Chapter 14

2.5K 251 1
                                    

တောင်သူကြီးရဲ့ဇနီးလေး - ၁၄
 
အခြေခံအားဖြင့် တောင်သူလယ်သမားများသည် လယ်ထဲရှိ စပါးများရိတ်သိမ်းပြီးချိန်တွင် လယ်ယာအလုပ် လုပ်စရာ မရှိတော့ပေ။ ယန်၏စပါးများသည် ရက်အနည်းငယ် အခြောက်ခံပြီးနောက် ‌အခြောက်ခံပြီးလုနီးပါးဖြစ်လာသည်။ စပါးများအားလုံးကို အိတ်ကြမ်းထဲသို့ ထည့်ကာ သိမ်းထားလိုက်သည်။ စားရမည့်အချိန်ရောက်လျှင် စပါးများကို ဂျုံမှုန့်ဖြစ်လာအောင် ကြိတ်လိုက်သည်။
 
ယန်မိသားစုတွင် မြေ ၄ ဧကနှင့် စပါးစိုက်ပျိုး‌သောမြေ ၄ ဧကရှိပြီး စုစုပေါင်းမြေ ၈ ဧကရှိသည်။ လွန်ခဲ့သည့်တစ်လက စပါးရိတ်သိမ်းပြီးနောက် ယခုထပ်မံ၍ စပါးရိတ်သိမ်းပြန်သည်။ အခွန်ဆောင်ပြီးလျှင် စားဖို့အတွက် လုံလောက်ရုံမျှသာရှိလေသည်။
 
လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ယန်မိသားစုသည် ကျွဲ၊ နွားများကို ငှားရမ်းခဲ့သဖြင့် ငှားရမ်းခအနေဖြင့် မြေဆီလွှာများပေးလိုက်ရသည်။ ဒီရွာသည် မြောက်ဘက်ခြမ်းဖြစ်ပြီး ဆောင်းရာသီတွင် အလွန်အေးလွန်းလှသည်။ ဆောင်းရာသီတွင် ကောက်ရိတ်သိမ်းပြီးနောက် အခြေခံအားဖြင့် လယ်သမားများသည် အလုပ်မလုပ်ကြပေ။ ရွှီချောင်သည် ယခုရက်ပိုင်းအနည်းငယ်တွင် မြောင်မြောင်အား ချော့မြှူခြင်း၊ အဝတ်အထည်များ လျှော်ခြင်း၊ ချက်ပြုတ်ခြင်းတို့ဖြင့် အေးအေးဆေးဆေးနေလျက်ရှိနေသည်။
ရွှီအိမ်မှာနေတုန်းကထက် ပို၍သာယာလေသည်။ ရှန်ညီအစ်မတို့သည် နေကောင်း‌လျှင် ခြံဝင်းထဲတွင် စကားစမြည်ပြောရင်း ချည်ထိုးပန်းထိုးများ ပြုလုပ်ကြသည်။
 
ရွှီချောင်သည် နောက်ဆုံးအကြိမ်တုန်းက ဝယ်လာခဲ့သော အထည်စကို မိသားစုတစ်စုချင်းစီအလိုက် တိုင်းတာပြီး ဖြတ်ကာ မိသားစုတစ်စုချင်းစီကို ဝေငှပေးလိုက်သည်။
 
နျိုသည် အထည်စများပေးသည့်အချိန်တွင် တစ်ချက်ကြည့်၍ ဘာတစ်ခွန်းမှ မပြောသော်လည်း တတိယမြောက်ညီဖြစ်သူ ယန်တာ့ထုန်သည် အထည်စကိုယူပြီး ရွှီချောင်အား ကျေးဇူးတင်စကားပြောသည်။ တစ်နာရီကြာပြီးနောက် ချန်သည် အိမ်ပြင်သို့ ထွက်သွားသည်။ ယန်မိသားစုရှိ အမျိုးသားအများစုသည် အလုပ်ရှာဖို့ရန် မြို့ထဲသို့ သွားခဲ့ပြီး ထိုအတောအတွင်း သူတို့လုပ်ခဲ့သော အလုပ်များ၏ဝင်ငွေကို ပေါင်းလိုက်သည့်အခါ မိသားစုအသုံးစရိတ်ရကြသည်။ နျိုနှင့် ရှောင်ရှန်းသည် အိမ်တွင်မရှိနေပေမဲ့လည်း ရွှီချောင်နှင့် ရှန်သည် အိမ်တွင်ရှိနေကြသည်။
 
သူတို့ ၂ ယောက်သည် ခြံဝင်းထဲတွင်ထိုင်ကာ ချည်ထိုးပန်းထိုးများ ရက်လုပ်နေကြသည်။ အရင်ဘဝ၌ ရွှီချောင်သည် ကြယ်သီးများ မကြာခဏပျောက်သောကြောင့် ကြယ်သီးတစ်ခုထဲကိုသာ တပ်နိုင်လေသည်။ ယခုမူ သူမသည် အသက် (၁၄) နှစ်သာ ရှိသေးသော်လည်း ချည်ထိုးပန်းထိုးခြင်းကို ကောင်းစွာ လုပ်ဆောင်နိုင်သည်။ သူမသည် ချုပ်ပုံချုပ်နည်းလှလှလေးများဖြင့် ကောင်းစွာချုပ်တတ်နေပြီဟု သူမတွေးနေမိသည်။
 
"ယောင်းမ‌၊ နောက်နှစ်လနေရင် တရုတ်နှစ်သစ်ကူးနေ့ကို ရောက်လာတော့မယ်။ ရက်အနည်းငယ်အတွင်းမှာ ကျွန်မ တခြားအလုပ်လေး‌‌တွေ ရှာပြီးလုပ်ချင်လို့ မြို့ထဲကို သွားချင်တယ်။ အပ်ချုပ်တာတွေ၊ ပြင်ဖို့လိုတဲ့အဝတ်အစားတွေကို ပြင်တာတွေ၊ အဝတ်လျှော်တဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မိသားစုအသုံးစရိတ်အတွက် ရှာမယ်။ တစ်နှစ်လောက်နေရင် ကျွန်မပြန်ပြီး အလုပ်များနေဦးမှာလေ။ ကျွန်မတို့ အတူသွားရှာကြည့်ရင် မကောင်းဘူးလား?" ဟု ရှန်ကပြောသည်။ ရှန်ရဲ့ကြိုးစားမှုမှာ နှောင့်နှေးခြင်းမရှိပေ။
 
"ဖူကွေ့ပြန်လာတဲ့အခါကျရင် သူ့ရဲ့အမြင်နဲ့ အစီအစဉ်ကို မေးကြည့်လိုက်မယ်" ဟု ရွှီချောင်  ပြောလိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ရာ ကောင်းကင်သည် မဲမှောင်နေသဖြင့် မိုးရွာမည်ကို စိုးရိမ်ကာ ဖူကွေ့အတွက် အနည်းငယ် စိတ်ပူနေသည်။
 
ရှန်သည် ရွှီချောင်ကြည့်နေသော ကောင်း‌ကင်ကို လိုက်ကြည့်ပြီး အပြုံးလေးဖြင့် ပြောလေသည်။ "မကြာခင်မိုးရွာတော့မယ်၊ ယောင်းမက အကိုကြီးအတွက် စိုးရိမ်နေတာလား? ၊ တော်သေးတယ် ကျွန်မတို့က ကောက်ရိတ်သိမ်းပြီးသွားပြီ၊ ပြီးတော့ စပါးတွေကိုလည်း အခြောက်ခံပြီးသွားလို့ မဟုတ်ရင် အလုပ်များနေတော့မှာ"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ