားဖို့ လုံလောက်ပါတယ်၊ ကိုယ် နောက်ဖေး ကွက်လပ်မှာ မြေတိုက်တစ်ခု တူးပေးမယ်၊ ဒါမှ စားစရာတွေ ထည့်ထားလို့ရမှာ၊ မြေတိုက် တံခါးမှာလည်း သော့တစ်လုံး ထားဖို့မမေ့နဲ့”

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora