Chapter 47

2.2K 184 1
                                    

အခန်း ( ၄၇ )

နေ့လယ်စာ စားပြီးနောက် ကျန်နေသည့် အရိုးတို့ကို ရှောင်ပိုင်နှင့် ဟေးကျီတို့ကို ကျွေးလိုက်သည်။ ရှောင်ပိုင်က ယခုနောက်ပိုင်း ကောင်းကောင်းစားရသည်။ သူက အဆီအသားတို့နှင့် ပြည့်နေပြီး အလေးချိန် တက်လာခဲ့သည်။ သေးသေးပုပု ခွေးလေး မဟုတ်တော့ပဲ ပို၍ သန်မာလာခဲ့သည်။ ဟေးကျီကတော့ ယခင်အတိုင်းပင်။ တောက်ပြောင်နေသည့် အမွှေးတို့နှင့် အမြဲတစေ တည်ငြိမ်သည့် ပုံစံရှိသည်။ သူက အရိုးကိုက်နေလျှင်ပင် ရှောင်ပိုင်ထက် ပို၍ အိန္ဒြေရသည်။

ရှောင်ပိုင်သည် သူ့အစာကို ကာကွယ်ရင်း စားနေခဲ့ပြီး တစ်ချက်တစ်ချက်တွင် မသိစိတ်အလျောက် မာန်ဖီနေခဲ့သည်မှာ ဟေးကျီ စိတ်မရှည် ဖြစ်လာပြီး ဟိန်းဟောက်သည့်အချိန်ထိပင်။ ကြည့်ရသည်မှာ သူက ယခုမှ အသိတရား ဝင်သွားပုံရကာ ဟေးကျီကို စစ်မှန်ရိုးသားစွာ ကြည့်နေခဲ့သည်။

ဆေးကြောပြီးနောက် ရှောင်ရှန်းက အာလူးရစ်ငှက်ဟင်း အိုးတစ်ဝက်ကို ပြန်ယူသွားခဲ့သည်။ ရွှီချောင်က သူ လမ်းတွင် မှောက်ကျမည်ကို စိုးရိမ်၍ ခြံတံခါးသော့ခတ်ပြီး မြောင်မြောင့်ကို ခေါ်ကာ ရွှီအိမ်သို့ လိုက်လာခဲ့သည်။

အိမ်တွင် အာ့ယာနှင့် စန်းယာတို့သာ ရှိသည်။ ရွှီချောင်ကို မြင်လိုက်လျှင် ကလေးမလေး ၂ ယောက်က အမြန်ပြေးလာပြီး ပြုံး၍ ပြောလိုက်သည်။ "တာ့ကျဲ၊ အမ ပြန်လာတာလား၊ ရှောင်ရှန်းက အမအိမ်ကို ရောက်လာပြန်တာလား၊ အရသာရှိလား"

ရွှီချောင်က ရစ်ငှက်အာလူးဟင်းနှင့် ဥပန်ကိတ်တို့ကို ခြင်းထဲမှထုတ်လိုက်ကာ "အာ့ယာ၊ စန်းယာ၊ မင်းတို့ ဗိုက်ဆာနေကြပြီလား၊ ဒီမှာ ပန်ကိတ် ယူလာတယ်၊ မင်းတို့ ၂ ယောက် မျှစားလိုက်ကြ၊ ဒီ ရစ်ငှက်ဟင်းကိုတော့ အဖေတို့ အမေတို့ ပြန်လာတဲ့ထိစောင့်ပြီး ညစာစားမှ စားတော့၊ စားကောင်းလား" သူမက ပန်ကိတ်တွင် ဥအမြောက်အများ ထည့်လုပ်ခဲ့သည်။ သူမက ၎င်းပန်ကိတ်တို့ကို ခြင်းတောင်းထဲထည့်၍ အပေါ်မှ ပိတ်ကျဲစနှင့် အုပ်လာသည်ဖြစ်ရာ နွေးနေသေးသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ