Chapter 20

2.5K 234 1
                                    

Chapter 20

အခန်း ( ၂၀ )

ရွှီချောင် ထိုသို့ ကြားလိုက်သောအခါ မှင်တက်သွားခဲ့သည်။ သူမက အဖေယန်ကို မျက်တောင်ခတ်၍ ကြည့်လိုက်ပြီး မေးလိုက်သည်။ “အဖေ၊ ဖူကွေ့ ပြန်လာတဲ့ထိ စောင့်ပြီးမှ ရွှေ့လို့ မရဘူးလား၊ အခုချက်ချင်းပဲလား”

အိမ်ထောင်ခွဲမည် ဆိုသည့် စကားကို ကြားတော့ ချန်ရဲ့ မျက်လုံးတွေ နီရဲလာခဲ့သည်။ ယခု သူမက ဒေါသကြီးနေတဲ့ အဖေယန်ကို စကားမဆိုပဲ ကြည့်နေသည်။

အဖေယန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “အခုပဲ၊ အဲ့ဒီ အခန်းက လက်ရှိမှာ ရှောင်အန်း နေ,နေတယ်၊ ရှောင်အန်း ပြန်လာအောင် စောင့်ပြီး လဲလိုက်ကြ၊ ဘေးဘက်က အခန်းလွတ်ကိုလည်း သပ်သပ်ရပ်ရပ် ရှင်းလင်းထားပေါ့၊ နက်ဖြန်ကျ ပန်းရံသမားကို ခေါ်ပြီး မီးဖို တစ်ခု ဆောက်ပေါ့၊ မင်းတို့မှာ ပိုက်ဆံပြည့်တာနဲ့ အပြင်မှာ အိမ်ကြီးကြီးနဲ့ နေနိုင်တယ်”

အဖေယန်က ကျိုးကြောင်းဆီလျော်သည့် လူဖြစ်သည်။ သူက မိသားစု မခွဲလျှင် ထိုကိစ္စတွေက အဆင့်ဆင့် ဆက်ဖြစ်နေဦးမည်ကို သိသည်။ ယခုပဲ မိသားစုခွဲပြီး သီးခြားစီ နေသည်က ပိုကောင်းလေသည်။ အနာဂတ်တွင် မိန်းမအိုကြီး ဆူဆူညံညံ မလုပ်တော့ဟု မျှော်လင့်ရသည်ပင်။

“ဒါနဲ့၊ မင်းတို့ကို ခွဲပေးထားတဲ့ ၂ ခန်းအတွက် သော့ ၂ တွဲ ဝယ်ဦး၊ မင်းတို့ သော့ခတ်ထားသင့်တယ်၊ ဟမ့်၊ ဒီလို အကာအရံတွေကိုတော့ အိမ်တွင်းသူခိုးက မဖျက်နိုင်ဖို့ မျှော်လင့်တယ်” လူအိုကြီးယန်က နျိုက စိုက်ကြည့်ကာ ပြောလိုက်သည်။

နျိုက ရှောင်ထုန် ကွာရှင်းမည် ပြောစဉ်က ထိတ်လန့်သွားခဲ့ရပြီး ယခု အဖေယန်ထံမှ စိုက်ကြည့်ခြင်းပါ ခံလိုက်ရတော့ မျက်ရည်များ ပိုပို၍ ကျလာတော့သည်။

“မင်းက ဘာလို့ ငိုနေတာလဲ၊ မင်းကြောင့်သာ မဟုတ်ရင် ငါတို့မိသားစု ဒီလိုတွေ ဖြစ်မလား” ယန်ရှောင်ထုန်၏ မျက်လုံးတို့က အနည်းငယ် နီရဲနေလေသည်။ ဒီ ဇနီးကို သူကိုယ်တိုင် ခံစားချက်ရှိ၍ ရွေးချယ်ထားခြင်း ဖြစ်သည်။ ယခုတော့ သူမနှင့် ကွာရှင်းရတော့မည် ဖြစ်၍ အလွန် ဝမ်းနည်းမိသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ