တောင်သူကြီး၏ဇနီးလေး - ၄၈
အလွန်ဆိုးလွန်းသော ဦးလေးထွက်သွားပြီးနောက် သူတို့အား ထပ်ပြီး စိတ်အနှောင့်အယှက် ပေးမယ့်သူ မည်သူမျှမရှိတော့ပေ။ ဒါပေမဲ့ ယောက္ခမဖြစ်သူသည် တစ်ချိန်လုံး သူမတို့ဆီ ပြေးလာတတ်သည်။ သူမ(အမေချန်)သည် သူမ(ရွှီချောင်)ရဲ့ ယောက္ခမဖြစ်နေတာကြောင့် အပြင်ဘက်တွင် သူမတို့ဆီမလာနိုင်အောင် တားဆီးလို့မရပေ။ သူမရဲ့ယောက္ခမသည် အမြဲတမ်း သူမတို့ဆီဝင်လာပြီး ကြောက်စရာကောင်းသော မနာလိုတဲ့အကြည့်ဖြင့် ကြည့်ပြီး သူမ(ရွှီချောင်)ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ချင်နေတဲ့ပုံ ဖြစ်နေလေသည်။
သူမ(ယောက္ခမ)ကို အဝေးသို့ ပို့လိုက်ပြီးနောက် ရွှီချောင်သည် ရွာထဲရှိ တို့ဟူးဆိုင်သို့ တို့ဟူးအနည်းငယ်ဝယ်ဖို့ သွားခဲ့သည်။ တို့ဟူးချဉ်ကို ကြိုးစားလုပ်ကြည့်ဖို့ရန် ဖြစ်သည်။ သူမသည် အရသာကို လုံးဝမေ့သွားပြီ ဖြစ်လေသည်။
သူမသည် တို့ဟူးကို ဝယ်လာပြီးနောက် အတုံးသေးသေးလေးတွေဖြစ်အောင် တုံးလိုက်သည်။ ထို့နောက် ကောက်ရိုးဖြင့် ဖုံးအုပ်ထားသော ဝါးခြင်းတောင်းတစ်ခုကို တွေ့ခဲ့ပြီး အဖြူရောင်ပိတ်စပေါ်တွင် အဖြူရောင် ပိတ်စအလွှာ အနည်းငယ်ကို တင်ထားလိုက်ကာ နောက်ဆုံးတွင် အဖြူရောင်ပိတ်စပေါ်သို့ ကောက်ရိုးတစ်ထပ်ကို ဖြန့်ခင်းထားလိုက်သည်။
ယခုအချိန်တွင် ရာသီဥတုအေးနေပြီး သူမသည် တိုဟူးချဉ်လုပ်ကြည့်ဖို့ရန် စိတ်အားထက်သန်နေလေသည်။ တို့ဟူးချဉ်လုပ်ရာတွင် အရေးကြီးဆုံးအဆင့်သည် ပုံသွင်းရန်ဖြစ်သည်။ ပထမအချက်သည် အပူချိန် ထိန်းညှိရန်ဖြစ်သည်။ ဝါးခြင်းတောင်းကို မီးလင်းဖိုဘေးတွင် ချထားပြီး အပူချိန်ကို ၂၀ ဒီဂရီအထိ ရှိစေသည်။
၄ ရက်၊ ၅ ရက်ကြာပြီးနောက် ရွှီချောင်သည် အနီးနားတွင် မှိုတက်နေသော တိုဟူးများကို တွေ့လိုက်ရသည်။ သူမသည် ဟင်းခတ်အမွှေးအကြိုင်များ ပြင်ဆင်ခြင်း၊ အမွှေးနံ့သာ(၁၃)မျိုး၊ ဆားနှင့် မှိုတက်နေသောတိုဟူးတို့ကို ရောစပ်ထားသော ဟင်းခတ်အမွှေးအကြိုင်များဖြင့် ရောနယ်ကာ ပြင်ဆင်ထားသော ကြွေအိုးငယ်များထဲသို့ ထည့်ရန် အလုပ်များနေသည်။ သူမသည် ဝိုင်အနည်းငယ်ပါသော ကြွေအိုးအသေးလေး နှစ်အိုးကို ပြင်ဆင်ထားပြီး ဝိုင်အရသာ အနည်းငယ်မျှသာရှိပြီး ရနံ့သင်းကာ အိုးထဲတွင် ရေအနည်းငယ်ကိုလည်း ပေါင်းထည့်ထားလေသည်။ အချိန်အတိုင်းအတာတစ်ခုသို့ရောက်သည့်အချိန်တွင် စားနိုင်ရန် ကြွေအိုးနှစ်အိုးကို အလုံပိတ်လိုက်သည်။