Chapter 19

2.3K 243 4
                                    

Chapter 19

အခန်း ( ၁၉ )

ရွှီချောင်နှင့် ရှန်တို့ ထွက်လာချိန်တွင် နျိုက ခြံထဲ၌ ပိုးထည် သေတ္တာနှင့်အတူ မတ်တတ်ရပ်နေခဲ့သည်။ ချန်က မီးဖိုခန်းတံခါး ရှေ့တွင် ရပ်၍ နျိုကို မုန်းတီးစွာ ကြည့်နေခဲ့ပြီး “တိရစ္ဆာန် ခြေထောက်လိုဟာလေး၊ ငါ့ကို လန့်သေအောင် လုပ်နေတာလား” ချန်က ပြောပြီး သူမလက်ထဲမှ ပိုးထည် သေတ္တာကို မြင်သွားသည်။ ပိုးထည်သေတ္တာရဲ့ တောက်ပြောင် လှပနေမှုကို ကြည့်ပြီး တန်ဖိုး မနည်းလောက်မည်ကို သိကာ ဒေါသတကြီး ပြောလိုက်သည်။ “မင်းကိုင်ထားတာ ဘာလဲ၊ ငါတို့အိမ်က ပစ္စည်းကို ခိုးထားတာလား”

သူမက လက်ထဲမှ ပိုးထည်သေတ္တာကို မြှောက်၍ ပြောလိုက်သည်။ “အမေ၊ ယောက်မက ဒီ ပိုးထည်သေတ္တာကို သူ့ အခန်းထဲမှာ ဝှက်ထားခဲ့တယ်၊ ဒီထဲမှာ ငွေတုံးနဲ့ လက်ဝတ်ရတနာ တော်တော်များများ ရှိလောက်တယ်၊ သူ့မိသားစုက ဆင်းရဲတယ်လေ၊ ဒါကို သူ ဘယ်လို ဝယ်နိုင်မလဲ၊ သတို့သား တင်တောင်းပစ္စည်းကို ခိုးထားတာပဲ ဖြစ်ရမယ်၊ အမေ ဘာပျောက်သေးလဲ”

လူတိုင်းက ထိုသို့ကြားသော် ကြောင်အသွားခဲ့ကြသည်။ ရွှီချောင်နှင့် ရှန်က နျိုကို သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်နေခဲ့ကြသည်။ ဤ ကမ္ဘာတွင် ထိုမျှလောက် အရှက်မဲ့သည့် မိန်းမမျိုး ဘယ်လိုကြောင့် ရှိနေသည်လဲ တကယ်ကို သိချင်မိသည်။ ချန်က ပိုးထည်သေတ္တာကို ကြည့်ပြီး အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဤ သေတ္တာမှာ အလွန်လှပြီး ကြည့်ရသည်မှာ တန်ကြေးမနည်းပေ။ ရွှီချောင်တို့ မိသားစုက ဆင်းရဲရာ ထိုမျှ ကောင်းမွန်သည့် တင်တောင်းပစ္စည်းမျိုး မရှိနိုင်ကြောင်း တွေးမိသည်။ သူမကို ဖူကွေ့ ပေးတာပဲ ဖြစ်ရမည်။ ထိုသို့ တွေးမိသော် ချန်က ရွှီချောင်ကို ကြည့်ကာ ဒေါသတကြီး ပြောသည်။ “ဒီအဖိုးတန် ပစ္စည်းကို ဘယ်ကရတာလဲ”

ရွှီချောင်က နှုတ်ခမ်းကို တင်းတင်းစေ့၍ နျိုကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူမလက်ထဲမှ သေတ္တာကို မြင်သော်လည်း ရှေ့တက်၍ မယူရဲပေ။ ပြုတ်ကျခဲ့လျှင် အတွင်းရှိ လက်ကောက်ကို ဆုံးရှုံးရနိုင်သည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Onde histórias criam vida. Descubra agora