တောင်သူကြီး၏ဇနီးလေး - ၄၉.၁
ထိုသို့တွေးလိုက်သည့်အခါ ချန်၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားသည်။
သူမ(ရွှီချောင်)က ဖူကွေ့ရဲ့နောက်ထပ်ကလေးတစ်ယောက်ကို မွေးပေးနိုင်ပေမဲ့ သူမရဲ့တူမရွှီအာက ကလေးမမွေးပေးနိုင်ပေ။ ချန်သည် ရွှီချောင်ကို မော့ကြည့်ကာ အော်ပြောလေသည်။ "ဘာပဲဖြစ်ဖြစ် နင်လက်ထပ်တာ တစ်နှစ်ကြာတဲ့အထိ ကိုယ်ဝန်ရှိတယ်ဆိုတာ ငါမကြားခဲ့ရဘူး၊ နင်က အသုံးကိုမကျဘူးပဲ! နောက်မှ ကလေးယူတာက ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ ငါမကြားဖူးပါဘူး၊ ငါကတော့ နင်ကလေးမမွေးနိုင်ဘူးလို့ ထင်တာပဲ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ဖူကွေ့အတွက် နောက်အိမ်ထောင်ပြုဖို့အတွက် ရှာပေးမှာပဲ၊ တကယ်လို့ နင်သဘောမတူချင်ရင်တောင် သဘောတူကိုတူရမယ်!"
ချန်ရဲ့သဘောထားကို သိလိုက်ရပြီးနောက်မှာ ရွှီချောင်ရဲ့မျက်နှာသည် အနည်းငယ် အေးစက်လာလေသည်။ နောက်တစ်ချက်က ဒီမိန်းမရဲ့အတွေးတွေက လုံးဝကို ခေတ်နောက်ကျနေသည်။
ရွှီချောင်သည် ထေ့ငေါ့၍ "အမေ၊ ကလေးမမွေးနိုင်လို့ ကွာရှင်းထားတဲ့အမေ့ရဲ့တူမကို ကျွန်မတို့မိသားစုမှာ မထားနိုင်ဘူးလို့ ကျွန်မ ပြောပြီးသားနော်၊ ရှင့်မှာ အရှက်မရှိဘူးပဲ၊ တကယ်လို့ ကျွန်မက ကလေးမမွေးနိုင်ရင်တောင် ဆရာဝန်ကိုပဲ ရှာမှာပေါ့၊ ကျွန်မဆီကို ကလေးမမွေးနိုင်ဘူးဆိုတဲ့ ရေဆိုးရေညစ်စကားတွေ လာပြောမနေနဲ့"
ချန်ရဲ့မျက်နှာသည် ရွှီချောင်၏စကားကြောင့် ပို၍ရုပ်ဆိုးလာလေသည်။
ရွှီချောင်သည် အမေချန် ရူးသွမ်းနေတဲ့စကားတွေ ထပ်မပြောခင် နောက်ထပ် လှောင်ပြောင်ပြောလိုက်သည်။ "အမေ၊ ရှင်က ရွာထဲကလူတွေရဲ့ လှောင်ပြောင် ပြောနေမဲ့ စကားတွေကို တကယ် မကြောက်ဘူးပေါ့၊ တကယ်လို့ ရှင်က အတင်းအကြပ် ချန်ရွှီကို ဖူကွေ့ရဲ့ မယားငယ်ဖြစ်အောင် လုပ်မယ်ဆိုရင် ကျွန်မတို့မိသားစုက ရွာမှာနေတော့မှာ မဟုတ်ဘူးနော်၊ အဲ့ဒါအပြင် ကျွန်မက ဖူကွေ့မယားငယ်ယူဖို့အတွက် ခွင့်မပြုဘူးနော်၊ အဲ့ဒါကြောင့် အမေ့ရဲ့စိတ်ကို လျှော့လိုက်ပါ"