Chapter 51

2.9K 258 1
                                    

အပိုင်း (၅၁)

ဖြူဖျော့ဖျော့မျက်နှာနှင့် ကောင်မလေးတစ်ယောက် သူ(မ)မောင်လေး အဝတ်အစားအိတ်အား ရွှီချောင်ထံ ပြန်ပေးလိုက်သည်ကို မြင်ကာမှပင် သူ(မ)မျက်နှာက အနည်းငယ် ကြည့်ကောင်းသွားတော့သည်။ သူ(မ)က ခါးကိုင်းကာ တောင်းပန်တိုးလျှိုးစွာဖြင့်

"ကျဲကျယ် ညီမလေး အနူးအညွတ်တောင်းပန်ပါတယ်၊ ဒါက ညီမလေးရဲ့မောင်လေးပါ၊ သူ...သူ မရည်ရွယ်ပါဘူး၊ ကျဲကျယ်...အဟွတ်...."

ကောင်မလေးမှာ စကားပင်မဆုံးသေးခင် ချောင်းဆိုးနေလေ၏။

သူ(မ)ချောင်းဆိုးနေသည်ကို မြင်ပြီး သူခိုးပေါက်စလေးမှာ အလန့်တကြားဖြင့် ဖြူဖျော့သွားတော့သည်။ သူက ရွှီချောင်ကို ဖြတ်ပြေးသွားပြီး ကောင်မလေးကို ကူညီပေးကာ အထိတ်တလန့်ဖြင့်

"မမ အဆင်ပြေရဲ့လား? မမ ကျွန်တော်မှားပါပြီ ကျွန်တော်မှားမှန်း သိပါပြီ၊ ကျွန်တော် နောက်တစ်ခါ လုံးဝထပ်မလုပ်တော့ပါဘူး"

သူခိုးလေးက ပြောပြီး ရုတ်တရက် ရွှီချောင်ကို လှည့်ကြည့်ကာ သူ့မျက်နှာတစ်ခုလုံးက နီရဲနေပြီး အနည်းငယ် ကြောက်လန့်နေသည့် ပုံပင်။ ရွှီချောင်မှာ ကြောင်အမ်းသွားပြီး အဝတ်စားအိတ်ကို ကိုင်ရင်းဖြင့်လည်း မသိစိတ်အရ အလိုလို နောက်ဆုတ်သွားမိ၏။

သူခိုးလေးက ရွှီချောင်ကို ကြည့်ပြီး သူ့နှုတ်ခမ်းများက တုန်ယင်နေသော်လည်း ရွှီချောင်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး အက်ရှစွာဖြင့်

"ကျဲကျယ် ဒါတွေအကုန်လုံးက ကျွန်တော့်အပြစ်ပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ တကယ်တော့ ကျွန်တော့ မမ အရမ်းနေမကောင်းဖြစ်နေတာမလို့ ကျဲကျယ်ရဲ့ပစ္စည်းတွေကို လုယူမိတာပါ၊ ကျွန်တော့်ရဲ့အမှားကို နောက်တစ်ခါဆိုတာ မရှိစေရတော့ပါဘူး၊ ကျွန်တော့်ကိုတော့ ကျေးဇူးပြုပြီး အရာရှိတွေလက်ထဲတော့ မပို့လိုက်ပါနဲ့ ကျွန်တော့်မမကို အပြစ်မတင်ပါနဲ့ နော်?"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now