Chapter 42

3K 238 0
                                    

အခန်း ( ၄၂ )

ရွှီချောင်၊ အာ့ယာနှင့် စန်းယာတို့က ဒါကို မြင်လျှင် ခေါင်းငုံ့ကာ ရယ်နေကြသည်။ လူအိုကြီး ရွှီ၏ နှုတ်ခမ်းစွန်း နှစ်ဖက် မြင့်တက်နေသည်ကိုလည်း မြင်နေရသည်။ သိသိသာသာပင် သူသည် အဒေါ်ချန်းကို သဘောမကျပေ။

လီက မျက်နှာနီနေသည့် ချန်းကို တစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ "အိုး၊ ယောက်မကတော့ တကယ်ကို ရှက်အောင် လုပ်နေပြန်ပါပြီ၊ ကျွန်မတို့က ဆင်းရဲပါတယ်၊ ဒီ အသားတွေကလည်း ဖူကွေ့ အမဲလိုက်လို့ ရလာတာတွေပါ၊ ကလေးတွေက လောဘကြီးတယ်လေ၊ ကျွန်မတို့ လူကြီးတွေက ကလေးတွေနဲ့ အပြိုင် အစားအသောက်တွေကို လုရင် ရှက်စရာပဲမလား၊ အမ ဗိုက်ဆာသေးလား၊ ကျွန်မ ထမင်း တစ်ပန်းကန် ယူပေးရဦးမလား"

ချန်းက မကျေနပ်ပေ။ ကြက်သွန်မြိတ်ကြော်နှင့် အေးနေပြီ ဖြစ်သည့် အရွက်ရိုင်းကြော်တို့ကို ကြည့်ကာ နှာမှုတ်၍ "ဟင့်အင်း၊ ငါ ဒီကို လာတာ မင်းတို့နဲ့ တိုင်ပင်စရာ ရှိလို့ပါ"

"ဘာများလဲ၊ ယောက်မ ပြောပါ" အမေလီက သူမကို ယဉ်ကျေးမနေပေ။ သူက ထိုင်ရင်း စကားပြောနေကာ သူ့ထမင်းသူ ဆက်စားနေသည်။

ချန်းက ရွှီချောင်ကို အကြိိမ် အနည်းငယ် ကြည့်၍ လီနှင့် အဖေရွှီကို ပြောလိုက်သည်။ "မင်းတို့က ကံကောင်းပါတယ်၊ တာ့ယာက အရည်အချင်း ရှိတဲ့ သူနဲ့ လက်ထပ်လိုက်တယ်၊ ပြီးတော့ သူတို့က လက်ထပ်ပြီး တစ်နှစ် မပြည့်ခင်မှာပဲ အိမ်ကြီးကြီး ဆောက်နိုင်ခဲ့တယ်၊ ဖူကွေ့က မင်းတို့ပေါ်လည်း ကောင်းပေးတယ်၊ ဒါက ငါ့ကို မနာလိုအားကျ စေတယ်၊ ငါနဲ့ မင်းတို့ အကိုကြီးကတော့ သနားစရာပါ၊ ငါတို့မှာ ဒါမျိုး‌ ကောင်းချီးတွေလည်း မရှိပါဘူး......"

ချန်းက ဆက်ပြောနေခဲ့ပြီး အမေလီက စိတ်မရှည် ဖြစ်နှင့်နေလေပြီ။ "ယောက်မ၊ ဘာပြောချင်တာလဲ၊ ပြောချင်တာကို ဒဲ့ပြော၊ ဝေ့ဝိုက်မနေပါနဲ့၊ ပြီးတော့ အဲ့ဒါတွေက ဖူကွေ့နဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေလေ၊ အမပြောချင်တာ ဘာလဲ"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now