Chapter 59

3K 257 3
                                    

အပိုင်း (၅၉)

အမေချန်က ဤရက်များအတွင်း အလွန် ရိုးသားလာ၏။ ယခုတွင် သူ(မ) ဖူကွေ့၏နောက်ခံအကြောင်းကို သိပြီးဖြစ်၍ သဘာဝအတိုင်း ဖူကွေ့ကိုတော့ သွားပြီး စော်ကားလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုဆိုလျှင် ရွှီချောင် ယန်မိသားစုထဲဝင်လာသည်မှာ နှစ်,နှစ်နီးပါးပင် ရှိပြီဖြစ်သည်။ သူ(မ) ချန်ရှူအား ဖူကွေ့ဆီ မပေးနိုင်လျှင်တောင် သူ(မ)အမျိုးထဲမှ မိန်းကလေးတစ်ယောက်ယောက်အား ဖူကွေ့ထံ ပေးချင်နေသေး၏။ လွန်ခဲ့သောရက်အနည်းငယ်က အမျိုးသမီးချန်၏အမေ့ညီမဖြစ်သည့် သူ(မ)၏အဒေါ် သူ(မ)အား လာရောက်တွေ့ဆုံခဲ့သည်။ အဒေါ်ချန်၌ ယခုတွင် ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သော မြေးမလေးတစ်ယောက်ရှိ၏။ သူ(မ)လေးအတွက် သူ(မ)မှာ ကြွယ်ဝသောမိသားစုအား ရှာဖွေနေခဲ့သော်လည်း ကြန့်ကြာနေခဲ့ရသည်။ ယခုတွင် အမျိုးသမီးချန်၏အကြီးဆုံးသားက ချမ်းသာလာပြီဆိုသည့်သတင်းကို ကြားသည်နှင့် သူ(မ)က ရောက်လာခဲ့ခြင်းဖြစ်သည်။

စားပွဲတွင် ပျော်ရွှင်စွာ စားသောက်နေကြသည့် လူများကိုမြင်လျှင် အမေချန်က တစ်ခုခုပြောရန် အခွင့်အရေးယူချင်ခဲ့သည်။ မည်သို့ဆိုစေ မှားနေသည့်သူက သူ(မ)၏ချွေးမအကြီးဆုံးသာ မဟုတ်ပါလား။ အကယ်၍ ချွေးမကြီးကသာ အိမ်ထဲဝင်ပြီးနောက် တစ်နှစ်အတွင်း ကိုယ်ဝန်ဆောင်နိုင်ခဲ့လျှင် အဆင်ပြေသော်လည်း ယခုတွင် နှစ်,နှစ်ပင် ရှိသွားပြီဖြစ်သည်။ ယခုထိတိုင် ကိုယ်ဝန်မဆောင်နိုင်သေးမှဖြင့် သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခုမှားနေလို့ပင်။ သူ(မ)သာ ထိုအကြောင်းအား ထောက်ပြလျှင် မိသားစုကလည်း သဘောတူလာလောက်ကြမည်ပင်။

"ဒါနဲ့ သားကြီး"

အမေချန်က ချောင်းနှစ်ချက်ဟန့်ပြီး ပျော်ရွှင်စွာ သောက်နေသည့် ဖူကွေ့အား ကြည့်ကာ

"အမေ သားကို ပြောစရာရှိလို့"

သူ(မ)က ပြောရင်းဖြင့်လည်း ရွှီချောင်အား လှမ်းကြည့်လိုက်သေး၏။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now