Chapter 22

2.4K 239 3
                                    

အခန်း ( ၂၂ )

ဖူကွေ့က အမြန် ခေါင်းယမ်းလိုက်ပြီး

"ဦးလေးကျောင်း၊ ဒါတော့ မဖြစ်ဘူးဗျ၊ အခု အကြွေး မရောင်းဘူးဗျ၊ ဦးလေး ကျွန်တော့်ကို အရင်နှစ်နဲ့ အဲ့ဒီရဲ့ အရှေ့နှစ်က အကြွေးတွေလည်း မပေးရ သေးဘူးလေ၊ အခုထပ်ပြီး အကြွေး မရောင်းတော့ဘူးဗျ"

သူက အရူးမဟုတ်ပေ။ အရင်က သူအမဲလိုက်၍ သားကောင် ရလာလျှင် ရွာထဲကလူတွေ သူ့ဆီက ဝယ်ကြပြီး ထိုအချိန်တိုင်း သူ အမြဲလိုလိုပင် မျက်လုံးတစ်ဖက် ပိတ်ပေးထားခဲ့သည်။ လူတချို့က အစွန်းထွက် ပမာဏလောက် ဖြစ်ဖြစ် သူ့ဆီက အခွင့်ကောင်းယူ ရသည်ကို ကြိုက်ကြသည်။ လက်ငင်း မဝယ်ကြပဲ အကြွေးသာ ဝယ်ကြပြီး ထိုအကြွေးတို့မှာ တစ်နှစ် သို့မဟုတ် နှစ်နှစ် ဖြစ်သွားလျှင် သူသည်လည်း ဂရုစိုက်မနေတော့ပေ။ အခုတော့ သူ့တွင် လက်ထပ်ပြီး၍ ဇနီးမယားလည်း ရှိလာပြီ ဖြစ်ပြီး ထိုအတိုင်း ဆက်နေလို့ မရတော့ပေ။ သူသည်လည်း ပိုက်ဆံစုရန် လိုသေးပြီး စောင့်ရှောက်ရန် ဇနီးလည်း ရှိသေးသည်။

ဦးလေးကျောင်းက ရှက်ရွံ့မှုကြောင့် မျက်နှာနီသွားပြီး ရှက်ဝဲဝဲနှင့် ပြောလေသည်။

"ပိုက်ဆံ ပြတ်လပ် နေလို့လား၊ မဟုတ်ရင် ငါ့ကို ဝက်သား ၅ ပေါင်လောက် ပိုင်းပေးပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်က အကြွေးတွေကို ဒီနှစ် နှစ်ကူးကျ ပေးပါ့မယ်ကွာ"

ဖူကွေ့က ခေါင်းယမ်း လိုက်သည်။ သူသည် တကယ့်ကို တုံးအနေခြင်း မဟုတ်ပါ။ ရွာထဲမှ လူတွေက သူ့ကို 'ထိုင်းထိုင်းမှိုင်းမှိုင်း၊ ထုံထုံအအ' လို့ ထင်ခဲ့ကြခြင်းမှာ သူ အရင်က မျက်စိတစ်ဖက် မှိတ်၍ နေခဲ့ခြင်းကြောင့် ဖြစ်ပြီး သူ့အမေ သည်လည်း သူ့ကို အမြဲလိုလိုပင် လက်ဖွာသည်ဟု ဆူပူခဲ့ဖူးသည်။ ထိုအချိန်က သူနှင့် ရှောင်မြောင်မြောင်သာ ရှိသေး၍ ပိုက်ဆံ အနည်းငယ်နှင့်ပင် လုံလောက်ခဲ့သည်။ ဒါပေမဲ့ အခုချိန် တွင်တော့ ကွာခြားသွားလေပြီ။

သူက အခုလိုမျိုး အကြွေးရောင်းရန် ငြင်းဆိုလိုက်မှုကြောင့် ဝက်သား လာဝယ်သည့် ရွာသားတွေ ပိုနည်းလာ ခဲ့ပြီး ဒီအကြောင်းကို ပြောနေကြသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now