Chapter 27

3.1K 270 1
                                    

အခန်း (၂၇ )

ယန်ရှောင်ထုန်က အံကိုကြိတ်၍ ရွှီချောင်တို့ အခန်းတံခါးကို ခေါက်လိုက်သည်။ သူက တံခါးဝတွင် ရပ်ရင်း အထဲဝင်ရန် အလွန်ရှက်နေခဲ့သည်။

ရွှီချောင်က သူမရဲ့ နှလုံးသားထဲတွင် နျိုကို အလေးမထားချင်ပေမဲ့လည်း ရှောင်ထုန်က ဖူကွေ့၏ ညီငယ်လေး ဖြစ်လေသည်။ ဖူကွေ့ရဲ့ ညီ၊ ညီမတို့ကလည်း လူကောင်းတွေ ဖြစ်သည်။ ရွှီချောင်မှာ သူတို့ကို မပေးဘူး ဟူ၍ မငြင်းဆန်နိုင်ပေ။

သူ့ဇနီးရဲ့ နောက်နားဆီမှ အော့အန်နေသံကို ကြားတော့ ယန်ရှောင်ထုန်က ပြောလိုက်သည်။ "မရီး... မေ့ကျီက မရီးလုပ်ထားတဲ့ အူချောင်းကို စားချင်နေတယ်၊ သူက အော့အန်ပြီး ဘာမှမစားနိုင်ဘူး၊ မရီးလုပ်ထားတဲ့ အူချောင်းနဲ့ဆို သူက ထမင်းလည်း စားနိုင်တယ်၊ အစ်မ ..ကျွန်တော် အူချောင်းတချို့ ဝယ်ချင်ပါတယ်ဗျာ"

ရွှီချောင်က သူ့ထံမှ ပိုက်ဆံတောင်းရန် ရှက်ရွံ့နေခဲ့ပြီး မီးဖိုခန်းဆီ သွား၍ အူချောင်း တစ်ဝက်ကို ယူလာ၍ ရှောင်ထုန့်လက်ထဲ ထည့်ပေးလိုက်ပြီး ပြုံးကာ ပြောလေသည်။ "တတိယယောက်မ စားဖို့ ယူသွားလိုက်ပါ"

ရှောင်ထုန်က အမြန်ပင် ပဲနိ ရာဂဏန်းလောက် ထုတ်၍ ရွှီချောင်ထံ ပေးလေသည်။ "မရီး.. ဒါတွေက ဈေးကြီးပါတယ်၊ ကျွန်တော် မရီးဆီက ဝယ်ပါ့မယ်၊ ကျွန်တော်တို့က မိသားစုလည်း ခွဲပြီးပြီလေ၊ အမေကလည်း မရီးတို့ကို ဘာမှ မပေးဘူးလေ၊ အခု အကိုနဲ့ မရီးက အကုန်လုံးကို ဝယ်နေရတာမို့ ဒီငွေကို လက်ခံပေးပါ"

အူချောင်း နှစ်ချောင်းတည်းမို့ ငွေ ရာဂဏန်းလောက် လက်ခံရမည်ကို ရှက်ရွံ့နေပြီး အမြန်ပင် ငြင်းဆန်လိုက်သည်။ "တတိယမောင်လေး၊ ဒါက အူချောင်း နှစ်ချောင်းတည်းပါ၊ ဘာလို့ ငွေပေးနေစရာ လိုမှာလဲ"  ဒါသည် ထမင်း တစ်နပ်စာလောက်ပင် ဈေးမကြီးပေ။ သို့ပေမဲ့ အနည်းငယ်တော့ အားစိုက်ထုတ် ခဲ့ရသည်။

ယန်ရှောင်ထုန်၏ ဇနီးသည် အတိတ်တွင် ပုံမှန်ထက် လွန်ကဲသည့် ကိစ္စတို့ကို လုပ်ခဲ့ပြီး ယခု အချိန်တွင်လည်း မရီးလုပ်ထားသည့် အူချောင်းတို့ကို စားချင် နေသေးသည်ဖြစ်ရာ သူက ဘာမှပြန်မပေးပဲ ယူရမည်ကို ရှက်ရွံ့နေခဲ့ပြီး သူတို့ နှစ်ဦးသားမှာ အချိန် အတော်ကြာအောင် တွန်းထိုး နေခဲ့ကြသည်မှာ ရှန် ဝင်ပြောရသည် အထိပင်။ "ယောက်မရေ... တတိယမောင်လေးကို ရှက်မနေပါနဲ့တော့၊ လက်ခံလိုက်ပါ"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now